တစ်ခေတ်တခါက မြန်မာ့နွားလှည်းများအကြောင်း

အေထြအေထြဗဟုသုတ

တစ်ခေတ်တခါက မြန်မာ့နွားလှည်းများအကြောင်း

တစ်ခေတ်တခါက နွားလှည်းသည် လယ်ယာလုပ်ငန်း၊ ကူးသန်း ရောင်း ဝယ်ရေးလုပ်ငန်း၊ အလှူ မင်္ဂလာကိစ္စများတွင် နွားလှည်းသည် အ ရေး အပါဆုံး သယ်ယူပို့ဆောင်ရေးယာဉ် တစ်မျိုး ဖြစ်ခဲ့သည်။တဖုဿ နှင့်ဘလ္လိက ကုန်သည်ညီနောင်တို့ သည် နွားလှည်းဖြင့် အိန္ဒိယသို့ကုန်ကူးသွား ခဲ့သည် ဟူ သော သမိုင်းအရ နွားလှည်းကို လွန်ခဲ့သော နှစ်ပေါင်း (၂၅၀၀) ကျော်ခန့်က မြန်မာနိုင်ငံတွင်စ တင် အသုံးပြုနေပြီဟု မှတ်ယူရပါမည်။လှည်းအမျိုးအစားများ ( ၈ ) မျိုးရှိသည်။ ၄င်းတို့မှာ၁ လှည်းယဉ်ခြောက်စထောင်၊ပွတ်လုံးရံတိုင်ကဲ့သို့လှည်းအိမ်ကို အလှအပ ပြင်ဆင် မွမ်းမံထားသည့် အလှစီး လှည်းမျိုးဖြစ်သည်။

 

ခြောက်စထောင်လှည်း ဆိုသည် မှာလှည်းဆောင်ပန်းပုခက်သည် လေးစ ထောင်နေကာ စွယ်ရန်းဘယ်ညာနှစ်စတို့ပေါင်းလိုက်သော် ခြောက်စဖြစ်သဖြင့် ခြောက်စထောင် ဟုခေါ်သည်။လှည်းယာဉ်တွင် အသုံးပြုသော ကပ်အိမ်မတူသဖြင့် အမျိုးစား ( ၃ ) မျိုးထပ် ခွဲသည်။ ၄င်းတို့မှာ-(က) ဆင်စွယ်ညွတ်(ခ ) ဇင်ယော်တောင်(ဂ ) မွန်းတည့်ကောက် စ သည်တို့ဖြစ်သည်။

၂။ ခြံအိမ်လှည်းလှည်းကြမ်းဖြစ်ပြီးစပါး၊ နှမ်း၊ ပြောင်း၊ ထင်းစသည့် ကုန်တင်လှည်း ဖြစ်သည်။

၃။ ပေါင်းမိုးလှည်းပေါင်း မိုးလှည်းသည် တစ်ရွာတစ်ကျေးသို့ပွဲသွားရာတွင်လည်းကောင်း ကုန်ရောင်းကုန် ဝယ်သွား ရာတွင်လည်းကောင်း နေမိုးကာကွယ်ရန် အမိုးတပ်ထားသည့်လှည်းဖြစ်သည်။ အထူးသဖြင့် မိုး ရာသီတွင် ပိုမို တွေ့ရသည်။

၄။ လှည်းမြီးတိုလှည်းအိမ်မပါဘဲ ၎င်းအစား တိုင်ငုတ်များ စိုက်ထူထား၍ သစ်တုံး၊ ကျောက်တုံး၊ ဝါးစည်းများ တင်ဆောင်ရာတွင် သုံးသည့်လှည်း ဖြစ်သည်။

၅။ ရေစည်လှည်းလှည်းအိမ်နေရာ၌ ရေ စည်လုံးကြီးတင်နိုင်ရန်သစ်သားဘောင် ခတ်လျက် ရေသယ်ရာတွင်သုံး သောလှည်းဖြစ်သည်။

 

၆။ ဘုံလျှိုလှည်းလှည်းအိမ်ကို အမြင့်ပြုလုပ်ထားပြီး အတွင်းဖက်၌ အံဖုံးထားရှိသော လှည်းဖြစ်သည်။ အံဖုံးအ တွင်း ခရီးဆောင်ပစ္စည်းများ ၊ ငှက်ပျောသီး၊ အုန်းသီးပစ္စည်းများထည့်ယူရန် ဖြစ်သည်။ သူကြွယ် များ၊ ဘုန်းကြီးများ အသုံးပြုသော လှည်းမျိုးဖြစ်သည်။

၇။ မယားကန်လှည်းလှည်းအိမ်ကို ရှေ့နှိမ့်နောက်မြင့်စီစဉ်ထားကာ လင်နှင့်မယား ခရီးသွားသော် နောက်ကလိုက် သူမယားက ရှေ့ကလှည်းမောင်းသူ လင်ကို ခြေဖြင့်ကန်ထားသလိုဖြစ်အောင် ဖန်တီးထားသော ကြောင့် မယားကန်လှည်းဟုခေါ်သည်။

၈။ ဘီရိုလှည်း-ဘီရိုလှည်းသည် ပါတော်မူနေ့က သီပေါမင်း နှင့်စုဖုရားလတ်တို့ကို ခေါ်ဆောင်သွားခဲ့ဖူးသည်။လှည်းဘီး၊ နွားအခြေနေနှင့် လှည်းကပ်အိမ်အမျိုးအစားများ-၁။ ဘီးစပ်လှည်း( စပ်ဘီးလှည်း )(၄) လက်မပျဉ်ပြားချပ်ကို အတွင်းသားအဖြစ် အသုံးပြုကာ ပျဉ်ပြား၏ ဗဟိုတွင် ဘတောင်း ပေါက်ဖောက်ထွင်းရသည်။ဗဟိုပျဉ်ပြားချပ် နှင့်(၂) လက်မခွဲရှိ ပျဉ်ချပ်နှစ်ချပ်ကို အဝိုင်းပြု လုပ်ကာ ဗဟိုပျဉ်ပြား ချပ်အား တဖက်တစ်ချက်မှ နှုတ်ခမ်းတေ့ပေးသဖြင့် ဘီးအဝိုင်းကို ရရှိ စေသည်။ ယင်းကို ဘီးစပ်ဟုခေါ်သည်။၂။ ဒိုင်းလှည်း/ရွတ်လှည်း/ဂုတ်လှည်းဆိုသည်မှာ ဒိုင်းကန်ခြင်း၊ ဂုတ်စီးခြင်း၊ ရွတ်တိုက်ခြင်းကို အမှီပြုခေါ် သည်။- ဒိုင်းကန်ခြင်းဆို သည် မှာ နွား (၂) ကောင်မှ တစ်ကောင်က တစ်စုံတစ်ခု ဖြစ်ခဲ့လျှင် လှည်းသမားက ဒိုင်းကန် ရသည်။

ဝန်ရိုးအောက်ဝါးလုံးလျှို၍ လှည်းသန်ပေါ်တွင်ကျော်ကာ လစ်လပ် နေသောနွားနေရာ တွင်ထမ်းပိုးနှင့် ချုပ်နှောင်တုတ်ရသည်။ဂုတ်နွားမှာ နွားတစ်ကောင်တည်းကို သာအသုံးပြုမောင်းနှင်နိုင်ရန် ပြုလုပ်ခြင်းဖြစ်သည်။ရွတ် လှည်းဆိုသည်မှာ နွားနင်းဖက်မှဝင်ရိုးတွင် ကြိုးကို ချည် နှောင်ကာ နွားပြေးဖက်ရှိ ထမ်းပိုးတွင် ထိုရွတ်တိုက်ထားသော ကြိုးစကို တစ်ဖန်ချည် နှောင်မောင်း နှင်ရသည်။ ရွတ်တိုက်ပုံမှာနွား လှည်းပြိုင်ပွဲ များတွင် အထူးပြုလုပ်ထားသော လှည်းဖြစ်သည်။

လှည်းပြိုင်ပွဲများနှင့်ပတ်သက်၍ အနည်းငယ်ပြောလိုသည်မှာ ပြိုင်ပွဲအတွက်လှည်းသည် အပေါ့ ပါးဆုံးလှည်းမျိုးဖြစ်သည်။ ပြိုင်လှည်း နွားပြေး နွားလိုက်နှင့် ဒုန်းလှည်းဟူ၍ရှိရာ ဒုန်းလှည်းပြိုင် ပွဲသည် အထူးစိတ် ဝင်စားဖွယ်ကောင်းသည်။ အချို့နွားလှည်းတို့သည် တစ်နာရီ ကီလိုမီတာ (၅၀) ခန့်အထိ ပြေးနိုင်သည်။လှည်းစက္ကူ ၊ လူသိကြား ဆိုသည့် ဆောင်ပုဒ်ကို လှည်းသမားတို့ လက်ကိုင် ထားသည်။ လှည်း သည် စက္ကူကဲ့သို့ ပေါ့ပါးနေပါစေ၊ လှည်းသမား လည်း သိကြားမင်းကဲ့ သို့ ကျွမ်းကျင် နေပါစေ ဂရုစိုက်စရာမလို ဟူသော ပြိုင်ပွဲဝင်စိတ်ဓါတ် ကိုနှိုးကြား ပေးသည့် ဆောင်ပုဒ်ဖြစ်သည်။

နွားလှည်းပြုလုပ်ရာတွင် စည်း စနစ်ရှိသည်။ လှည်းတံ၊ ထမ်းပိုးတုံး၊ ဝင်ရိုးတို့၏ အတိုင်းအရှည် ပမာဏကို လှည်းဆရာများက ဂရုစိုက် ကြရသည်။စနစ်ကျမှ လှည်းကောင်းတစ်စီး ဖြစ်လာ မည့်အပြင် ကြည့်ကောင်းခြင်း၊ ကြာရှည်ခံခြင်း၊ တိရိစ္ဆာန်များ သက်တောင့် သက်သာရှိစေခြင်း၊ အချိုးပြေခြင်းတို့ဖြင့် ဝန်တင်ခံနိူင်သော လှည်းကောင်းတစ်စီး ဖြစ်နိူင်မည်။လှည်းတွင် လှည်းဘီးသည် အရေးကြီးသဖြင့် လှည်းဘီးအစိတ်အပိုင်းတွင် ပါဝင်သော လှည်းပုံ တောင်း၊ နန်းရင်းခွေ၊ နန်းဖျားခွေ၊ ဘီးဖိနှပ်၊ စသည့် ပန်းပဲပိုင်းအပြင် တကူ၊ ဘီးဒေါက်တို့ အတွက် လှည်းထောက်ဖို များတွင် လိုအပ်လျှင် လိုအပ်သလို သွားရောက်ပြုပြင်ရသည်။

ယနေ့ခေတ်အခါတွင် လှည်းအရေတွက်သည် တဖြည်းဖြည်း ရော့နည်း လာသော် လည်း ကျေးလက်တောရွာများတွင်ကား အရေးပါနေဆဲပင် ဖြစ်သည်။လှည်းယာဉ်ပေါ်တွင် ပုသိမ်ထီး ဆောင်း ကာ ခရီးသွားကြသော မြန် မာအမျိုးသမီးတို့အလှသည် အတော်ပင် ကျက်သရေရှိလှသည်။ကိုလိုနီခေတ်အပြီးတွင် ဤကဲ့သို့သော အလှတရား များသည် တစ်စတစ်စ ပျောက်ကွယ် သွားခဲ့ လေပြီ။ ယနေ့ခေတ်လှည်းယာဉ်သည် ပြတိုက်တွင် သာရှိပါတော့သည်။(ရှေးဟောင်းစပ်ဘီးလှည်း၊ ဘီရိုလှည်းအစစ်) တို့ကို မန္တလေးမြို့ ယဉ်ကျေးမှုပြ တိုက်နှင့်စာ ကြည့်တိုက်(မန္တလေး) Cultural Museum and Library (Mandalay) (၂၄) လမ်း၊ လမ်း (၈၀) ထောင့်တွင် ပြသထားသည်ကို သွားရောက်လေ့ လာနိုင်ပါသည်။

မူရင်း Credit

zawgyi

တစ္ေခတ္တခါက ျမန္မာ့ႏြားလွည္းမ်ားအေၾကာင္း

တစ္ေခတ္တခါက ႏြားလွည္းသည္ လယ္ယာလုပ္ငန္း၊ ကူးသန္း ေရာင္း ဝယ္ေရးလုပ္ငန္း၊ အလႉ မဂၤလာကိစၥမ်ားတြင္ ႏြားလွည္းသည္ အ ေရး အပါဆုံး သယ္ယူပို႔ေဆာင္ေရးယာဥ္ တစ္မ်ိဳး ျဖစ္ခဲ့သည္။တဖုႆ ႏွင့္ဘလႅိက ကုန္သည္ညီေနာင္တို႔ သည္ ႏြားလွည္းျဖင့္ အိႏၵိယသို႔ကုန္ကူးသြား ခဲ့သည္ ဟူ ေသာ သမိုင္းအရ ႏြားလွည္းကို လြန္ခဲ့ေသာ ႏွစ္ေပါင္း (၂၅၀၀) ေက်ာ္ခန္႔က ျမန္မာႏိုင္ငံတြင္စ တင္ အသုံးျပဳေနၿပီဟု မွတ္ယူရပါမည္။လွည္းအမ်ိဳးအစားမ်ား ( ၈ ) မ်ိဳးရွိသည္။ ၄င္းတို႔မွာ၁ လွည္းယဥ္ေျခာက္စေထာင္၊ပြတ္လုံးရံတိုင္ကဲ့သို႔လွည္းအိမ္ကို အလွအပ ျပင္ဆင္ မြမ္းမံထားသည့္ အလွစီး လွည္းမ်ိဳးျဖစ္သည္။

ေျခာက္စေထာင္လွည္း ဆိုသည္ မွာလွည္းေဆာင္ပန္းပုခက္သည္ ေလးစ ေထာင္ေနကာ စြယ္ရန္းဘယ္ညာႏွစ္စတို႔ေပါင္းလိုက္ေသာ္ ေျခာက္စျဖစ္သျဖင့္ ေျခာက္စေထာင္ ဟုေခၚသည္။လွည္းယာဥ္တြင္ အသုံးျပဳေသာ ကပ္အိမ္မတူသျဖင့္ အမ်ိဳးစား ( ၃ ) မ်ိဳးထပ္ ခြဲသည္။ ၄င္းတို႔မွာ-(က) ဆင္စြယ္ၫြတ္(ခ ) ဇင္ေယာ္ေတာင္(ဂ ) မြန္းတည့္ေကာက္ စ သည္တို႔ျဖစ္သည္။

၂။ ၿခံအိမ္လွည္းလွည္းၾကမ္းျဖစ္ၿပီးစပါး၊ ႏွမ္း၊ ေျပာင္း၊ ထင္းစသည့္ ကုန္တင္လွည္း ျဖစ္သည္။

၃။ ေပါင္းမိုးလွည္းေပါင္း မိုးလွည္းသည္ တစ္႐ြာတစ္ေက်းသို႔ပြဲသြားရာတြင္လည္းေကာင္း ကုန္ေရာင္းကုန္ ဝယ္သြား ရာတြင္လည္းေကာင္း ေနမိုးကာကြယ္ရန္ အမိုးတပ္ထားသည့္လွည္းျဖစ္သည္။ အထူးသျဖင့္ မိုး ရာသီတြင္ ပိုမို ေတြ႕ရသည္။

၄။ လွည္းၿမီးတိုလွည္းအိမ္မပါဘဲ ၎အစား တိုင္ငုတ္မ်ား စိုက္ထူထား၍ သစ္တုံး၊ ေက်ာက္တုံး၊ ဝါးစည္းမ်ား တင္ေဆာင္ရာတြင္ သုံးသည့္လွည္း ျဖစ္သည္။

၅။ ေရစည္လွည္းလွည္းအိမ္ေနရာ၌ ေရ စည္လုံးႀကီးတင္ႏိုင္ရန္သစ္သားေဘာင္ ခတ္လ်က္ ေရသယ္ရာတြင္သုံး ေသာလွည္းျဖစ္သည္။

၆။ ဘုံလွ်ိဳလွည္းလွည္းအိမ္ကို အျမင့္ျပဳလုပ္ထားၿပီး အတြင္းဖက္၌ အံဖုံးထားရွိေသာ လွည္းျဖစ္သည္။ အံဖုံးအ တြင္း ခရီးေဆာင္ပစၥည္းမ်ား ၊ ငွက္ေပ်ာသီး၊ အုန္းသီးပစၥည္းမ်ားထည့္ယူရန္ ျဖစ္သည္။ သူႂကြယ္ မ်ား၊ ဘုန္းႀကီးမ်ား အသုံးျပဳေသာ လွည္းမ်ိဳးျဖစ္သည္။

၇။ မယားကန္လွည္းလွည္းအိမ္ကို ေရွ႕ႏွိမ့္ေနာက္ျမင့္စီစဥ္ထားကာ လင္ႏွင့္မယား ခရီးသြားေသာ္ ေနာက္ကလိုက္ သူမယားက ေရွ႕ကလွည္းေမာင္းသူ လင္ကို ေျချဖင့္ကန္ထားသလိုျဖစ္ေအာင္ ဖန္တီးထားေသာ ေၾကာင့္ မယားကန္လွည္းဟုေခၚသည္။

၈။ ဘီ႐ိုလွည္း-ဘီ႐ိုလွည္းသည္ ပါေတာ္မူေန႔က သီေပါမင္း ႏွင့္စုဖုရားလတ္တို႔ကို ေခၚေဆာင္သြားခဲ့ဖူးသည္။လွည္းဘီး၊ ႏြားအေျခေနႏွင့္ လွည္းကပ္အိမ္အမ်ိဳးအစားမ်ား-၁။ ဘီးစပ္လွည္း( စပ္ဘီးလွည္း )(၄) လက္မပ်ဥ္ျပားခ်ပ္ကို အတြင္းသားအျဖစ္ အသုံးျပဳကာ ပ်ဥ္ျပား၏ ဗဟိုတြင္ ဘေတာင္း ေပါက္ေဖာက္ထြင္းရသည္။ဗဟိုပ်ဥ္ျပားခ်ပ္ ႏွင့္(၂) လက္မခြဲရွိ ပ်ဥ္ခ်ပ္ႏွစ္ခ်ပ္ကို အဝိုင္းျပဳ လုပ္ကာ ဗဟိုပ်ဥ္ျပား ခ်ပ္အား တဖက္တစ္ခ်က္မွ ႏႈတ္ခမ္းေတ့ေပးသျဖင့္ ဘီးအဝိုင္းကို ရရွိ ေစသည္။ ယင္းကို ဘီးစပ္ဟုေခၚသည္။၂။ ဒိုင္းလွည္း/႐ြတ္လွည္း/ဂုတ္လွည္းဆိုသည္မွာ ဒိုင္းကန္ျခင္း၊ ဂုတ္စီးျခင္း၊ ႐ြတ္တိုက္ျခင္းကို အမွီျပဳေခၚ သည္။- ဒိုင္းကန္ျခင္းဆို သည္ မွာ ႏြား (၂) ေကာင္မွ တစ္ေကာင္က တစ္စုံတစ္ခု ျဖစ္ခဲ့လွ်င္ လွည္းသမားက ဒိုင္းကန္ ရသည္။

ဝန္႐ိုးေအာက္ဝါးလုံးလွ်ိဳ၍ လွည္းသန္ေပၚတြင္ေက်ာ္ကာ လစ္လပ္ ေနေသာႏြားေနရာ တြင္ထမ္းပိုးႏွင့္ ခ်ဳပ္ေႏွာင္တုတ္ရသည္။ဂုတ္ႏြားမွာ ႏြားတစ္ေကာင္တည္းကို သာအသုံးျပဳေမာင္းႏွင္ႏိုင္ရန္ ျပဳလုပ္ျခင္းျဖစ္သည္။႐ြတ္ လွည္းဆိုသည္မွာ ႏြားနင္းဖက္မွဝင္႐ိုးတြင္ ႀကိဳးကို ခ်ည္ ေႏွာင္ကာ ႏြားေျပးဖက္ရွိ ထမ္းပိုးတြင္ ထို႐ြတ္တိုက္ထားေသာ ႀကိဳးစကို တစ္ဖန္ခ်ည္ ေႏွာင္ေမာင္း ႏွင္ရသည္။ ႐ြတ္တိုက္ပုံမွာႏြား လွည္းၿပိဳင္ပြဲ မ်ားတြင္ အထူးျပဳလုပ္ထားေသာ လွည္းျဖစ္သည္။

လွည္းၿပိဳင္ပြဲမ်ားႏွင့္ပတ္သက္၍ အနည္းငယ္ေျပာလိုသည္မွာ ၿပိဳင္ပြဲအတြက္လွည္းသည္ အေပါ့ ပါးဆုံးလွည္းမ်ိဳးျဖစ္သည္။ ၿပိဳင္လွည္း ႏြားေျပး ႏြားလိုက္ႏွင့္ ဒုန္းလွည္းဟူ၍ရွိရာ ဒုန္းလွည္းၿပိဳင္ ပြဲသည္ အထူးစိတ္ ဝင္စားဖြယ္ေကာင္းသည္။ အခ်ိဳ႕ႏြားလွည္းတို႔သည္ တစ္နာရီ ကီလိုမီတာ (၅၀) ခန္႔အထိ ေျပးႏိုင္သည္။လွည္းစကၠဴ ၊ လူသိၾကား ဆိုသည့္ ေဆာင္ပုဒ္ကို လွည္းသမားတို႔ လက္ကိုင္ ထားသည္။ လွည္း သည္ စကၠဴကဲ့သို႔ ေပါ့ပါးေနပါေစ၊ လွည္းသမား လည္း သိၾကားမင္းကဲ့ သို႔ ကြၽမ္းက်င္ ေနပါေစ ဂ႐ုစိုက္စရာမလို ဟူေသာ ၿပိဳင္ပြဲဝင္စိတ္ဓါတ္ ကိုႏႈိးၾကား ေပးသည့္ ေဆာင္ပုဒ္ျဖစ္သည္။

ႏြားလွည္းျပဳလုပ္ရာတြင္ စည္း စနစ္ရွိသည္။ လွည္းတံ၊ ထမ္းပိုးတုံး၊ ဝင္႐ိုးတို႔၏ အတိုင္းအရွည္ ပမာဏကို လွည္းဆရာမ်ားက ဂ႐ုစိုက္ ၾကရသည္။စနစ္က်မွ လွည္းေကာင္းတစ္စီး ျဖစ္လာ မည့္အျပင္ ၾကည့္ေကာင္းျခင္း၊ ၾကာရွည္ခံျခင္း၊ တိရိစာၦန္မ်ား သက္ေတာင့္ သက္သာရွိေစျခင္း၊ အခ်ိဳးေျပျခင္းတို႔ျဖင့္ ဝန္တင္ခံႏိူင္ေသာ လွည္းေကာင္းတစ္စီး ျဖစ္ႏိူင္မည္။လွည္းတြင္ လွည္းဘီးသည္ အေရးႀကီးသျဖင့္ လွည္းဘီးအစိတ္အပိုင္းတြင္ ပါဝင္ေသာ လွည္းပုံ ေတာင္း၊ နန္းရင္းေခြ၊ နန္းဖ်ားေခြ၊ ဘီးဖိႏွပ္၊ စသည့္ ပန္းပဲပိုင္းအျပင္ တကူ၊ ဘီးေဒါက္တို႔ အတြက္ လွည္းေထာက္ဖို မ်ားတြင္ လိုအပ္လွ်င္ လိုအပ္သလို သြားေရာက္ျပဳျပင္ရသည္။

ယေန႔ေခတ္အခါတြင္ လွည္းအေရတြက္သည္ တျဖည္းျဖည္း ေရာ့နည္း လာေသာ္ လည္း ေက်းလက္ေတာ႐ြာမ်ားတြင္ကား အေရးပါေနဆဲပင္ ျဖစ္သည္။လွည္းယာဥ္ေပၚတြင္ ပုသိမ္ထီး ေဆာင္း ကာ ခရီးသြားၾကေသာ ျမန္ မာအမ်ိဳးသမီးတို႔အလွသည္ အေတာ္ပင္ က်က္သေရရွိလွသည္။ကိုလိုနီေခတ္အၿပီးတြင္ ဤကဲ့သို႔ေသာ အလွတရား မ်ားသည္ တစ္စတစ္စ ေပ်ာက္ကြယ္ သြားခဲ့ ေလၿပီ။ ယေန႔ေခတ္လွည္းယာဥ္သည္ ျပတိုက္တြင္ သာရွိပါေတာ့သည္။(ေရွးေဟာင္းစပ္ဘီးလွည္း၊ ဘီ႐ိုလွည္းအစစ္) တို႔ကို မႏၲေလးၿမိဳ႕ ယဥ္ေက်းမႈျပ တိုက္ႏွင့္စာ ၾကည့္တိုက္(မႏၲေလး) Cultural Museum and Library (Mandalay) (၂၄) လမ္း၊ လမ္း (၈၀) ေထာင့္တြင္ ျပသထားသည္ကို သြားေရာက္ေလ့ လာႏိုင္ပါသည္။

မူရင္း Credit

Leave a Reply

Your email address will not be published. Required fields are marked *