စက်ရေတွင်း မတူးမှီ ရေတိမ် ရေနက်၊ ကျောက်ဆောင်ရှိ-မရှိ ခန့်မှန်းနည်း
လိုအပ်တဲ့ သူတွေ အသေအချာမှတ်သားထားကြပါနော်။ စေတနာနဲ့ပါ။ စက်ရေတွင်းတူးက မှတ်ထားကြ။စက်ရေတွင်းတူရာ၌ ရေ ရှိ-မရှိ၊ ရေနည်း-ရေများ ခန့်မှန်သိရှိနိုင်ပုံလေးကို ဗဟုသုတအနေဖြင့် မျှဝေပေးပါမည်။
ရေရှိ / မရှိ
၁။ အရွက်အမြဲတမ်း ရှိနေတတ်သော အုန်းနှဲပင်၊ မယ်ဇလီပင်၊ မြက် စသည့်အပင်များ စိုစိုပြေပြေ လန်းလန်းဆန်းဆန်း ရှိနေပါကထိုနေရာတွင် ရေရှိသည်ဟု မှတ်ယူနိုင်၍ ဖော်ပြပါ လက္ခဏာများနှင့် ဆန့်ကျင်နေပါက ရေမရှိဟု ခန့်မှန်း သိနိုင်ပါသည်။
ရေချို / ရေငန်
၂။ အနီးအနားတွင်ရှိသော သစ်ပင်တို့သည် အပင်အမျိုးအစားခြင်း တူပါလျက် အခြားနေရာရှိ သစ်ပင်မှ အရွက်တို့ထက် အနာအဆာများ၍ အစိုဓာတ်ခြောက်ခန်းလျင် ရေငန်ဟု ခန့်မှန်းနိုင်ပြီး သစ်ပင်မှ သစ်ရွက်များ စိုပြေစိန်းလန်းနေပါက ရေချိုဟု ခန့်မှန်းသိရှိနိုင်ပါသည်။
ရေတိမ် / ရေနက်
၃။ အနီးအနားတွင်ရှိသော သစ်ပင်တို့သည် အပင်ချင်း တူပါလျက် အဆစ်တိုနေသည်ကို တွေ့ရပါက ရေတိမ်-ရေနည်းသည်ဟု ခန့်မှန်းသိရှိနိုင်ပါသည်။ သစ်ပင်မှ အဆစ်ရှည်နေပါက ရေနက်-ရေဝေးသော သဘောဟု ခန့်မှန်းသိရှိနိုင်၏။
ကျောက်ဆောင် ရှိ / မရှိ
၄။ အနီးအနားတဝိုက်ရှိ သစ်ပင်ကြီး၊ သစ်ပင်ငယ်တို့သည် ကြုံလှီ,ပုကျစ်၍ တွန့်လိမ်,ကွေ့ကောက်နေပါက အောက်၌ ကျောက်ဆောင်ရှိကြောင်း ခန့်မှန်းသိရှိနိုင်ပါသည်။သစ်ပင်ကြီး,သစ်ပင်ငယ်များ ဖြောင့်တန်းအနေထားတွေ့ရပါက ကျောက်ဆောင်မရှိဟု ခန့်မှန်းသိရှိနိုင်ပါသည်။
ရေချို/ရေငန်
၅။ ရေတွင်းတူးမည့်နေရာရှိ သစ်ပင်တို့သည်တစ်ခြမ်းက အနာဆာကင်း၍ တစ်ခြမ်းက ချောမွေ့နေလျင် ရေငန်-ရေချို တစ်ခြမ်းစီရောစပ်နေသော နေရာဟု ခန့်မှန်းသိရှိနိုင်သည်။
(တနည်စမ်းသပ်ပုံမှာ) ချိုး(ဂျိုး)ကပ်နေသော ထမင်းအိုးကို စလောင်းဖုံးဖွင့်လျက် မြေကြီးကို တွင်းတူးပြီး မြေတွင်းထဲတွင် အိုးကို တစ်ညသိပ်ပါ။
နောက်တစ်နေ့ အိုးကို ဖော်ကြည့်သောအခါ ထမင်းအိုးဖင်မှ ချိုး(ဂျိုး)သည် ရေနူး၍ ကွာကျနေလျင် ရေတိမ်-ရေနည်းသည်ဟု ခန့်မှန်းသိရှိနိုင်ပြီး အနည်းငယ်သာ စို၍ ချိုး(ဂျိုး)ကွာမကျလျင် ရေဝေး-ရေနက်သည်ဟု ခန့်မှန်းသိနိုင်ပါသည်။
ထမင်းချိုး(ဂျိုး)ကို စားကြည့်ပါက ငန်နေလျင် ရေငန်ဟု ခန့်မှန်းသိရှိနိုင်ပြီး ချိုနေပါက ရေချိုဟု ခန့်မှန်းသိရှိနိုင်ပါ။
Credit with respect
Zawgyi
စက္ေရတြင္း မတူးမွီ ေရတိမ္ ေရနက္၊ ေက်ာက္ေဆာင္ရွိ-မရွိ ခန႔္မွန္းနည္း
လိုအပ္တဲ့ သူေတြ အေသအခ်ာမွတ္သားထားၾကပါေနာ္။ ေစတနာနဲ႔ပါ။ စက္ေရတြင္းတူးက မွတ္ထားၾက။စက္ေရတြင္းတူရာ၌ ေရ ရွိ-မရွိ၊ ေရနည္း-ေရမ်ား ခန႔္မွန္သိရွိႏိုင္ပုံေလးကို ဗဟုသုတအေနျဖင့္ မွ်ေဝေပးပါမည္။
ေရရွိ / မရွိ
၁။ အ႐ြက္အၿမဲတမ္း ရွိေနတတ္ေသာ အုန္းႏွဲပင္၊ မယ္ဇလီပင္၊ ျမက္ စသည့္အပင္မ်ား စိုစိုေျပေျပ လန္းလန္းဆန္းဆန္း ရွိေနပါကထိုေနရာတြင္ ေရရွိသည္ဟု မွတ္ယူႏိုင္၍ ေဖာ္ျပပါ လကၡဏာမ်ားႏွင့္ ဆန႔္က်င္ေနပါက ေရမရွိဟု ခန႔္မွန္း သိႏိုင္ပါသည္။
ေရခ်ိဳ / ေရငန္
၂။ အနီးအနားတြင္ရွိေသာ သစ္ပင္တို႔သည္ အပင္အမ်ိဳးအစားျခင္း တူပါလ်က္ အျခားေနရာရွိ သစ္ပင္မွ အ႐ြက္တို႔ထက္ အနာအဆာမ်ား၍ အစိုဓာတ္ေျခာက္ခန္းလ်င္ ေရငန္ဟု ခန႔္မွန္းႏိုင္ၿပီး သစ္ပင္မွ သစ္႐ြက္မ်ား စိုေျပစိန္းလန္းေနပါက ေရခ်ိဳဟု ခန႔္မွန္းသိရွိႏိုင္ပါသည္။
ေရတိမ္ / ေရနက္
၃။ အနီးအနားတြင္ရွိေသာ သစ္ပင္တို႔သည္ အပင္ခ်င္း တူပါလ်က္ အဆစ္တိုေနသည္ကို ေတြ႕ရပါက ေရတိမ္-ေရနည္းသည္ဟု ခန႔္မွန္းသိရွိႏိုင္ပါသည္။ သစ္ပင္မွ အဆစ္ရွည္ေနပါက ေရနက္-ေရေဝးေသာ သေဘာဟု ခန႔္မွန္းသိရွိႏိုင္၏။
ေက်ာက္ေဆာင္ ရွိ / မရွိ
၄။ အနီးအနားတဝိုက္ရွိ သစ္ပင္ႀကီး၊ သစ္ပင္ငယ္တို႔သည္ ႀကဳံလွီ,ပုက်စ္၍ တြန႔္လိမ္,ေကြ႕ေကာက္ေနပါက ေအာက္၌ ေက်ာက္ေဆာင္ရွိေၾကာင္း ခန႔္မွန္းသိရွိႏိုင္ပါသည္။သစ္ပင္ႀကီး,သစ္ပင္ငယ္မ်ား ေျဖာင့္တန္းအေနထားေတြ႕ရပါက ေက်ာက္ေဆာင္မရွိဟု ခန႔္မွန္းသိရွိႏိုင္ပါသည္။
ေရခ်ိဳ/ေရငန္
၅။ ေရတြင္းတူးမည့္ေနရာရွိ သစ္ပင္တို႔သည္တစ္ျခမ္းက အနာဆာကင္း၍ တစ္ျခမ္းက ေခ်ာေမြ႕ေနလ်င္ ေရငန္-ေရခ်ိဳ တစ္ျခမ္းစီေရာစပ္ေနေသာ ေနရာဟု ခန႔္မွန္းသိရွိႏိုင္သည္။
(တနည္စမ္းသပ္ပုံမွာ) ခ်ိဳး(ဂ်ိဳး)ကပ္ေနေသာ ထမင္းအိုးကို စေလာင္းဖုံးဖြင့္လ်က္ ေျမႀကီးကို တြင္းတူးၿပီး ေျမတြင္းထဲတြင္ အိုးကို တစ္ညသိပ္ပါ။
ေနာက္တစ္ေန႔ အိုးကို ေဖာ္ၾကည့္ေသာအခါ ထမင္းအိုးဖင္မွ ခ်ိဳး(ဂ်ိဳး)သည္ ေရႏူး၍ ကြာက်ေနလ်င္ ေရတိမ္-ေရနည္းသည္ဟု ခန႔္မွန္းသိရွိႏိုင္ၿပီး အနည္းငယ္သာ စို၍ ခ်ိဳး(ဂ်ိဳး)ကြာမက်လ်င္ ေရေဝး-ေရနက္သည္ဟု ခန႔္မွန္းသိႏိုင္ပါသည္။
ထမင္းခ်ိဳး(ဂ်ိဳး)ကို စားၾကည့္ပါက ငန္ေနလ်င္ ေရငန္ဟု ခန႔္မွန္းသိရွိႏိုင္ၿပီး ခ်ိဳေနပါက ေရခ်ိဳဟု ခန႔္မွန္းသိရွိႏိုင္ပါ။
Credit with respect