မိန်းကလေးများ လုံးဝမချစ်သင့်သည့် ယောကျာ်းအမျိုးအစား ( ၅ ) မျိုး

Love

မိန်းကလေးများ လုံးဝမချစ်သင့်သည့် ယောကျာ်းအမျိုးအစား ( ၅ ) မျိုး

မချစ်သင့်တဲ့သူကို ချစ်တဲ့အခါမှာ သင်မထင်ထားလောက်တဲ့အထိ သင့်ဘဝကို အဆိုးတွေ သယ်ဆောင်လာတတ် ကြပါတယ်။

ဒါကြောင့် မချစ်သင့်တဲ့ ယောကျာ်းအမျိုးအစားတွေကို ဝေးဝေးရှောင်တတ်ဖို့ လိုပါတယ်။

ဒီလိုယောကျ်ားတွေနဲ့ သွားပတ်သက်မိတဲ့အခါ အရှက်တကွဲအကျိုးနည်း၊ စိတ်ရောလူပါ ထိခိုက်နစ်နာတတ်တာကြောင့် ဝေးဝေးကရှောင်စေနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။

(၁) ငါးရံ့နှစ်ကောင်ဖမ်းတတ်တဲ့ယောကျ်ား

ယောကျ်ားတွေထဲမှာ ငါးရံ့နှစ်ကောင်ဖမ်းတတ်တဲ့ယောကျ်ားတွေကို ဝေးဝေးရှောင်ပါ။

ဒီလိုယောကျ်ားတွေဟာ တစ်ယောက်ကိုလိုက်နေရင်းမှာလည်း နောက်လူတွေနဲ့လည်း ဇယားတွေရှိနေတတ်တဲ့သူပါ။

သူတို့ရဲ့စိတ်ဓာတ်ဟာ ဘယ်တော့မှအတည်တကျမရှိသလို၊ သင့်ဆီက အကျိုးတစ်ခုခုမလိုလားပဲ တွဲမယ့်သူတွေမဟုတ်ပါဘူး။

နှစ်ယောက်၊ သုံးယောက်ကိုတစ်ပြိုင်တည်း လိုက်တယ်ဆိုကတည်းကိုက သင်ဟာသူ့အချစ်စစ်မဟုတ်သလို၊ ယုံကြည်ထိုက်တဲ့သူလုံးဝမဟုတ်ပါဘူး။ ဒါကြောင့် ဒီလိုလူမျိုးကို ဝေးဝေးကရှောင်ပါ။

(၂) ရှေ့တစ်မျိုးကွယ်ရာတစ်မျိုး

မျက်နှာများတဲ့ယောကျ်ားတွေကိုလည်း ဝေးဝေးကရှောင်ရပါမယ်။

ဒီလိုလူမျိုးတွေဟာ အရမ်းဟန်ဆောင်ကောင်းတာကြောင့် လူကောင်းတစ်ယောက်လို့ အမှတ်တမဲ့ ထင်မိသွားတတ်ပါတယ်။

လူတွေရှေ့ရောက်ရင် လူကောင်းလိုလို၊ စိတ်ကောင်းရှိသလိုလိုနေပြီးနောက်ကွယ်မှာကျ ကြောက်စရာကောင်းလောက်တဲ့ သရုပ်မှန်တွေရှိနေတယ်၊

သင်ကိုယ်တိုင် တွေ့ဖူးတယ်၊ ကြုံဖူးတယ်ဆိုရင်တော့ လုံးဝဝေးဝေးကရှောင်ပါ။

(၃) မိန်းမတစ်ယောက်ကို သိက္ခာချတတ်တဲ့ယောကျ်ား

သင့်ဆီမှာ သူနဲ့ပတ်သက်ဖူးတဲ့ မိန်းမတစ်ယောက်ယောက်ရဲ့ မကောင်းကြောင်းတွေကို ပြောတတ်တဲ့ယောကျ်ားဆိုရင် ဝေးဝေးကရှောင်ပါ။

ဒီလိုလူမျိုးတွေရဲ့စကားဟာ များသောအားဖြင့် မမှန်တာများပါတယ်။

မိန်းကလေးတစ်ယောက်ကို အသည်းအသန်လိုက်ပြီး သူတို့အချစ်ကို မရတဲ့အခါမှာ မဟုတ်တဲ့ဇာတ်လမ်းတွေအမျိုးမျိုးထွင်ပြီး မစားရတဲ့အမဲသဲနဲ့ ပက်တတ်တဲ့သူမျိုးတွေပါ။

အကယ်၍သင်နဲ့ စိတ်အခန့်မသင့်လို့ ဝေးခဲ့ကြရင် သင့်အကြောင်းတွေကိုလည်း ဒီလိုပဲ သွားပုတ်လေလွင့်လျှောက်ပြောနေမယ့်သူတစ်ယောက်ဆိုတာကို သိထားဖို့လိုပါတယ်။

ယောကျ်ားကောင်းတစ်ယောက်ဟာ မိန်းမတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကိုငဲ့ညှာပေးပြီး ဘယ်တော့မှ မိန်းမတစ်ယောက်ကို သိက္ခာမချတတ်ပါဘူး။

(၄) မရင့်ကျက်တဲ့ယောကျ်ား

စိတ်ပိုင်းဆိုင်ရာ မရင့်ကျက်တဲ့ယောကျားတွေဟာလည်း ဝေးဝေးရှောင်ရမယ့်သူတွေထဲမှာ ပါပါတယ်။

အသက် ၂၀ ကျော်လာတဲ့အထိ မိဘဆီက လက်ဖြန့်တောင်းတုန်း၊ ကလေးလိုလိုနေနေတုန်း၊ ဘဝရည်မှန်းချက် ရေရေရာရာလည်း မရှိဘူးဆိုရင် သတိထားလိုက်ပါတော့။

ဒီလိုယောကျာ်းတွေဟာ ကိုယ့်အားကိုယ်ကိုးချင်စိတ်မရှိသလို၊ သင်နဲ့ချစ်သူဖြစ်လာခဲ့ရင်လည်း သင်ပဲပင်ပန်းရမှာပါ။

သူစိတ်ဆိုးသမျှ၊ စိတ်ကောက်သမျှဒဏ်ကို ခံရပြီး ချုပ်ခြယ်တာတွေ၊ ပြသနာမရှိပြသနာရှာတွေအပြင် တခြားစိတ်အနှောက်ဖြစ်စရာတွေ အများကြီး ဖြစ်စေမယ့်သူမျိုးပါ။

(၅) အမြဲအနိုင်လိုချင်တဲ့ယောကျ်ား

ဒီလိုယောကျ်ားတွေဟာ သူတို့ကိုယ်သူတို့အမြဲတမ်းမှန်တယ်လို့ ထင်တတ်တဲ့သူတွေဖြစ်ပါတယ်။

ပြသနာတစ်ခုခုဖြစ်လာတိုင်းမှာ သူတစ်ပါးကို အပြစ်ပြော၊ အပြစ်ပုံချပြီး သူတို့ဖက်ကအမြဲတမ်း အမှန်လိုလို ပြောတတ်၊ ယူဆတတ်တဲ့ယောကျ်ားတွေပါ။

ဒီလိုယောကျာ်းတွေဟာ တစ်ကိုယ်ကောင်းဆန်ပြီး တစ်ဖက်သားကို စာနာရကောင်းမှန်း၊ နားလည်ပေးရကောင်းမှန်းမသိကြတဲ့သူတွေပါ။

ဒီလိုယောကျ်ားတွေဟာ ဘယ်တော့မှ အလျှော့မပေးတတ်သလို၊ အမြဲတမ်းအနိုင်လိုချင်တဲ့သူတွေဖြစ်တာကြောင့် ရေရှည်မှာ လုံးဝအဆင်မပြေနိုင်ပါဘူး။

Credit:Em Em

Zawgyi

မိန္းကေလးမ်ား လုံးဝမခ်စ္သင့္သည့္ ေယာက်ာ္းအမ်ိဳးအစား ( ၅ ) မ်ိဳး

မခ်စ္သင့္တဲ့သူကို ခ်စ္တဲ့အခါမွာ သင္မထင္ထားေလာက္တဲ့အထိ သင့္ဘဝကို အဆိုးေတြ သယ္ေဆာင္လာတတ္ ၾကပါတယ္။

ဒါေၾကာင့္ မခ်စ္သင့္တဲ့ ေယာက်ာ္းအမ်ိဳးအစားေတြကို ေဝးေဝးေရွာင္တတ္ဖို႔ လိုပါတယ္။

ဒီလိုေယာက်္ားေတြနဲ႔ သြားပတ္သက္မိတဲ့အခါ အရွက္တကြဲအက်ိဳးနည္း၊ စိတ္ေရာလူပါ ထိခိုက္နစ္နာတတ္တာေၾကာင့္ ေဝးေဝးကေရွာင္ေစႏိုင္ရန္ ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ငါးရံ႕ႏွစ္ေကာင္ဖမ္းတတ္တဲ့ေယာက်္ား

ေယာက်္ားေတြထဲမွာ ငါးရံ႕ႏွစ္ေကာင္ဖမ္းတတ္တဲ့ေယာက်္ားေတြကို ေဝးေဝးေရွာင္ပါ။

ဒီလိုေယာက်္ားေတြဟာ တစ္ေယာက္ကိုလိုက္ေနရင္းမွာလည္း ေနာက္လူေတြနဲ႔လည္း ဇယားေတြရွိေနတတ္တဲ့သူပါ။

သူတို႔ရဲ႕စိတ္ဓာတ္ဟာ ဘယ္ေတာ့မွအတည္တက်မရွိသလို၊ သင့္ဆီက အက်ိဳးတစ္ခုခုမလိုလားပဲ တြဲမယ့္သူေတြမဟုတ္ပါဘူး။

ႏွစ္ေယာက္၊ သုံးေယာက္ကိုတစ္ၿပိဳင္တည္း လိုက္တယ္ဆိုကတည္းကိုက သင္ဟာသူ႔အခ်စ္စစ္မဟုတ္သလို၊ ယုံၾကည္ထိုက္တဲ့သူလုံးဝမဟုတ္ပါဘူး။ ဒါေၾကာင့္ ဒီလိုလူမ်ိဳးကို ေဝးေဝးကေရွာင္ပါ။

(၂) ေရွ႕တစ္မ်ိဳးကြယ္ရာတစ္မ်ိဳး

မ်က္ႏွာမ်ားတဲ့ေယာက်္ားေတြကိုလည္း ေဝးေဝးကေရွာင္ရပါမယ္။

ဒီလိုလူမ်ိဳးေတြဟာ အရမ္းဟန္ေဆာင္ေကာင္းတာေၾကာင့္ လူေကာင္းတစ္ေယာက္လို႔ အမွတ္တမဲ့ ထင္မိသြားတတ္ပါတယ္။

လူေတြေရွ႕ေရာက္ရင္ လူေကာင္းလိုလို၊ စိတ္ေကာင္းရွိသလိုလိုေနၿပီးေနာက္ကြယ္မွာက် ေၾကာက္စရာေကာင္းေလာက္တဲ့ သ႐ုပ္မွန္ေတြရွိေနတယ္၊

သင္ကိုယ္တိုင္ ေတြ႕ဖူးတယ္၊ ႀကဳံဖူးတယ္ဆိုရင္ေတာ့ လုံးဝေဝးေဝးကေရွာင္ပါ။

(၃) မိန္းမတစ္ေယာက္ကို သိကၡာခ်တတ္တဲ့ေယာက်္ား

သင့္ဆီမွာ သူနဲ႔ပတ္သက္ဖူးတဲ့ မိန္းမတစ္ေယာက္ေယာက္ရဲ႕ မေကာင္းေၾကာင္းေတြကို ေျပာတတ္တဲ့ေယာက်္ားဆိုရင္ ေဝးေဝးကေရွာင္ပါ။

ဒီလိုလူမ်ိဳးေတြရဲ႕စကားဟာ မ်ားေသာအားျဖင့္ မမွန္တာမ်ားပါတယ္။

မိန္းကေလးတစ္ေယာက္ကို အသည္းအသန္လိုက္ၿပီး သူတို႔အခ်စ္ကို မရတဲ့အခါမွာ မဟုတ္တဲ့ဇာတ္လမ္းေတြအမ်ိဳးမ်ိဳးထြင္ၿပီး မစားရတဲ့အမဲသဲနဲ႔ ပက္တတ္တဲ့သူမ်ိဳးေတြပါ။

အကယ္၍သင္နဲ႔ စိတ္အခန႔္မသင့္လို႔ ေဝးခဲ့ၾကရင္ သင့္အေၾကာင္းေတြကိုလည္း ဒီလိုပဲ သြားပုတ္ေလလြင့္ေလွ်ာက္ေျပာေနမယ့္သူတစ္ေယာက္ဆိုတာကို သိထားဖို႔လိုပါတယ္။

ေယာက်္ားေကာင္းတစ္ေယာက္ဟာ မိန္းမတစ္ေယာက္ရဲ႕ ဂုဏ္သိကၡာကိုငဲ့ညႇာေပးၿပီး ဘယ္ေတာ့မွ မိန္းမတစ္ေယာက္ကို သိကၡာမခ်တတ္ပါဘူး။

(၄) မရင့္က်က္တဲ့ေယာက်္ား

စိတ္ပိုင္းဆိုင္ရာ မရင့္က်က္တဲ့ေယာက်ားေတြဟာလည္း ေဝးေဝးေရွာင္ရမယ့္သူေတြထဲမွာ ပါပါတယ္။

အသက္ ၂၀ ေက်ာ္လာတဲ့အထိ မိဘဆီက လက္ျဖန႔္ေတာင္းတုန္း၊ ကေလးလိုလိုေနေနတုန္း၊ ဘဝရည္မွန္းခ်က္ ေရေရရာရာလည္း မရွိဘူးဆိုရင္ သတိထားလိုက္ပါေတာ့။

ဒီလိုေယာက်ာ္းေတြဟာ ကိုယ့္အားကိုယ္ကိုးခ်င္စိတ္မရွိသလို၊ သင္နဲ႔ခ်စ္သူျဖစ္လာခဲ့ရင္လည္း သင္ပဲပင္ပန္းရမွာပါ။

သူစိတ္ဆိုးသမွ်၊ စိတ္ေကာက္သမွ်ဒဏ္ကို ခံရၿပီး ခ်ဳပ္ျခယ္တာေတြ၊ ျပသနာမရွိျပသနာရွာေတြအျပင္ တျခားစိတ္အေႏွာက္ျဖစ္စရာေတြ အမ်ားႀကီး ျဖစ္ေစမယ့္သူမ်ိဳးပါ။

(၅) အၿမဲအႏိုင္လိုခ်င္တဲ့ေယာက်္ား

ဒီလိုေယာက်္ားေတြဟာ သူတို႔ကိုယ္သူတို႔အၿမဲတမ္းမွန္တယ္လို႔ ထင္တတ္တဲ့သူေတြျဖစ္ပါတယ္။

ျပသနာတစ္ခုခုျဖစ္လာတိုင္းမွာ သူတစ္ပါးကို အျပစ္ေျပာ၊ အျပစ္ပုံခ်ၿပီး သူတို႔ဖက္ကအၿမဲတမ္း အမွန္လိုလို ေျပာတတ္၊ ယူဆတတ္တဲ့ေယာက်္ားေတြပါ။

ဒီလိုေယာက်ာ္းေတြဟာ တစ္ကိုယ္ေကာင္းဆန္ၿပီး တစ္ဖက္သားကို စာနာရေကာင္းမွန္း၊ နားလည္ေပးရေကာင္းမွန္းမသိၾကတဲ့သူေတြပါ။

ဒီလိုေယာက်္ားေတြဟာ ဘယ္ေတာ့မွ အေလွ်ာ့မေပးတတ္သလို၊ အၿမဲတမ္းအႏိုင္လိုခ်င္တဲ့သူေတြျဖစ္တာေၾကာင့္ ေရရွည္မွာ လုံးဝအဆင္မေျပႏိုင္ပါဘူး။

Credit:Em Em

Leave a Reply

Your email address will not be published. Required fields are marked *