ပိုက်ဆံ ဘယ်လိုစုပါ့မယ် ဗျူဟာလိုပါတယ်
ပိုက်ဆံစုတယ်ဆိုတာ ရည်မှန်းချက်တစ်ခုထားပြီး ရေရှည်တည်ဆောက်ထားသင့်တဲ့ အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ ငွေကြေးအောင်မြင်မှုမှာ ပိုက်ဆံဘယ်လောက်ဝင်တယ်ဆိုတာထက် ဘယ်လောက်စုနိုင်တယ်ဆိုတာက ပိုအရေးကြီးပါတယ်။ လူတွေက မဝင်သေးတဲ့ပိုက်ဆံကို မျှော်ကိုးပြီး အကြွေးယူတတ်ကြတယ်။ ဒါက အဓိက မှားယွင်းနေတဲ့အချက်ပဲ။ ကျွန်တော်တို့တွေ ပိုက်ဆံစုနေတဲ့အချိန်မှာ ဘယ်လိုဗျူဟာတွေ သုံးရမလဲဆိုတာ အချက်ကျကျတင်ပြချင်ပါတယ်။
၁။ သုံးပြီးမှ မစုလေနဲ့။
လစာထုတ်တာနဲ့ လိုချင်တဲ့ပစ္စည်းတွေကို ဝယ်ပြီးမှ ပိုက်ဆံစုတတ်ကြတယ်။ တကယ်တမ်းတော့ လစဉ်စုဆောင်းမယ့် ပိုက်ဆံပမာဏကို သတ်မှတ်စုဆောင်းပြီးမှသာ လိုအပ်တဲ့အရာတွေကို ဝယ်သင့်ပါတယ်။ လစာထုတ်တာနဲ့ ပထမဆုံးလုပ်ရမှာက စုဆောင်းမယ့်ပိုက်ဆံကို သီးသန့်ချန်ထားသင့်ပါတယ်။
၂။ တံဆိပ်စွဲ မထားလေနဲ့။
ဆယ်သိန်းလောက်ရှိတဲ့ iPhone ဝယ်မယ့်အစား အတန်အသင့်သုံးလို့ကောင်းတဲ့ နှစ်သိန်းတန်စမတ်ဖုန်းတစ်လုံးကို ဝယ်ပြီး ကျန်တဲ့ရှစ်သိန်းကို စုဆောင်းလိုက်တာက ပိုအဓိပ္ပာယ်ရှိပါတယ်။ နာမည်ကြီးတံဆိပ်ရဲ့နောက်မှာ လိုက်နေတာထက် အရည်အသွေးကောင်းတဲ့ပစ္စည်းကို သုံးသင့်တဲ့သဘောပါ။ ဆိုင်ထိုင်မယ်ဆိုရင် နာမည်ကြီးဆိုင်မှာထိုင်တာထက် အစားအသောက်ကောင်းတဲ့ဆိုင်မှာ ထိုင်တာက ပိုအရသာရှိသလို ငွေကုန်လည်း သက်သာစေပါတယ်။
၃။ အသေးအဖွဲလေးတွေကို ဂရုစိုက်ပါ။
အအေးဘူးဝယ်သောက်လိုက်လို့ ငါးရာပဲကုန်တာ တစ်ခါတလေမှာ ဘာမှမဖြစ်ပေမယ့် ကြိမ်ဖန်များလာရင် “ဆိတ်ဖန်များ အနာဖြစ်” တတ်ပါတယ်။ ဥပမာ – စတိုးဆိုင်တွေက ပေးလိုက်တဲ့ ကြွတ်ကြွတ်အိတ်တွေကို လွှင့်မပစ်ဘဲနဲ့ အမှိုက်ထည့်တဲ့အိတ်လုပ်မယ်ဆိုရင် အမှိုက်အိတ်ကုန်ငွေ သက်သာတဲ့သဘောပါ။
၄။ နှစ်ပတ်စောင့်တဲ့ ဗျူဟာသုံးကြည့်ပါ။
ပစ္စည်းတစ်ခု ဝယ်ချင်တယ်ဆိုရင် ချက်ချင်း မဝယ်သေးပါနဲ့ဦး။ နှစ်ပတ်လောက် စောင့်လိုက်ပါ။ နှစ်ပတ်လောက်ကြာတော့မှ ကိုယ်ကလည်း တကယ်လိုချင်တယ်နေတယ်၊ ပစ္စည်းကလည်း လိုအပ်နေတယ်ဆိုတော့မှ ဝယ်လိုက်ပါ။ စောင့်နေတဲ့အတောအတွင်းမှာ တခြားလူဝယ်လို့ ကုန်သွားမှာစိတ်မပူပါနဲ့။ ပိုကောင်းပိုလှတဲ့ ပစ္စည်းတွေ ဆိုင်မှာရောက်နေပါပြီ။
၅။ အင်တာနက် လျော့သုံးပါ။
ကိုယ့်အလုပ်ဟာ အင်တာနက်နဲ့မသက်ဆိုင်ဘူးဆိုရင် တစ်နေ့မှာ တစ်နာရီထက် ပိုမသုံးပါနဲ့။ အင်တာနက်ကို ရိုးရိုးသုံးတာထက်စာရင်ပညာဗဟုသုတရစေနိုင်မှာမျိုးတွေကိုအဓိကထားရှာဖတ်ပါ။
၆။ လိုအပ်တာလား လိုချင်တာလား။
လူတွေဟာ ကိုယ့်အတွက် တကယ်မလိုအပ်တဲ့ပစ္စည်းတွေကိုမှ လိုချင်နေမိတတ်တယ်။ “မလိုအပ်တဲ့အရာတွေကို ဝယ်မိရင် လိုအပ်တာတွေ ထုတ်ရောင်းရမယ်” ဆိုတဲ့ ဝါရင့်ဘန့်ဖတ်ရဲ့စကားအတိုင်းပဲ ဆန္ဒနောက် မလိုက်မိပါစေနဲ့။
နောက်ဆုံးအရေးကြီးတာက ပိုက်ဆံစုတဲ့အခါမှာ ရည်မှန်းချက်ထားပြီး စုတတ်ဖို့ပဲ။ ရည်မှန်းချက်ထားပြီး ပိုက်ဆံစုတာက ပိုအဓိပ္ပာယ်ရှိသလို ပန်းတိုင်သတ်မှတ်ပြီး လျှောက်လှမ်းတဲ့ဘဝဟာ အနှစ်သာရပြည့်ဝနေတာပေါ့။ ကဲ . . သူငယ်ချင်းတွေ သိရအောင်လည်း ဝေငှပေးလိုက်ဦးနော်။
Credit
Zawgyi
ပိုက္ဆံ ဘယ္လိုစုပါ့မယ္ ဗ်ဴဟာလိုပါတယ္
ပိုက္ဆံစုတယ္ဆိုတာ ရည္မွန္းခ်က္တစ္ခုထားၿပီး ေရရွည္တည္ေဆာက္ထားသင့္တဲ့ အေလ့အက်င့္တစ္ခုျဖစ္ပါတယ္။ ေငြေၾကးေအာင္ျမင္မႈမွာ ပိုက္ဆံဘယ္ေလာက္ဝင္တယ္ဆိုတာထက္ ဘယ္ေလာက္စုႏိုင္တယ္ဆိုတာက ပိုအေရးႀကီးပါတယ္။ လူေတြက မဝင္ေသးတဲ့ပိုက္ဆံကို ေမွ်ာ္ကိုးၿပီး အေႂကြးယူတတ္ၾကတယ္။ ဒါက အဓိက မွားယြင္းေနတဲ့အခ်က္ပဲ။ ကြၽန္ေတာ္တို႔ေတြ ပိုက္ဆံစုေနတဲ့အခ်ိန္မွာ ဘယ္လိုဗ်ဴဟာေတြ သုံးရမလဲဆိုတာ အခ်က္က်က်တင္ျပခ်င္ပါတယ္။
၁။ သုံးၿပီးမွ မစုေလနဲ႔။
လစာထုတ္တာနဲ႔ လိုခ်င္တဲ့ပစၥည္းေတြကို ဝယ္ၿပီးမွ ပိုက္ဆံစုတတ္ၾကတယ္။ တကယ္တမ္းေတာ့ လစဥ္စုေဆာင္းမယ့္ ပိုက္ဆံပမာဏကို သတ္မွတ္စုေဆာင္းၿပီးမွသာ လိုအပ္တဲ့အရာေတြကို ဝယ္သင့္ပါတယ္။ လစာထုတ္တာနဲ႔ ပထမဆုံးလုပ္ရမွာက စုေဆာင္းမယ့္ပိုက္ဆံကို သီးသန္႔ခ်န္ထားသင့္ပါတယ္။
၂။ တံဆိပ္စြဲ မထားေလနဲ႔။
ဆယ္သိန္းေလာက္ရွိတဲ့ iPhone ဝယ္မယ့္အစား အတန္အသင့္သုံးလို႔ေကာင္းတဲ့ ႏွစ္သိန္းတန္စမတ္ဖုန္းတစ္လုံးကို ဝယ္ၿပီး က်န္တဲ့ရွစ္သိန္းကို စုေဆာင္းလိုက္တာက ပိုအဓိပၸာယ္ရွိပါတယ္။ နာမည္ႀကီးတံဆိပ္ရဲ႕ေနာက္မွာ လိုက္ေနတာထက္ အရည္အေသြးေကာင္းတဲ့ပစၥည္းကို သုံးသင့္တဲ့သေဘာပါ။ ဆိုင္ထိုင္မယ္ဆိုရင္ နာမည္ႀကီးဆိုင္မွာထိုင္တာထက္ အစားအေသာက္ေကာင္းတဲ့ဆိုင္မွာ ထိုင္တာက ပိုအရသာရွိသလို ေငြကုန္လည္း သက္သာေစပါတယ္။
၃။ အေသးအဖြဲေလးေတြကို ဂ႐ုစိုက္ပါ။
အေအးဘူးဝယ္ေသာက္လိုက္လို႔ ငါးရာပဲကုန္တာ တစ္ခါတေလမွာ ဘာမွမျဖစ္ေပမယ့္ ႀကိမ္ဖန္မ်ားလာရင္ “ဆိတ္ဖန္မ်ား အနာျဖစ္” တတ္ပါတယ္။ ဥပမာ – စတိုးဆိုင္ေတြက ေပးလိုက္တဲ့ ႂကြတ္ႂကြတ္အိတ္ေတြကို လႊင့္မပစ္ဘဲနဲ႔ အမႈိက္ထည့္တဲ့အိတ္လုပ္မယ္ဆိုရင္ အမႈိက္အိတ္ကုန္ေငြ သက္သာတဲ့သေဘာပါ။
၄။ ႏွစ္ပတ္ေစာင့္တဲ့ ဗ်ဴဟာသုံးၾကည့္ပါ။
ပစၥည္းတစ္ခု ဝယ္ခ်င္တယ္ဆိုရင္ ခ်က္ခ်င္း မဝယ္ေသးပါနဲ႔ဦး။ ႏွစ္ပတ္ေလာက္ ေစာင့္လိုက္ပါ။ ႏွစ္ပတ္ေလာက္ၾကာေတာ့မွ ကိုယ္ကလည္း တကယ္လိုခ်င္တယ္ေနတယ္၊ ပစၥည္းကလည္း လိုအပ္ေနတယ္ဆိုေတာ့မွ ဝယ္လိုက္ပါ။ ေစာင့္ေနတဲ့အေတာအတြင္းမွာ တျခားလူဝယ္လို႔ ကုန္သြားမွာစိတ္မပူပါနဲ႔။ ပိုေကာင္းပိုလွတဲ့ ပစၥည္းေတြ ဆိုင္မွာေရာက္ေနပါၿပီ။
၅။ အင္တာနက္ ေလ်ာ့သုံးပါ။
ကိုယ့္အလုပ္ဟာ အင္တာနက္နဲ႔မသက္ဆိုင္ဘူးဆိုရင္ တစ္ေန႔မွာ တစ္နာရီထက္ ပိုမသုံးပါနဲ႔။ အင္တာနက္ကို ႐ိုး႐ိုးသုံးတာထက္စာရင္ပညာဗဟုသုတရေစႏိုင္မွာမ်ိဳးေတြကိုအဓိကထားရွာဖတ္ပါ။
၆။ လိုအပ္တာလား လိုခ်င္တာလား။
လူေတြဟာ ကိုယ့္အတြက္ တကယ္မလိုအပ္တဲ့ပစၥည္းေတြကိုမွ လိုခ်င္ေနမိတတ္တယ္။ “မလိုအပ္တဲ့အရာေတြကို ဝယ္မိရင္ လိုအပ္တာေတြ ထုတ္ေရာင္းရမယ္” ဆိုတဲ့ ဝါရင့္ဘန္႔ဖတ္ရဲ႕စကားအတိုင္းပဲ ဆႏၵေနာက္ မလိုက္မိပါေစနဲ႔။
ေနာက္ဆုံးအေရးႀကီးတာက ပိုက္ဆံစုတဲ့အခါမွာ ရည္မွန္းခ်က္ထားၿပီး စုတတ္ဖို႔ပဲ။ ရည္မွန္းခ်က္ထားၿပီး ပိုက္ဆံစုတာက ပိုအဓိပၸာယ္ရွိသလို ပန္းတိုင္သတ္မွတ္ၿပီး ေလွ်ာက္လွမ္းတဲ့ဘဝဟာ အႏွစ္သာရျပည့္ဝေနတာေပါ့။ ကဲ . . သူငယ္ခ်င္းေတြ သိရေအာင္လည္း ေဝငွေပးလိုက္ဦးေနာ္။
Credit