တစ်ညလုံးငိုနေလို့ “ သမီးလေးဖြစ်သူမှ ဘဘလုပ်တာဟုပြောပြရာ ” အမေဖြစ်သူမှ
မန္တလေးတိုင်း မတ္တရာမြို့မြောက်နားကရွာလေးတရွာမှသမီးလေးအဖိုးက ဒေါ်အမာနီရယ် ကူညီပါအုံးဗျာဆိုပြီးဖုန်းဆက်တော့ မတရားတာမှန်သမျှမနေနိုင်သူဆိုတော့ အပြေးလေးရောက်သွားခဲ့တယ်
သမီးလေးအဖေကမရှိတော့ဘူး သမီးလေးကိုယ်ဝန်နဲ့ ဆုံးသွားရှာတော့ အမေဖြစ်သူက သမီးလေးနဲ့သားလေးမောင်နှမ ၂ ယောက်ကိုလူတန်းစေ့အောင်ထားခြင်တော့
လယ်လုပ်ခြံစိုက် အလုပ်ကိုတယောက်တည်းလုပ်ကိုင်ရတော့ သမီးလေးတို့ကို ကားလမ်းကူးတာစိတ်မချလို့ အမဝမ်းကွဲအိမ်မှာထားခဲ့တာ မြေးတောင်ရနေတဲ့ ဝမ်းကွဲအမယောက်ကျားက ဒီလူမမယ်ကလေးလေးကို KG တန်းကတည်းက မိုက်ရိုင်းစွာ လိမ်အကြမ်းဖက်လာခဲ့တာ
ယခု တတန်းထိ ကလေးကကို ကာတွန်းကားပြပြီး အကြမ်းဖက်ပြီး ပြန်ပြောရင် ဓားနဲ့ ထိုးသ-တ်မယ်လို့ခြိမ်းချောက်တော့ ကလေးကပြန်မပြောရဲဘူး အမေကလဲ ရိုးသားတော့ ကလေးအိမ်သာတက်ရင် နာတယ်ပြောတော့ ရေဆေးလိုက်သမီး လို့ပြောတယ် ဒီလိုပြောတာကလဲ သူသမီးအပ်ထားခဲ့တဲ့အိမ်ကိုယုံကြည်လို့ပေါ့
မနေ့ကတော့ ကလေးလေးကနားလွန်းလို့ မေမေသမီးဘောင်ဘီပြဲတာသိလား ဘဘကလုပ်လို့ဆိုပြီးကလေးက အကုန်ပြောပါလေရော အမေလုပ်သူလဲသိသိချင်း မြေကြီးပေါ်လူးလိမ့်ငိုးပါလေရော သမီးလေးကိုတရွာလုံးကချစ်ကြတော့ သ/တ်မယ်ဖြတ်မယ်တွေထိဖြစ်ကုတော့ သမီးလေးအဖိုးကဝင်ထိမ်းပြီးရဲလက်အပ်လိုက်ရပါတယ်
ကိုယ်လဲသနားစရာသမီးလေးဖက်ပြီးငိုခဲ့ရတယ် သမီးလေးက ခရေစေ့တွင်းကျ အကုန်ပြောပြနိုင်နယ် ကျနော်နားထောင်နိုင်စွမ်းမရှိတော့လောက်အောင်ငိုခဲ့ရတယ် ။
သမီးလေးတအားလဲကြောက်ရွံနေတယ် ကျနော်ဖက်ထားတာသမီးလေး နှလုံးခုန်သံက တအားမြန်နေတာလဲ သတိထားမိတယ် ။တရားဥပဒေစိုးမိုးနိုင်ပါစေ ။
Credit
Zawgyi
Credit