မောင်ရေ …
” ဒီကနေ့က စပြီး ပြောမယ်
ချစ်လက်ကို ကိုင်ရင် ၁ ထောင် ”
” အင် ဘာလို့လဲ ”
” အော် … လက်ထပ် ဖို့ ဆို ခုကထဲက စုရမယ်လေ ”
” အဲ့ဒါနဲ့ ဘာဆိုင်လို့လဲ ”
” ဆိုင်တယ် မောင်
အခုချိန်က စပြီး ပိုက်ဆံ စ စုမယ်
လက်ကို ကိုင်ရင် ၁၀၀၀
ပါးနမ်းရင် ၅၀၀၀
နှုတ်ခမ်းဆိုရင် ၈၀၀၀
ပခုံးကိုဖက်ရင် ၂၀၀၀
ခါးကိုဖက်ရင် ၃၀၀၀
ချိန်းတွေ့တာကို မောင် နောက်ကျရင် တစ်မိနစ်ကို ၅၀၀ ”
” အန် … အခြားဟာ ဆိုရင်ရော ဟင် ”
” ဘာ အခြားဟာကိုလဲ ပါးကျိုးမယ်နော် ”
အော် သူက ခြိမ်းခြောက်သေးတယ်
ရည်းစားထား နေတာလား ဓားပြနဲ့ တွေ့နေတာလားတော့ မသိဘူး
အခု ကိုယ့်ရည်းစားက ဆက်ကြေး ကောက်နေပီ
” မပေးဘူး ဆိုရင်ရော ”
” မပေးရင်တော့ ဘာမှ လာမလုပ်နဲ့ ခပ်ဝေးဝေးမှာနေ
အကြွေးလည်း မရဘူး Discount လည်း မရဘူး ကြိုပြောထားမယ်
ဒါ ဘ၀ အတွက် ပိုက်ဆံ စုနေတာ … ”
” အော် ဟုတ်ကဲ့ပါ ”
ကျုပ်မှာ အဲ့နေ့က စပြီး ပါသမျှ ပိုက်ဆံ ကုန်တာပဲ
ပိုက်ဆံ မရှိတဲ့ နေ့ဆို သူ့ကို ထိုင်ကြည့်နေ ရတယ်
ဒင်းကို ပိုက်ဆံ မပေးပဲ သွားထိရင် ဆွဲစိတ်တာ ကိုးဗျ
ချိန်းတွေ့တဲ့ အခါမှာလည်း နောက်ကျမှာ စိုးလို့ အသကုန် ပြေးရတာ အသဲ အသန်
သူ့နည်းလမ်းက နှစ်ယောက် ဘဝအတွက် ဆိုတော့လည်း ဘယ်တတ်နိုင်မလဲ
သားကိုတော့ ရန်မရှာနဲ့နော် အကိုကြီးတို့
သားက စေတနာနဲ့ နည်းလမ်းလေး ပေးတာ
Credit :loveshortnotes
Unicode
မောင်ရေ …
” ဒီကနေ့က စပြီး ပြောမယ်
” အင် ဘာလို့လဲ ”
” ဆိုင်တယ် မောင်
လက်ကို ကိုင်ရင် ၁၀၀၀
ပါးနမ်းရင် ၅၀၀၀
နှုတ်ခမ်းဆိုရင် ၈၀၀၀
ပခုံးကိုဖက်ရင် ၂၀၀၀
ခါးကိုဖက်ရင် ၃၀၀၀
” မပေးဘူး ဆိုရင်ရော ”
” အော် ဟုတ်ကဲ့ပါ ”