ကြင်စဦးဇနီးမောင်နှံတွေ အနေနဲ့ ကြောင် ၅ ကောင် ၊ ဆင် ၅ ကောင် သတ်ရတယ် ဆိုတဲ့ မှတ်သားစရာစကား

အေထြအေထြဗဟုသုတ

ယောက်ျားတစ်ယောက်က ကာမပိုင် မိန်းမတစ်ယောက် ရှိပြီးသွားရင်

ကြောင် (၅) ကောင်ကို သတ်ရတယ်

ဇီဇာ / သဝန် / သရဲဘော / သတ္တိ/ ဖွန် ဆိုတဲ့ ကြောင် (၅) ကောင် ကို အသေသတ်ရပါတယ်တဲ့

အဲ့ဒါကို မယားနေစ ကြောင်သေမှ လို့ခေါ်တယ်

မိန်းမတစ်ယောက်က ကာမပိုင် ယောင်္ကျားတစ်ယောက် ရှိပြီးသွားရင်

ဆင် (၅) ကောင်ကို သတ်ရတယ်

အပြောအဆို / အနေအထိုင် / အသွားအလာ / အသုံးအစွဲ / အပျံ့အလွင့် ဆိုတဲ့ ဆင်ခြင်စရာ ဆင် (၅) ကောင်ကို အသေသတ်နိုင်ရမယ်

အဲ့ဒါကို လင်နေစ ဆင်သေမှ လို့ ခေါ်ပါတယ်

လင်နဲ့မယားဆိုတာ လျှာနဲ့သွား ဖြစ်တဲ့အပြင်ဘဝ နောက်ဆုံးအချိန်တွေရဲ့ လက်တွဲဖော်ဆိုလဲ ဟုတ်တယ် အဲ့အတွက်ကြောင့်

တစ်ဦးအပေါ်တစ်ဦးက ဘယ်လိုပြဿနာအခက်အခဲတွေ ရှိလာရှိလာဖေးမကူတွဲပြီး နားလည်မှုအပြည့်နဲ့ သစ္စာရှိဖို့ ရှေ့ဆက် လက်တွဲခိုင်မြဲဖို့သာ အဓိကမို့

အမြဲ ၂ ယောက်လုံး အဆင်ပြေပြေနေကြမယ်ဆိုတဲ့ အတွေးပဲ နှလုံးသွင်းထားဖို့ လိုအပ်လှပါတယ်။

Credit

zawgyi






ဆင် (၅) ကောင်ကို သတ်ရတယ်






Credit

Leave a Reply

Your email address will not be published. Required fields are marked *