ခရမ်းသီးစိုက်ပျိုးနည်း…

အေထြအေထြဗဟုသုတ

ခရမ်းသီးစိုက်ပျိုးနည်း

မြန်မာနိုင်ငံတွင် အလွန်အေးသော တောင်ပေါ်ဒေသမှလွဲ၍ ကျန်ဒေသတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ မြန်မာနိုင်ငံတွင်ဆင်စွယ်ခရမ်းရှည်မျိုး (ခရမ်းရောင်၊ အစိမ်းရောင်) အလုံးမျိုး (ခရမ်း၊ အစိမ်း၊ အဖြူရောင်) လုံးရှည်မျိုး (ခရမ်းရောင်)ကိုစိုက်ပျိုးလေ့ရှိပါသည်။

 

ပျိုးထောင်ခြင်း

ကောင်းစွာဆွေးမြေ့သော နွားချေး၊ သစ်ရွက်ဆွေးများ အသုံးပြု၍ မျိုးစေ့များကို တစ်တန်းနှင့် တစ်တန်း လေးလက်မခန့်ခြားပြီး သုံးပေအကျယ်၊ ပေ ၃၀ အရှည်ဘောင်များ ပြုလုပ်ပျိုးထောင်နိုင်ပါသည်။ အပင်များ ကြပ်မနေစေရန် မလိုသောပျိုးပင်များကို နုတ်ပစ်ရမည်။ ညနေခင်းတွင် ရေပန်းခရားစိပ်ဖြင့် ရေဖျန်းပါ။

မျိုးစေ့နှုန်း

ခေါင်းကြီး၊ ထောပတ်၊ ညိုရှည်စသည်ဖြင့် ဒေသအလိုက် သင့်တော်သော မျိုးများကို ရွေးချယ်စိုက်ပျိုးရန် ဖြစ်ပါသည်။ တစ်ဧကမျိုးစေ့ ၃၀၀ ဂရမ်နှုန်း လိုအပ်သည်။

မြေပြုပြင်ခြင်း

မြေဆီသြဇာထက်သန်သော သဲနုန်းမြေတွင် ထယ်သုံးစပ်မှ လေးစပ်ထိုး၍ ထယ်ရေးညက်သည်အထိ ထွန်ပေးရပါမည်။ မြေချဉ်ငန်ဓာတ် ၅ ဒသမ ၅ မှ ၆ ဒသမ ၅ အတွင်း ပိုမိုဖြစ်ထွန်းနိုင်ပြီး နုန်းမြေသည် အသင့်တော်ဆုံးဖြစ်သည်။

စိုက်ပျိုးခြင်း

ပျိုးပင်များ အရွက်ငါးရွက်ရရှိလျှင် စိုက်ခင်းသို့ ညနေခင်းတွင် ရွှေ့ပြောင်းစိုက်ပျိုးနိုင်သည်။ စိုက်ချိန်တွင် အစိုဓာတ်လုံ လောက်ရပါမည်။ ခြောက်သွေ့ပူပြင်းသော ရာသီတွင် နေပူဒဏ်မှ ကာကွယ်ရန် အရိပ်ပြုလုပ်ရမည်။ အပင်များကောင်းစွာ အမြစ်စွဲလျှင် အရိပ်များ ဖယ်ပေးနိုင်သည်။ ရွှေ့ပြောင်းစိုက်ရာတွင် ခရမ်းမျိုးအလိုက် တန်းကြား သုံးပေမှ လေးပေ၊ ပင်ကြား နှစ်ပေမှ သုံးပေထားပြီး စိုက်ပါ။

အပင်ပြုစုခြင်း

ခရမ်းပင်အိုများ အသီးအထွက် နည်းသွားသောအခါ အပင်များကို ထက်ဝက်ခန့်ထိ အကိုင်းများချိုင်ပေးပြီး သဘာဝမြေ ဆွေးထည့်ပေးခြင်းဖြင့် အပင်များ ပြန်လည်သီးပွင့်လာမည်။ ခရမ်းတွင် ကျရောက်တတ်သော ပိုးမွှားများမှာ ခေါင်ညွန့်ထိုးပိုးနှင့် သီးလုံးဖောက်ပိုးများဖြစ်ပြီး ပင်လုံးပျံ့ပိုးသတ်ဆေးဖျန်းပြီး ကာကွယ်ပါ။

ဆွတ်ခူးခြင်း

အသီးဆွတ်ခူးရန်အချိန်သည် အသီး၏ ပုံသဏ္ဌာန်ပေါ် မူတည်ပါသည်။ လုံးဝိုင်းပုံနှင့် ဘဲဥပုံအသီးများကို ပန်းပွင့်ပြီး ၂၅ ရက်မှ ၃၀ ရက်ကြာလျှင် ဆွတ်ခူးနိုင်ပါသည်။ လုံးရှည်ပုံတွင် ပန်းပွင့်ပြီး ၃၀ ရက်ကြာလျှင် ခူးဆွတ်နိုင်ပြီး အသီးရှည်နှင့် အလွန်ရှည်သော အသီးပုံများတွင် ပန်းပွင့်ပြီး ၃၅ ရက်မှ ၄၀ ရက်ကြာလျှင် ခူးနိုင်ပါသည်။ အသီးရောင် တောက်ပနေသောအချိန်သည် စားသုံးရန်အနေတော်ဖြစ်ပြီး အရောင်မှိုင်းသွားပါက အသီးရင့်ပြီး စားသုံးရန် မကောင်းတော့ပါ။ အသီးများ ပုံမှန်ခူးပေးခြင်းဖြင့် အသီးထွက်နှုန်းကို မြင့်မားစေ နိုင်သည်။ တစ်ဧကပိဿာချိန် ၆,၀၀၀ မှ ၈,၀၀၀ အထိ ထွက်ရှိနိုင်ပါသည်။

credit

Zawgyi

ခရမ္းသီးစိုက္ပ်ိဳးနည္း

ျမန္မာႏိုင္ငံတြင္ အလြန္ေအးေသာ ေတာင္ေပၚေဒသမွလြဲ၍ က်န္ေဒသတြင္ စိုက္ပ်ိဳးျဖစ္ထြန္းႏိုင္သည္။ ျမန္မာႏိုင္ငံတြင္ဆင္စြယ္ခရမ္းရွည္မ်ိဳး (ခရမ္းေရာင္၊ အစိမ္းေရာင္) အလုံးမ်ိဳး (ခရမ္း၊ အစိမ္း၊ အျဖဴေရာင္) လုံးရွည္မ်ိဳး (ခရမ္းေရာင္)ကိုစိုက္ပ်ိဳးေလ့ရွိပါသည္။

ပ်ိဳးေထာင္ျခင္း

ေကာင္းစြာေဆြးေျမ့ေသာ ႏြားေခ်း၊ သစ္႐ြက္ေဆြးမ်ား အသုံးျပဳ၍ မ်ိဳးေစ့မ်ားကို တစ္တန္းႏွင့္ တစ္တန္း ေလးလက္မခန႔္ျခားၿပီး သုံးေပအက်ယ္၊ ေပ ၃၀ အရွည္ေဘာင္မ်ား ျပဳလုပ္ပ်ိဳးေထာင္ႏိုင္ပါသည္။ အပင္မ်ား ၾကပ္မေနေစရန္ မလိုေသာပ်ိဳးပင္မ်ားကို ႏုတ္ပစ္ရမည္။ ညေနခင္းတြင္ ေရပန္းခရားစိပ္ျဖင့္ ေရဖ်န္းပါ။

မ်ိဳးေစ့ႏႈန္း

ေခါင္းႀကီး၊ ေထာပတ္၊ ညိဳရွည္စသည္ျဖင့္ ေဒသအလိုက္ သင့္ေတာ္ေသာ မ်ိဳးမ်ားကို ေ႐ြးခ်ယ္စိုက္ပ်ိဳးရန္ ျဖစ္ပါသည္။ တစ္ဧကမ်ိဳးေစ့ ၃၀၀ ဂရမ္ႏႈန္း လိုအပ္သည္။

ေျမျပဳျပင္ျခင္း

ေျမဆီၾသဇာထက္သန္ေသာ သဲႏုန္းေျမတြင္ ထယ္သုံးစပ္မွ ေလးစပ္ထိုး၍ ထယ္ေရးညက္သည္အထိ ထြန္ေပးရပါမည္။ ေျမခ်ဥ္ငန္ဓာတ္ ၅ ဒသမ ၅ မွ ၆ ဒသမ ၅ အတြင္း ပိုမိုျဖစ္ထြန္းႏိုင္ၿပီး ႏုန္းေျမသည္ အသင့္ေတာ္ဆုံးျဖစ္သည္။

စိုက္ပ်ိဳးျခင္း

ပ်ိဳးပင္မ်ား အ႐ြက္ငါး႐ြက္ရရွိလွ်င္ စိုက္ခင္းသို႔ ညေနခင္းတြင္ ေ႐ႊ႕ေျပာင္းစိုက္ပ်ိဳးႏိုင္သည္။ စိုက္ခ်ိန္တြင္ အစိုဓာတ္လုံ ေလာက္ရပါမည္။ ေျခာက္ေသြ႕ပူျပင္းေသာ ရာသီတြင္ ေနပူဒဏ္မွ ကာကြယ္ရန္ အရိပ္ျပဳလုပ္ရမည္။ အပင္မ်ားေကာင္းစြာ အျမစ္စြဲလွ်င္ အရိပ္မ်ား ဖယ္ေပးႏိုင္သည္။ ေ႐ႊ႕ေျပာင္းစိုက္ရာတြင္ ခရမ္းမ်ိဳးအလိုက္ တန္းၾကား သုံးေပမွ ေလးေပ၊ ပင္ၾကား ႏွစ္ေပမွ သုံးေပထားၿပီး စိုက္ပါ။

အပင္ျပဳစုျခင္း

ခရမ္းပင္အိုမ်ား အသီးအထြက္ နည္းသြားေသာအခါ အပင္မ်ားကို ထက္ဝက္ခန႔္ထိ အကိုင္းမ်ားခ်ိဳင္ေပးၿပီး သဘာဝေျမ ေဆြးထည့္ေပးျခင္းျဖင့္ အပင္မ်ား ျပန္လည္သီးပြင့္လာမည္။ ခရမ္းတြင္ က်ေရာက္တတ္ေသာ ပိုးမႊားမ်ားမွာ ေခါင္ၫြန႔္ထိုးပိုးႏွင့္ သီးလုံးေဖာက္ပိုးမ်ားျဖစ္ၿပီး ပင္လုံးပ်ံ႕ပိုးသတ္ေဆးဖ်န္းၿပီး ကာကြယ္ပါ။

ဆြတ္ခူးျခင္း

အသီးဆြတ္ခူးရန္အခ်ိန္သည္ အသီး၏ ပုံသဏၭာန္ေပၚ မူတည္ပါသည္။ လုံးဝိုင္းပုံႏွင့္ ဘဲဥပုံအသီးမ်ားကို ပန္းပြင့္ၿပီး ၂၅ ရက္မွ ၃၀ ရက္ၾကာလွ်င္ ဆြတ္ခူးႏိုင္ပါသည္။ လုံးရွည္ပုံတြင္ ပန္းပြင့္ၿပီး ၃၀ ရက္ၾကာလွ်င္ ခူးဆြတ္ႏိုင္ၿပီး အသီးရွည္ႏွင့္ အလြန္ရွည္ေသာ အသီးပုံမ်ားတြင္ ပန္းပြင့္ၿပီး ၃၅ ရက္မွ ၄၀ ရက္ၾကာလွ်င္ ခူးႏိုင္ပါသည္။ အသီးေရာင္ ေတာက္ပေနေသာအခ်ိန္သည္ စားသုံးရန္အေနေတာ္ျဖစ္ၿပီး အေရာင္မႈိင္းသြားပါက အသီးရင့္ၿပီး စားသုံးရန္ မေကာင္းေတာ့ပါ။ အသီးမ်ား ပုံမွန္ခူးေပးျခင္းျဖင့္ အသီးထြက္ႏႈန္းကို ျမင့္မားေစ ႏိုင္သည္။ တစ္ဧကပိႆာခ်ိန္ ၆,၀၀၀ မွ ၈,၀၀၀ အထိ ထြက္ရွိႏိုင္ပါသည္။

credit

Leave a Reply

Your email address will not be published. Required fields are marked *