“ညီမလေး ညီမလေး ”
“ရှင် အစ်ကို ပဲပြုတ် ယူမှာလား”
“ဟုတ်တယ် ညီမလေးကလေ ခေါ်တာ မကြား ဘာလုပ်နေတာလဲ.”
“တောင်းပန်ပါတယ် အစ်ကို ညီမလေး စာဖတ်နေလို့ပါ”
“စာဖတ်တာ အိမ်မှာဖတ်လေ ဘာလို့ဈေးရောင်းရင်း စာဖတ်နေလဲ ”
“ဟုတ် အကို ဒီနေ့ အမေ နေမကောင်းလို့ပါ ညီမထွက်ရောင်းကူတာ””ဈေးမရောင်းရင် စားစရာမရှိဘူးလေ အစ်ကိုရယ် ”
“ဪ ဒါဆို အိမ်ရောက်မှဖတ်ပေါ့””အိမ်မှာက မီးမရှိဘူး အစ်ကိုရယ်”
“ဒါဆိုဈေးမရောင်းရင် ဘယ်မှာဖတ်လဲ”
“ဖယောင်းတိုင်နဲ့လေ ဒီညတော့ ဖယောင်းတိုင်ဖိုးသက်သာတာပေါ့ အစ်ကိုရယ်”
“အေးပါ ဒါနဲ့ ပဲပြုတ်တစ်ဗူးဘယ်လောက်လဲ ညီမလေး”
“တစ်ဗူး ၅၀၀ပါ အကို””ဈေးကြီးတာ ၃ ဗူး ၁၀၀၀ ထားလိုက်””မလုပ်ပါနဲ့ အကိုရယ် တစ်ပြည် ရောင်းကုန်မှ ၁၅၀၀မြတ်တာ”
“အေးပါ ဒါဆို ၁၀၀၀ ဖိုး အပိုထည့်ပေးနော်”
“စိတ်ချပါ အကို”„ဒါနဲ့ညီမလေး ပညာတတ်ရင် ဘာလုပ်မလဲ”
“ညီမလေး ပညာတတ်ရင် ပထမတော့ လွတ်တော်ကိုယ်စားလှယ်ရအောင် လုပ်မယ်”
“ဟား…ချမ်းသာ ချင်လို့လား လှောင်တာမဟုတ်ဘူးနော်အစ်ကို သဘောကျလို့”
“မဟုတ်ပါဘူး အကိုရယ် ညီမလေးတို့လိုဆင်းရဲပြည်သူတိုင်း မီးလင်းရအောင် လုပ်မယ်”
“ဟုတ်ပါပြီညီမလေး ခု ဘာစာဖတ်နေ”
“စာစီစာကုန်း လေ့လာနေတာ””ခေါင်းစဉ်ကရော””အသိစိတ်နဲ့သနားစိတ်..””ရေးနည်းမသိဘူးဖြစ်နေတာ”
“ဘာလို့လဲ ”
“လူတွေက ဆင်းရဲတဲ့လူတွေကိုသနားစိတ်မရှိကြဘူး နှိမ်ကြတယ် ပံ့ပိုးချင်စိတ် မရှိကြဘူး”
“ဟာ..?ဖုန်းက အရေးထဲ ခဏနော်””ဟလို သူငယ်ချင်း ဘာလဲ “”ဆိုင်ထိုင်ရအောင်ဟုတ်လား””အေးပါ ငါကျွေးမယ် အသန့်မှာထိုင်ရအောင် အိုကေ ဒါဘဲ”
“ညီမလေး အပိုထည့်ပြီးပြီလား””ထည့်ပြီးပြီ ဒါနဲ့အကို အရက်မသောက်နဲ့နော်”
“ဘာလို့လဲညီမလေး””ငွေအပိုကုန်တယ်လေ””ညီမရယ် ငွေက ရှာရင်ရတယ်”
” ဟုတ်ကဲ့ အကိုအကိုတို့ တစ်ညဘယ်လောက်ကုန်လဲ”
“တစ်ည တစ်သိန်းလောက်ပေါ့ဘာလို့မေးတာလဲ ညီမလေး..”
“ဘာမှမဟုတ်ပါဘူး “”ညီမသာ တစ်သိန်းရှိရင် အဲလိုအကုန်မခံဘူးညီမတို့သူငယ်ချင်းတွေကို ဖယောင်းတိုင် လှူမယ်”
“ဪ ညီမလေးရယ် “”ဪ..အကို ၃ ဗူး ထည့်ပြီးပြီနော် လက်ဆောင်တစ်ဗူး ထည့်ပေးလိုက်တယ်”
“ဟုတ်.ကျေးဇူးပါ ညီမလေး”
“ရပါတယ် အကိုရယ် “အစ်ကိုလို ချမ်းသာသူတွေနဲ့စကားပြောရတာ ကံကောင်းတယ်”
“ညီမကို အချိန်ပေး စကားပြောပေးတာကျေးဇူးတင်ပါတယ်”
“တစ်ချိန်ကျ ညီမလည်း အစ်ကိုလို ပြည့်စုံရင် မရှိဆင်းရဲသားတွေကိုအချိန်များများပေးမယ်”
“ညီမလည်းပြန်တော့မယ် ချမ်းလာပြီ အမေ့အတွက် ဆေးလည်း ဝယ်ရဦးမယ်”
“ဆိုင်ပိတ်ရင် မလွယ်ဘူး အစ်ကိုရ””ဒာတွေ မကုန်သေးဘူးလေ”
“ဘယ်လောက်ဖိုးရောင်းရပြီလဲ ညီမလေး” “၁၂၀၀၀ပါအကို”
“အမြတ်ရော” “အမြတ်က ဒီည ၂၀၀၀ပေါ့””အကိုသွားတော့လေ သူငယ်ချင်းတွေ စောင့်နေမယ်”
“ညီမအိမ်က ဝေးလား “”မဝေးဘူး ၁ နာရီ လမ်းလျှောက်ရင်ရောက်ပီ”
“ဖုန်းက လာပြန်ပြီ”” ဟလို..ငါမလာတော့ဘူး “”အရေးကြီးလူနဲ့တွေ့နေလို့ ဆော်ရီးပါကွာ”
“ဟာ…အကို လိမ်တတ်တယ်နော် “”မလိမ္ဘူး ညီမ “”အကိုဘဝအတွက် ညီမက အသိတရားသင်ပေးသူမို့ပါ”
“အကို KTVတို့အရက်ဆိုင်?တို့မှာ ငွေဖြုန်းနေချိန် ညီမတို့လို နိုင်ငံအတွက် ရတနာလေးဖြစ်မည့် လူတွေ သနားစရာဖြစ်နေတာ မသိဘူး မလေ့လာမိဘူး”
“အကြင်နာတရားမေ့နေကြတာ”” ခု အစ်ကို အသိတရား ရလာပြီ ဒီည အကိုသုံးမဲ့ငွေ ၁သိန်းနဲ့? အမေအတွက်ဆေးတွေ အစ်ကို အစုံဝယ်ပေးမယ် လာ ကားပေါ်တက် “?
“ကျေးဇူးတင်ပါတယ် ..အကို””အစ်ကိုလို လူငယ်တိုင်းသိတတ်ရင်ကလေးငယ်တွေ?? လမ်းမှာအကြာကြီး သနားစရာဈေးရောင်းနေရမယ် မထင်ဘူးနော်”
“အားလုံးအသိတရားရှိကြပါစေ”
#creditNyein(မောင့်မူပိုင်ရှင်)Photo.credit
ဝေမျှပါသည်#စာချစ်သူ
Zawgyi
“ညီမေလး ညီမေလး ”
“ရွင္ အစ္ကို ပဲျပဳတ္ ယူမွာလား”
“ဟုတ္တယ္ ညီမေလးကေလ ေခၚတာ မၾကား ဘာလုပ္ေနတာလဲ.”
“ေတာင္းပန္ပါတယ္ အစ္ကို ညီမေလး စာဖတ္ေနလို႔ပါ”
“စာဖတ္တာ အိမ္မွာဖတ္ေလ ဘာလို႔ေဈးေရာင္းရင္း စာဖတ္ေနလဲ ”
“ဟုတ္ အကို ဒီေန႔ အေမ ေနမေကာင္းလို႔ပါ ညီမထြက္ေရာင္းကူတာ””ေဈးမေရာင္းရင္ စားစရာမရွိဘူးေလ အစ္ကိုရယ္ ”
“ဪ ဒါဆို အိမ္ေရာက္မွဖတ္ေပါ့””အိမ္မွာက မီးမရွိဘူး အစ္ကိုရယ္”
“ဒါဆိုေဈးမေရာင္းရင္ ဘယ္မွာဖတ္လဲ”
“ဖေယာင္းတိုင္နဲ႔ေလ ဒီညေတာ့ ဖေယာင္းတိုင္ဖိုးသက္သာတာေပါ့ အစ္ကိုရယ္”
“ေအးပါ ဒါနဲ႔ ပဲျပဳတ္တစ္ဗူးဘယ္ေလာက္လဲ ညီမေလး”
“တစ္ဗူး ၅၀၀ပါ အကို””ေဈးႀကီးတာ ၃ ဗူး ၁၀၀၀ ထားလိုက္””မလုပ္ပါနဲ႔ အကိုရယ္ တစ္ျပည္ ေရာင္းကုန္မွ ၁၅၀၀ျမတ္တာ”
“ေအးပါ ဒါဆို ၁၀၀၀ ဖိုး အပိုထည့္ေပးေနာ္”
“စိတ္ခ်ပါ အကို”„ဒါနဲ႔ညီမေလး ပညာတတ္ရင္ ဘာလုပ္မလဲ”
“ညီမေလး ပညာတတ္ရင္ ပထမေတာ့ လြတ္ေတာ္ကိုယ္စားလွယ္ရေအာင္ လုပ္မယ္”
“ဟား…ခ်မ္းသာ ခ်င္လို႔လား ေလွာင္တာမဟုတ္ဘူးေနာ္အစ္ကို သေဘာက်လို႔”
“မဟုတ္ပါဘူး အကိုရယ္ ညီမေလးတို႔လိုဆင္းရဲျပည္သူတိုင္း မီးလင္းရေအာင္ လုပ္မယ္”
“ဟုတ္ပါၿပီညီမေလး ခု ဘာစာဖတ္ေန”
“စာစီစာကုန္း ေလ့လာေနတာ””ေခါင္းစဥ္ကေရာ””အသိစိတ္နဲ႔သနားစိတ္..””ေရးနည္းမသိဘူးျဖစ္ေနတာ”
“ဘာလို႔လဲ ”
“လူေတြက ဆင္းရဲတဲ့လူေတြကိုသနားစိတ္မရွိၾကဘူး ႏွိမ္ၾကတယ္ ပံ့ပိုးခ်င္စိတ္ မရွိၾကဘူး”
“ဟာ..?ဖုန္းက အေရးထဲ ခဏေနာ္””ဟလို သူငယ္ခ်င္း ဘာလဲ “”ဆိုင္ထိုင္ရေအာင္ဟုတ္လား””ေအးပါ ငါေကြၽးမယ္ အသန႔္မွာထိုင္ရေအာင္ အိုေက ဒါဘဲ”
“ညီမေလး အပိုထည့္ၿပီးၿပီလား””ထည့္ၿပီးၿပီ ဒါနဲ႔အကို အရက္မေသာက္နဲ႔ေနာ္”
“ဘာလို႔လဲညီမေလး””ေငြအပိုကုန္တယ္ေလ””ညီမရယ္ ေငြက ရွာရင္ရတယ္”
” ဟုတ္ကဲ့ အကိုအကိုတို႔ တစ္ညဘယ္ေလာက္ကုန္လဲ”
“တစ္ည တစ္သိန္းေလာက္ေပါ့ဘာလို႔ေမးတာလဲ ညီမေလး..”
“ဘာမွမဟုတ္ပါဘူး “”ညီမသာ တစ္သိန္းရွိရင္ အဲလိုအကုန္မခံဘူးညီမတို႔သူငယ္ခ်င္းေတြကို ဖေယာင္းတိုင္ လႉမယ္”
“ဪ ညီမေလးရယ္ “”ဪ..အကို ၃ ဗူး ထည့္ၿပီးၿပီေနာ္ လက္ေဆာင္တစ္ဗူး ထည့္ေပးလိုက္တယ္”
“ဟုတ္.ေက်းဇူးပါ ညီမေလး”
“ရပါတယ္ အကိုရယ္ “အစ္ကိုလို ခ်မ္းသာသူေတြနဲ႔စကားေျပာရတာ ကံေကာင္းတယ္”
“ညီမကို အခ်ိန္ေပး စကားေျပာေပးတာေက်းဇူးတင္ပါတယ္”
“တစ္ခ်ိန္က် ညီမလည္း အစ္ကိုလို ျပည့္စုံရင္ မရွိဆင္းရဲသားေတြကိုအခ်ိန္မ်ားမ်ားေပးမယ္”
“ညီမလည္းျပန္ေတာ့မယ္ ခ်မ္းလာၿပီ အေမ့အတြက္ ေဆးလည္း ဝယ္ရဦးမယ္”
“ဆိုင္ပိတ္ရင္ မလြယ္ဘူး အစ္ကိုရ””ဒာေတြ မကုန္ေသးဘူးေလ”
“ဘယ္ေလာက္ဖိုးေရာင္းရၿပီလဲ ညီမေလး” “၁၂၀၀၀ပါအကို”
“အျမတ္ေရာ” “အျမတ္က ဒီည ၂၀၀၀ေပါ့””အကိုသြားေတာ့ေလ သူငယ္ခ်င္းေတြ ေစာင့္ေနမယ္”
“ညီမအိမ္က ေဝးလား “”မေဝးဘူး ၁ နာရီ လမ္းေလွ်ာက္ရင္ေရာက္ပီ”
“ဖုန္းက လာျပန္ၿပီ”” ဟလို..ငါမလာေတာ့ဘူး “”အေရးႀကီးလူနဲ႔ေတြ႕ေနလို႔ ေဆာ္ရီးပါကြာ”
“ဟာ…အကို လိမ္တတ္တယ္ေနာ္ “”မလိမၻဴး ညီမ “”အကိုဘဝအတြက္ ညီမက အသိတရားသင္ေပးသူမို႔ပါ”
“အကို KTVတို႔အရက္ဆိုင္?တို႔မွာ ေငြျဖဳန္းေနခ်ိန္ ညီမတို႔လို ႏိုင္ငံအတြက္ ရတနာေလးျဖစ္မည့္ လူေတြ သနားစရာျဖစ္ေနတာ မသိဘူး မေလ့လာမိဘူး”
“အၾကင္နာတရားေမ့ေနၾကတာ”” ခု အစ္ကို အသိတရား ရလာၿပီ ဒီည အကိုသုံးမဲ့ေငြ ၁သိန္းနဲ႔? အေမအတြက္ေဆးေတြ အစ္ကို အစုံဝယ္ေပးမယ္ လာ ကားေပၚတက္ “?
“ေက်းဇူးတင္ပါတယ္ ..အကို””အစ္ကိုလို လူငယ္တိုင္းသိတတ္ရင္ကေလးငယ္ေတြ?? လမ္းမွာအၾကာႀကီး သနားစရာေဈးေရာင္းေနရမယ္ မထင္ဘူးေနာ္”
“အားလုံးအသိတရားရွိၾကပါေစ”
#creditNyein(ေမာင့္မူပိုင္ရွင္)Photo.credit
ေဝမွ်ပါသည္#စာခ်စ္သူ