အချိန်မနှောင်းသေးခင် သိစေချင်တယ်

အေထြအေထြဗဟုသုတ

အချိန်မနှောင်းသေးခင် သိစေချင်တယ်

တကယ်တော့ ,လူ့ဘဝဟာ အချိန်တိုတိုလေးပါလူတိုင်းသိတဲ့ အရာတစ်ခုပေါ့ဒါပေမဲ့ ဘယ်လောက်တိုတာလဲ ကျနော်တို့ ဘယ်လောက်ပိုင်ဆိုင်ကြရမလဲ ,ဘယ်နှစ် နှစ်လဲ ဘယ်နှစ်ရက်လဲ ဘယ်နှစ်နာရီလဲ လူတိုင်းအတိကျတော့ မသိကြဘူးပေါ့ ဘယ်သူမှလဲတွက်,မကြည့်ခဲ့မိဘူးလို့ထင်တယ်…

အများသတ်မှတ်ထားတဲ့ အတိုင်းတာတစ်ခုတော့ရှိတယ် 75 နှစ်တာ သက်တမ်းလို့ပြောကြတယ် တစ်နှစ်မှာ 365 ရက်ရှိတယ် 75 နှစ် ကို 365 ရက်နဲ့ ×လိုက်ရင် ရက်ပေါင်း 27375 ရက် ရတယ်85 နှစ်လို့ ထားလိုက်ကြမယ်ဗျာ85 နှစ်ကို 365 ရက်နဲ ×မြောက်ကြည့်ရင် ရက်ပေါင်း 31025 ရက်ဘဲရတယ်…

အဲ့တော့ ကျွန်တော်တို့ အသက် 80 ကျော်တဲ့ထိ နေရရင်တောင် ရက် 30000 လောက်ဘဲ ကျွန်တော်တို့ ပိုင်ဆိုင်ကြရမယ် ဒီကိန်းဂဏန်းကို ကျနော်တို့ ဘယ်တုန်းကမှ တွက်မကြည့်ခဲ့ဖူးဘူး ဒါဆိုရင်ကျွန်တော်တို့ မနက်ဖြန်ရယ် သဘက်ခါရယ် ကိုထားလိုက် မနေ့ကရယ် အရင်နေ့တွေကရယ်မသိလိုက် သတိမထားမိလိုက်ဘဲ နေ့ပေါင်းများစွာ ကုန်လွန်ခဲ့ကြပြီ…

ဘာတွေလုပ်ခဲ့ကြလဲ ဘာတွေလုပ်ခဲ့မိပြီလဲဘယ်လောက်မှန်ခဲ့ကြလဲဘယ်လောက် မှားခဲ့ပြီးပြီလဲဘယ်လောက် ချစ်တက်ခဲ့လဲဘယ်လောက် မုန်းခဲ့ပြီးပြီလဲ ဘယ်လောက် လူပီသခဲ့လဲဘယ်လောက် လူမဆန်ခဲ့ပြီးပြီလဲဘယ်လောက် ကုသိုလ်တွေလုပ်ခဲ့လဲဘယ်လောက် အကုသိုလ်တွေကြီးခဲ့ပြီးပြီလဲ ဒါတွေကိုကိုယ်ပိုင်ဆိုင်ရမဲ့ရက် နဲ့ ကုန်ဆုံးခဲ့တဲ့ရက်တွေ ကိုယှဥ်ကြည် တွေးကြည့်ဖို့ လိုမယ်ထင်တယ် ဘာဆက်လုပ်ကြမလဲကျန်နေသေးတဲ့ ရက်တွေကို ဘယ်လိုဖြတ်သန်းကြမလဲ…

အရင်က မချစ်တက်ခဲ့ရင် အခု ချစ်တက်အောင်ကြိုးစားရမယ် အရင်က မလိမ္မာခဲ့ရင် အခု လိမ္မာအောင်ကြိုးစားရမယ်အရင်က လူသားမဆန်ခဲ့ရင် အခု လူပီသအောင်ကြိုးစားရမယ်အရင်က အကုသိုလ်တွေများခဲ့ရင်အခု ကုသိုလ်ရေးတွေပိုကြိုးစားလုပ်ရမယ်အရင်က မကောင်းခဲ့ရင်အခုကောင်းအောင်ကြိုးစားရမယ်ဘဝတိုတိုလေး ရက်ပေါင်း 30000 လောက်လေးကိုအတက်နိူင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးနေထိုင်သွားကြပါလို့…

Credit

Zawgyi






အရင်က မချစ်တက်ခဲ့ရင် အခု ချစ်တက်အောင်ကြိုးစားရမယ် အရင်က မလိမ္မာခဲ့ရင် အခု လိမ္မာအောင်ကြိုးစားရမယ်အရင်က လူသားမဆန်ခဲ့ရင် အခု လူပီသအောင်ကြိုးစားရမယ်အရင်က အကုသိုလ်တွေများခဲ့ရင်အခု ကုသိုလ်ရေးတွေပိုကြိုးစားလုပ်ရမယ်အရင်က မကောင်းခဲ့ရင်အခုကောင်းအောင်ကြိုးစားရမယ်ဘဝတိုတိုလေး ရက်ပေါင်း 30000 လောက်လေးကိုအတက်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးနေထိုင်သွားကြပါလို့…

Credit

Leave a Reply

Your email address will not be published. Required fields are marked *