ဖားကန့်မြို့ ဝှေခါကျေးရွာက မြွေဝင်စားမလေး နန်းရွှေကြာ
အချိန်အားဖြင့်လွန်ခဲ့တဲ့ နှစ်သုံးဆယ်ခန့်ကဖြစ်ပါတယ်။ ဖားကန့်မြို့နဲ့ ဆယ့်ငါးမိုင်အကွာ ဝေခါမြို့အနီး တောင်တန်းကြီးနား လျှိုတစ်ခုအတွင်းက ဂမူလေးတစ်ခုပေါ်မှာ တစ်ကိုယ်လုံးအစိမ်းရောင်ပေါ်မှာ ရွှေရောင်များ ဖုံးလွှမ်းပြီး ယောင်္ကျားကြီးပေါင်လုံးခန့်ရှိတဲ့ မြွေနှစ်ကောင် တစ်ကောင်နဲ့တစ်ကောင် အတော်ကြာ စိုက်ကြည့်နေကြရင်း အနည်းငယ်မျှသေးတဲ့ မြွေမလေးက အစ်ကိုတော်ရယ် ညီမကိုသွားခွင့်ပြုပါနော်။
လူ့ပြည်မှာအကြာကြီးမနေပါဘူး။ အစ်ကိုတော် ပြန်လာခေါ်တဲ့အချိန် ညီမလေးပြန်လိုက်ခဲ့ပါမယ်နော်။ သွားခွင့်ပြုပါနော် အစ်ကိုတော်။ အစ်ကိုဖြစ်သူက ညီမဖြစ်သူကို ချစ်ခြင်းများ၊ အကြင်နာတရားများ၊ စိတ်မချတဲ့အကြည့်များများနဲ့ ညီမတော်လေးရယ် အစ်ကိုတော်က ညီမတော်လေးကို စိတ်မချလို့မသွားစေချင်တာပေါ့ကွယ်။ လူ့ပြည်ဆိုတာက အင်မတန်မှ ရှုပ်ထွေးလှပါတယ်။
ညီမတော်ကို ဘယ်လိုမှ စိတ်မချလွန်းလို့ပါ။ မသွားပါနဲ့နော်။ အဲ့ဒီအခါညီမတော်လေးက မူဟန်နွဲ့နွဲ့ ငိုသံယှက်သောအသံနဲ့ ဟင့်အင် ညီမအရမ်းသွားချင်လို့ပါ အစ်ကိုတော်ရယ်။ ညီမလေးကို သွားခွင့်ပြုပါနော်။ ခဏလေးပဲ သွားမှာပါနော်။
ညီမဖြစ်သူရဲ့ လူပြည့်လူ့ရွာကို အလည်သွားချင်တဲ့ ဆန္ဒကို မလိုက်လျောလိုသော်လည်း ညီမဖြစ်သူ ဒီစိတ်နဲ့မစားနိုင်မအိပ်နိုင်ပဲ တစ်ခုခုဖြစ်သွားမယ်ဆိုတဲ့ အတွေးမျာက ဝင်လာပြန်တယ်။ အဲ့ဒီနောက် အတန်ကြာအောင် စဉ်းစားပြီး သူသိပ်ချစ်ရတဲ့ ညီမလေးကို မသွားစေချင် ၊မခွဲချင်ပေမယ့်လည်း ညီမဖြစ်သူကို ကတိတစ်ခုတောင်းကာ သဘောတူညီမှ လူ့ပြည်ကို လွှတ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကဲ ဒီလောက်တောင်သွားချင်လှတဲ့ လူ့ပြည်ကို သွားစေရမယ်။
ဒါပေမယ့် ခဏပဲနော် ။အစ်ကိုတော်ကို ကတိတစ်ခုပေးရမယ်။ အစ်ကိုတော်ပြန်လာခေါ်တဲ့အချိန် ပြန်လိုက်ခဲ့ပါမယ်လို့ အစ်ကိုဖြစ်သူထံမှ သူမကြားချင်တဲ့စကားကို ကြားလိုက်ရတော့ မြွေမလေးက အတော်အပျော်လွန်ပြီး အစ်ကိုမြွေကြီးနားကပ်ကာ ဦးခေါင်းကိုကပ်ပြီး ထပ်ကာထပ်ကာ ညိမ့်ပြပြီး ညီမလေးကတိပေးပါတယ် အစ်ကိုတော်။ အစ်ကိုတော်လာခေါ်တဲ့အချိန် အစ်ကိုတော်နဲ့အတူ ပြန်လိုက်ခဲ့ပါမယ်လို့ ကတိပေးပါတယ်။
သူမရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးလိုက်တာကြောင့် အလွန်ဝမ်းသာသွားတဲ့ ညီမဖြစ်သူကိုကြည့်ရင်း အစ်ကိုဖြစ်သူမြွေကြီးမှာ ဦးခေါင်းကို မသိမသာခါရမ်းရင်း သက်ပြင်းကို ဖြည်းညင်းစွာ ချလိုက်မိတယ်။
စာရေးသူ အေးမွန်ကျော်အား လေးစားစွာဖြင့် credit ပေးပါသည်။
Zawgyi
ဖားကန႔္ၿမိဳ႕ ေဝွခါေက်း႐ြာက ေႁမြဝင္စားမေလး နန္းေ႐ႊၾကာ
အခ်ိန္အားျဖင့္လြန္ခဲ့တဲ့ ႏွစ္သုံးဆယ္ခန႔္ကျဖစ္ပါတယ္။ ဖားကန႔္ၿမိဳ႕နဲ႔ ဆယ့္ငါးမိုင္အကြာ ေဝခါၿမိဳ႕အနီး ေတာင္တန္းႀကီးနား လွ်ိဳတစ္ခုအတြင္းက ဂမူေလးတစ္ခုေပၚမွာ တစ္ကိုယ္လုံးအစိမ္းေရာင္ေပၚမွာ ေ႐ႊေရာင္မ်ား ဖုံးလႊမ္းၿပီး ေယာက်ၤားႀကီးေပါင္လုံးခန႔္ရွိတဲ့ ေႁမြႏွစ္ေကာင္ တစ္ေကာင္နဲ႔တစ္ေကာင္ အေတာ္ၾကာ စိုက္ၾကည့္ေနၾကရင္း အနည္းငယ္မွ်ေသးတဲ့ ေႁမြမေလးက အစ္ကိုေတာ္ရယ္ ညီမကိုသြားခြင့္ျပဳပါေနာ္။
လူ႔ျပည္မွာအၾကာႀကီးမေနပါဘူး။ အစ္ကိုေတာ္ ျပန္လာေခၚတဲ့အခ်ိန္ ညီမေလးျပန္လိုက္ခဲ့ပါမယ္ေနာ္။ သြားခြင့္ျပဳပါေနာ္ အစ္ကိုေတာ္။ အစ္ကိုျဖစ္သူက ညီမျဖစ္သူကို ခ်စ္ျခင္းမ်ား၊ အၾကင္နာတရားမ်ား၊ စိတ္မခ်တဲ့အၾကည့္မ်ားမ်ားနဲ႔ ညီမေတာ္ေလးရယ္ အစ္ကိုေတာ္က ညီမေတာ္ေလးကို စိတ္မခ်လို႔မသြားေစခ်င္တာေပါ့ကြယ္။ လူ႔ျပည္ဆိုတာက အင္မတန္မွ ရႈပ္ေထြးလွပါတယ္။
ညီမေတာ္ကို ဘယ္လိုမွ စိတ္မခ်လြန္းလို႔ပါ။ မသြားပါနဲ႔ေနာ္။ အဲ့ဒီအခါညီမေတာ္ေလးက မူဟန္ႏြဲ႕ႏြဲ႕ ငိုသံယွက္ေသာအသံနဲ႔ ဟင့္အင္ ညီမအရမ္းသြားခ်င္လို႔ပါ အစ္ကိုေတာ္ရယ္။ ညီမေလးကို သြားခြင့္ျပဳပါေနာ္။ ခဏေလးပဲ သြားမွာပါေနာ္။
ညီမျဖစ္သူရဲ႕ လူျပည့္လူ႔႐ြာကို အလည္သြားခ်င္တဲ့ ဆႏၵကို မလိုက္ေလ်ာလိုေသာ္လည္း ညီမျဖစ္သူ ဒီစိတ္နဲ႔မစားႏိုင္မအိပ္ႏိုင္ပဲ တစ္ခုခုျဖစ္သြားမယ္ဆိုတဲ့ အေတြးမ်ာက ဝင္လာျပန္တယ္။ အဲ့ဒီေနာက္ အတန္ၾကာေအာင္ စဥ္းစားၿပီး သူသိပ္ခ်စ္ရတဲ့ ညီမေလးကို မသြားေစခ်င္ ၊မခြဲခ်င္ေပမယ့္လည္း ညီမျဖစ္သူကို ကတိတစ္ခုေတာင္းကာ သေဘာတူညီမွ လူ႔ျပည္ကို လႊတ္မယ္လို႔ ဆုံးျဖတ္လိုက္တယ္။ ကဲ ဒီေလာက္ေတာင္သြားခ်င္လွတဲ့ လူ႔ျပည္ကို သြားေစရမယ္။
ဒါေပမယ့္ ခဏပဲေနာ္ ။အစ္ကိုေတာ္ကို ကတိတစ္ခုေပးရမယ္။ အစ္ကိုေတာ္ျပန္လာေခၚတဲ့အခ်ိန္ ျပန္လိုက္ခဲ့ပါမယ္လို႔ အစ္ကိုျဖစ္သူထံမွ သူမၾကားခ်င္တဲ့စကားကို ၾကားလိုက္ရေတာ့ ေႁမြမေလးက အေတာ္အေပ်ာ္လြန္ၿပီး အစ္ကိုေႁမြႀကီးနားကပ္ကာ ဦးေခါင္းကိုကပ္ၿပီး ထပ္ကာထပ္ကာ ညိမ့္ျပၿပီး ညီမေလးကတိေပးပါတယ္ အစ္ကိုေတာ္။ အစ္ကိုေတာ္လာေခၚတဲ့အခ်ိန္ အစ္ကိုေတာ္နဲ႔အတူ ျပန္လိုက္ခဲ့ပါမယ္လို႔ ကတိေပးပါတယ္။
သူမရဲ႕ ဆႏၵကိုျဖည့္ဆည္းေပးလိုက္တာေၾကာင့္ အလြန္ဝမ္းသာသြားတဲ့ ညီမျဖစ္သူကိုၾကည့္ရင္း အစ္ကိုျဖစ္သူေႁမြႀကီးမွာ ဦးေခါင္းကို မသိမသာခါရမ္းရင္း သက္ျပင္းကို ျဖည္းညင္းစြာ ခ်လိုက္မိတယ္။
စာေရးသူ ေအးမြန္ေက်ာ္အား ေလးစားစြာျဖင့္ credit ေပးပါသည္။