မိန်းမတစ်ယောက်က ဘယ်လိုအချိန်မျိုးမှာ သူ့လက်တွဲဖော်နဲ့ ညှိမရနှိုင်းမရနဲ့ သဟဇာတမဖြစ်တော့ဆုံးလဲ သိလား ?

အေထြအေထြဗဟုသုတ

မိန်းမတစ်ယောက်က ဘယ်လိုအချိန်မျိုးမှာ သူ့လက်တွဲဖော်နဲ့ ညှိမရနှိုင်းမရနဲ့ သဟဇာတမဖြစ်တော့ဆုံးလဲ သိလား ?

ဥပေက္ခာတွေနဲ့ နေသားကျသွားတဲ့ အချိန်ပဲ . . .။

အချစ်ကို လိုနေချိန်မှာ အချစ်မခံရတဲ့ မိန်းမ၊ နွေးထွေးမှုကို တောင့်တနေချိန်မှာ အေးတိအေးစက် ဆက်ဆံခံရတဲ့မိန်းမ . . .၊

ဂရုတစိုက်နဲ့ ကြင်နာတာတွေကို မျှော်လင့်နေချိန်မှာ လျစ်လျူရှုခံခဲ့ရတဲ့ မိန်းမ . . .၊

အဲ့လိုမိန်းမတွေ အေးစက်သွားတဲ့အခါ ယောက်ျားတွေ မာကျောပါတယ် ဆိုတာထက် ပိုပြီး ကြောက်ဖို့ ကောင်းသွားတတ်ပါတယ် . . .။

သူတို့လိုအပ်နေချိန်မှာ သူတို့လိုအပ်ချက်တွေကို မျက်ကွယ်ပြုခံလိုက်ရတဲ့ အတွက် မချစ်တတ် မကြင်နာတတ်တဲ့ဘဝမှာ

နေသားကျသွားတဲ့ အချိန်က ကြောက်စရာ အကောင်းဆုံးပါပဲ . . .။

သူတို့အေးစက်သွားတဲ့အချိန်မှ လာပြီး ကြင်နာပြ ချစ်ပြနေရင်

အပိုတွေ လာလုပ်ပြနေတယ်၊ ဘာတွေလဲ စိတ်ရှုပ်လိုက်တာ ဆိုပြီးတော့ကို စိတ်ထဲမှာ ကသိကအောက်တွေ ဖြစ်ကုန်ပါရော . . .။

အနားမှာ လာကပ်နေရင်ကို စိတ်အနှောက်အယှက်တွေ ဖြစ်နေတာ . . .။

အမြဲတမ်း တယောက်တည်း ပစ်ထားခံရတဲ့ ဘဝမှာ နေသားကျနေတော့ လာပြီး ကပ်ချွဲနေလည်း မခံစားတတ်တော့ဘူးလေ . . .။

အထူးအဆန်းတွေ ဖြစ်နေတာ . . .။

အဲ့လို အခြေအနေမျိုးမှာ ယောင်္ကျားလေးဘက်က ဘယ်လိုပဲ ချော့ချော့ ဘယ်လိုပဲ လိုက်လျောလိုက်လျော . . .၊

သူမဘက်က ဘာမှ မလိုအပ်တော့ဘူး တန်ဖိုးမထားတတ်တော့ဘူး . . .။

အဲ့တော့ အဆင်ပြေကြလည်း ခနပဲ ၊ ရေရှည်မှာ လက်တွဲဖို့က ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး . . .။

အစမှ မကောင်းခဲ့တာ အနှောင်းဆိုတာလည်း မသေချာတော့ဘူးလေ . . .။

အဲ့အချိန်ကျမှ အဲ့မိန်းမကို အပစ်တင်လို့ မရဘူး ၊ စာရွက်ပေါ်မှာ မှားခဲ့ရင် ပြန်ဖျက်ဖို့ ခဲဖျက် ရှိတယ် . . .။

နှလုံးသားထဲမှာ အနာဖြစ်သွားရင် ပျောက်အောင်လုပ်ဖို့ မလွယ်ဘူး မေ့အောင်လုပ်ဖို့ မဖြစ်နိုင်တော့ဘူး . . .။

အချစ်ဆိုတဲ့အရာကို ချစ်တယ်ဆိုတဲ့ စကားနဲ့ မဖော်ကြူးပါနဲ့ . . .။

မြတ်နိုးတန်ဖိုး ထားမှုနဲ့ ဖော်ကြူးပါ ဂရုစိုက်ကြင်နာမှုနဲ့သာ ဖော်ကြူးပါ . . .။

အကယ်၍ အဲဒီအရာတွေ ပျောက်ကွယ်နေပြီဆိုရင် . . .၊

သေချာတယ်၊ သင်တို့ကြားမှာ အချစ်ဆိုတာ မရှိတော့ဘူး။ သံယောဇဉ်ကြိုးမျှင်မျှင်လေးပဲ ကျန်တော့တာပါနော် . . .။ ။

Sakura

Zawgyi

မိန္းမတစ္ေယာက္က ဘယ္လိုအခ်ိန္မ်ိဳးမွာ သူ႔လက္တြဲေဖာ္နဲ႔ ညႇိမရႏႈိင္းမရနဲ႔ သဟဇာတမျဖစ္ေတာ့ဆုံးလဲ သိလား ?

ဥေပကၡာေတြနဲ႔ ေနသားက်သြားတဲ့ အခ်ိန္ပဲ . . .။

အခ်စ္ကို လိုေနခ်ိန္မွာ အခ်စ္မခံရတဲ့ မိန္းမ၊ ေႏြးေထြးမႈကို ေတာင့္တေနခ်ိန္မွာ ေအးတိေအးစက္ ဆက္ဆံခံရတဲ့မိန္းမ . . .၊

ဂ႐ုတစိုက္နဲ႔ ၾကင္နာတာေတြကို ေမွ်ာ္လင့္ေနခ်ိန္မွာ လ်စ္လ်ဴရႈခံခဲ့ရတဲ့ မိန္းမ . . .၊

အဲ့လိုမိန္းမေတြ ေအးစက္သြားတဲ့အခါ ေယာက္်ားေတြ မာေက်ာပါတယ္ ဆိုတာထက္ ပိုၿပီး ေၾကာက္ဖို႔ ေကာင္းသြားတတ္ပါတယ္ . . .။

သူတို႔လိုအပ္ေနခ်ိန္မွာ သူတို႔လိုအပ္ခ်က္ေတြကို မ်က္ကြယ္ျပဳခံလိုက္ရတဲ့ အတြက္ မခ်စ္တတ္ မၾကင္နာတတ္တဲ့ဘဝမွာ

ေနသားက်သြားတဲ့ အခ်ိန္က ေၾကာက္စရာ အေကာင္းဆုံးပါပဲ . . .။

သူတို႔ေအးစက္သြားတဲ့အခ်ိန္မွ လာၿပီး ၾကင္နာျပ ခ်စ္ျပေနရင္

အပိုေတြ လာလုပ္ျပေနတယ္၊ ဘာေတြလဲ စိတ္ရႈပ္လိုက္တာ ဆိုၿပီးေတာ့ကို စိတ္ထဲမွာ ကသိကေအာက္ေတြ ျဖစ္ကုန္ပါေရာ . . .။

အနားမွာ လာကပ္ေနရင္ကို စိတ္အေႏွာက္အယွက္ေတြ ျဖစ္ေနတာ . . .။

အၿမဲတမ္း တေယာက္တည္း ပစ္ထားခံရတဲ့ ဘဝမွာ ေနသားက်ေနေတာ့ လာၿပီး ကပ္ခြၽဲေနလည္း မခံစားတတ္ေတာ့ဘူးေလ . . .။

အထူးအဆန္းေတြ ျဖစ္ေနတာ . . .။

အဲ့လို အေျခအေနမ်ိဳးမွာ ေယာက်ၤားေလးဘက္က ဘယ္လိုပဲ ေခ်ာ့ေခ်ာ့ ဘယ္လိုပဲ လိုက္ေလ်ာလိုက္ေလ်ာ . . .၊

သူမဘက္က ဘာမွ မလိုအပ္ေတာ့ဘူး တန္ဖိုးမထားတတ္ေတာ့ဘူး . . .။

အဲ့ေတာ့ အဆင္ေျပၾကလည္း ခနပဲ ၊ ေရရွည္မွာ လက္တြဲဖို႔က ဘယ္လိုမွ မျဖစ္ႏိုင္ေတာ့ပါဘူး . . .။

အစမွ မေကာင္းခဲ့တာ အေႏွာင္းဆိုတာလည္း မေသခ်ာေတာ့ဘူးေလ . . .။

အဲ့အခ်ိန္က်မွ အဲ့မိန္းမကို အပစ္တင္လို႔ မရဘူး ၊ စာ႐ြက္ေပၚမွာ မွားခဲ့ရင္ ျပန္ဖ်က္ဖို႔ ခဲဖ်က္ ရွိတယ္ . . .။

ႏွလုံးသားထဲမွာ အနာျဖစ္သြားရင္ ေပ်ာက္ေအာင္လုပ္ဖို႔ မလြယ္ဘူး ေမ့ေအာင္လုပ္ဖို႔ မျဖစ္ႏိုင္ေတာ့ဘူး . . .။

အခ်စ္ဆိုတဲ့အရာကို ခ်စ္တယ္ဆိုတဲ့ စကားနဲ႔ မေဖာ္ၾကဴးပါနဲ႔ . . .။

ျမတ္ႏိုးတန္ဖိုး ထားမႈနဲ႔ ေဖာ္ၾကဴးပါ ဂ႐ုစိုက္ၾကင္နာမႈနဲ႔သာ ေဖာ္ၾကဴးပါ . . .။

အကယ္၍ အဲဒီအရာေတြ ေပ်ာက္ကြယ္ေနၿပီဆိုရင္ . . .၊

ေသခ်ာတယ္၊ သင္တို႔ၾကားမွာ အခ်စ္ဆိုတာ မရွိေတာ့ဘူး။ သံေယာဇဥ္ႀကိဳးမွ်င္မွ်င္ေလးပဲ က်န္ေတာ့တာပါေနာ္ . . .။ ။

Sakura

Leave a Reply

Your email address will not be published. Required fields are marked *