အမျိုးသမီးတို့၏မျက်နှာပေါ်မှကောင်းသောနေရာတွင်ရှိသည့် မှဲ့အမျိုးအစား၁၀ခု
၁။နဖူးပြင်ညာဘက်အခြမ်းတွင်မှဲ့ရှိပါကထေိုအမျိုးသမီးသည်လွန်စွာကံကောင်းတက်၏ဘဝတွင်အစစရာရာအောင်မြင်၍အသက်ရှည်ချမ်းသာစွာနေထိုင်ရတက်ပါတယ်။ထိုအမျိုးသမီးများသည်ဘုန်းကံကြီးသောရာထူးဂူဏ်ရှိန်ကြီးသော၊ဉာဏ်ပညာကြီးသောအောင်မြင်သောသြဇာအာဏာရှိသောယောင်္ကျားကိုရတက်သည်။ထိုအမျိုးသမီးကိုရသော အမျိုးသားများပင်ဘုန်းကံမြင့်သူများဖြစ်လာတက်ပါသည်
၂။နဖူးအလယ်တည့်တည့်တွင်မှဲ့ရှိပါထိုအမျိုးသမီးသည်မိမိအားလွန်စွာချစ်ခင်ကြင်နာသောမိမိဆွေမျိုးများအားလေးစားချစ်ခင်သောလိမ္မာယဉ်ကျေးသောမိမိကိုအရာရာရှေ့တန်းတင်ဦးစားပေးတက်သောမိမိအားမြတ်နိုးတန်ဖိုးထားသောမိမိအပေါ်တွင်သစ္စာရှိသောယောင်္ကျားကိုရရှိတက်သည်
ယခင်ကဆိုးသွမ်းသောယောင်္ကျားများပင်လျှင်မိမိနှင်ထပ်ပြီးပါကလိမ္မာယဉ်ကျေးသောလူကောင်းလူမွန်တစ်ယောက်ဖြစ်လာတက်ပါသည်။ ထိုးအမျိုးသမျိုးများသည်မိဘအတွက်အားကိုးရသောမိဘကျေးဇူးကိုသိတက်သောအများအကျိုးသယ်ပိုးတက်သောမိမိဆွေးမျိုးသားချင်းများကိုအကျိုးပြုနိုင်သောသာကောင်းရတနာများဖွားမြင်တက်သည်အိုကံကောင်းသောသူများဖြစ်တက်ပါသည်။ထိုနဖူးအယ်တည့်တည့်တွင်ရှိသောမှဲ့ကိုရတနာဆံကျစ်မှဲ့ဟုခေါ်ပါသည်
၃) နဖူးပြင်ဘယ်ဘက်တွင်မှဲရှိလျှင်ထိုမှဲ့ပိုင်ရှင် အမျိုးသမီးများသည်မိမိအားကိုးယုံကြည်ရသောထက်မြတ်သော၊မိမိအပေါ်ချစ်ခင်ကြင်နာနွေးထွေးတန်ဖိုးထားတက်သောယောင်္ကျားကောင်းကိုရရှိတက်ပါသည်ထို့အတူမိမိအကျိုးအတွက်အကျိုးပေးသောသားကောင်းရတနာသမီးကောင်းရတနာများထွန်းကားတက်၍ဘဝကိုအေးချမ်းစွာအသက်ရှင်နေထိုင်ရတက်ပါသည်ထို့အမျိုးသမီး၏နဖူးဘယ်ဘက်တွင်ရှိသောမှဲ့အားရတနာဆီမီးထွန်းမှဲ့ဟုခေါ်ဆိုပါသည်
၄) ညာဘက်ပါးပြင် ပါးစပ်နားတွင်မှဲရှိလျှင်ထိုအမျိုးသမီးသည်လွန်စွာချစ်ခင်ကြင်နာတက်သောသူဖြစ်တက်ပါသည်အိမ်ထောင်ကျသော်အိမ်ထောင်ဘက်အမျိုးသား၏ကောင်းကျိုးများကိုခံစားရတက်ပြီးအိမ်ထောင်ဘက်၏အချစ်ကိုလည်းပိုင်ဆိုင်ရတက်ပါသည်မိမိ၏ အိမ်ထောင်ဖတ်အပေါ်မှာလည်းလွန်စွာမှချစ်ခင်ကြင်နာတက်သောအမျိုးသမီးများဖြစ်တက်ပါတယ်ထိုထိုညာဘက်ပါးပြင်ပါးစပ်နားတွင်ရှိသောမှဲ့အား ရွှေပိတုန်းစုပ်မှဲ့ဟုခေါ်ဆိုပါသည်
၅) ဘယ်ဘက်ပါးပြင်ပါးစပ်နားတွင်မှဲ့ရှိလျှင်ထိုမှဲ့ပိုင်ရှင်အမျိုးသမီးသည်လွန်းစွာမှနှုတ်ချိုချိုနှင့်စကားပြောကောင်းကာပရိယာယ်ကြွယ်သောသူများဖြစ်တက်ပါသည်မိမိအလိုရှိရာမှန်သမျှကို သူတစ်ပါးလက်ခံယုံကြည်အောင်ပြေပြစ်ချောမောစွာပြောဆိုနိုင်စွမ်းရှိ၍အပြောအဟောကောင်းသောအတက်ပညာကိုပိုင်ဆိုင်ထားသည်ဟုဆိုရပေမည်အလွန်ဉာဏ်ကောင်၍အလွန်ထက်ထက်မြတ်မြတ်ရှိသောအမျိုးသမီးများလည်းဖြစ်တက်ပါသည် ထိုဘယ်ဘက်ပါးပြင်ပါးစပ်နားတွင်ရှိသောမှဲ့အားနှုတ်တဆိတ်မှဲ့ ဟုခေါ်ဆိုပါသည်
၆) နားရွတ်အပေါ်တွင်မှဲ့ရှိလျင်ထိုမှဲ့ပိုင်ရှင်အမျိုးသမီးများသည်စိတ်သဘောထားအလွန်ကောင်းသောသူများဖြစ်တက်သည်။သူတစ်ပါး၏ခံစာချက်များအားစိတ်ရှည်ရှည်ထား၍နားထောင်နှစ်သိမ့်အားပေးတက်၏လူတစ်ပါးအပေါ်အနိုင်မယူတက်နူးညံ့ချိုသာသောစကားကိုပြောဆိုတက်၏လွန်စွာယဉ်ကျေးသိမ်မွေ့၍ဣနြေ္ဒသိက္ခာရှိစွာကျင့်ကြံနေထိုင်ပြောဆိုတက်သူဖြစ်သည်လူတိုင်းမှချစ်ခင်ကြ၍အလွန်လူချစ်လူခင်ပေါများသောသူများလည် ဖြစ်တက်ပါသည်။
၇ နားရွက်၏ဘေးပါးအစပ်နားတွင်မှဲ့ရှိလျှင်ထိုမှဲ့ပိုင်ရှင်အမျိုးသမီးသည်ဘဝကိုအေးအေးချမ်းချမ်းအသက်မွေးနေထိုင်တက်သူများဖြစ်သည်အလုပ်အကိုင်များ လည်းအဆင်ပြေနေတက်ပြီးအပူသောက ကင်းသောသူများလည်းဖြစ်ပေသည်ဘဝတွင်ခက်ခက်ခဲခဲဟူ၍ မရှိအရာရာအဆင်ပြေစွာရှိနေတက်ပါသည်သူတစ်အပေါ်သနားကြင်နာတက်၍လူချစ်လူခင်ပေါများသည်။စာအုပ်စာပေများအတက်ပညာများ၊လက်မှုပညာများ၊နည်းပညာများတို့တွင် လွန်စွာဝါဒနာကြီး၍ထွန်းပေါက်အောင်မြင်သူများဖြစ်တက်၏။
၈။အပေါ်နခမ်းအထက်တည့်တည့်တွင်မှဲ့ရှိလျှင်ထိုမှဲ့ပိုင်ရှင်အမျိုးသမီးသည်စကား ပြောဆိုဆက်ဆံရာတွင်အလွန်သွတ်လက်ချက်ချာ၍အပြောအဆိုကောင်း၍ချစ်စရာအမူအရာဟန်ပန်နှင့်နှုတ်ဆိုဉာဏ်ကောင်းသောသူများဖြစ်တက်၏အစားအသောက်အကောင်းများကိုအလွန်ကြိုက်နှစ်သက်သူများဖြစ်တက်ပါသည်အလှအပကိုလွန်စွာကြိုက်သောမိန်းခလေးများဖြစ်တက်ပါသည်ထိုအမျိုးသမိးများတွင်ရုပ်ရည်ခန့်ညားချောမောလှပသောယောင်္ကျားကိုရရှိတက်ပြီးယောင်္ကျာ၏အလွန်ချစ်ခင်ကြင်နာမှုကိုလည်းရရှိတက်ပါတယ်။
၉ မျက်ခုံးအလယ်တွင်မှဲ့ရှိလျှင်ထိုမှဲ့ပိုင်ရှင်အမျိုးသမီးများသည်ဉာဏ်ပညာကြီး၍ထက်မြတ်တည်ငြိမ်သောအမျိုးသမီးများဖြစ်တက်ပါသည်။လူအများမှအထင်ကြီး၍လေးစား
ကြည်ညိုခြင်းကိုလည်းရရှိခံစားရတက်ပါသည်ထိုအမျိုးသမီးများအိမ်သည်မိမိအားအကျိုးပြုသော၊မိမိအားချစ်ခင်ကြင်နာသေမိမိအားရှေ့တန်းတင်၍အစစအရာရာဦးစာပေးတက်သောယောင်္ကျားမျိုးနှင့်သာအိမ်ထောင်ကျ၏ထိုအမျိုးသမီးတို့၏အိမ်ထောင်ရေးမှာသာယာအေးချမ်းတက်ပါသည်။
၁၀။မျက်ခုံးတို့၏အတွင်းပိုင်းအစွန်အောက်အစပ်နားတွင်မှဲ့ရှိလျှင်ထိုမှဲ့ပိုင်ရှင်အမျိုးသမီးများသည်စိတ်သဘောထားကောင်း၍တည်ငြိမ်အေးချမ်းသောသစ္စာရှိသောသစ္စာတရားကိုတန်းဖိုးထားတက်သောအမျိုးသမီးများဖြစ်တက်၏လွန်စွာယဉ်ကျေးသိမ်မွေ့၍ဣနြေ္ဒသိက္ခာရှိစွာကျင့်ကြံနေထိုင်ပြောဆိုတက်သူဖြစ်သည်အိမ်ထောင် ဘက်ကောင်းကိုရရှိတက်ပြီးအိမ်ထောင်ရေးသာယာအေးချမ်းမှုကိုရရှိတက်ပါသည်။သားကောင်းရတနာသမီးကောင်းရတနာများရရှိတက်ပြီးဘဝကိုအေးချမ်းစွာအသက်ရှင်ရပ်တည်နိုင်သောသူများဖြစ်ကြပါသည်။
creditဆရာဦးဘိုနိုင်(ဗေဒင်)
Zawgyi
၎) ညာဘက်ပါးပြင် ပါးစပ်နားတွင်မှဲရှိလျှင်ထိုအမျိုးသမီးသည်လွန်စွာချစ်ခင်ကြင်နာတက်သောသူဖြစ်တက်ပါသည်အိမ်ထောင်ကျသော်အိမ်ထောင်ဘက်အမျိုးသား၏ကောင်းကျိုးများကိုခံစားရတက်ပြီးအိမ်ထောင်ဘက်၏အချစ်ကိုလည်းပိုင်ဆိုင်ရတက်ပါသည်မိမိ၏ အိမ်ထောင်ဖတ်အပေါ်မှာလည်းလွန်စွာမှချစ်ခင်ကြင်နာတက်သောအမျိုးသမီးများဖြစ်တက်ပါတယ်ထိုထိုညာဘက်ပါးပြင်ပါးစပ်နားတွင်ရှိသောမှဲ့အား ရွှေပိတုန်းစုပ်မှဲ့ဟုခေါ်ဆိုပါသည်