ဘုရားရှိခိုးတာ အချက်( ၅ )ချက် ပြည့်အောင် ကန်တော့ရဲ့လား?

အေထြအေထြဗဟုသုတ

ဘုရားရှိခိုးတတ်ရဲ့လား-?ဖတ်ကြည့်နော်…?

ဘုရားရှိခိုးတာ အချက်( ၅ )ချက် ပြည့်အောင် ကန်တော့ရဲ့လား-?

ဘယ်လိုရှိခိုးရမလဲ ဆိုတာတော့

( ၁ ) ဘုရား ၊ တရား ၊ သံဃာ ၊ မိဘ ၊ ဆရာ တို့ကို အရင် ရှိခိုးဦးချ ?ကန်တော့ပါ။

( ၂ ) အပါယ် ဖျက်ရတယ်။ ဒီအချက်က လူတိုင်း မသိကြဘူး။ အပါယ်ဖျက်တာ လွယ်ပါတယ်။ လူတိုင်း မဖျက်တတ်ကြလို့ပါ။ဘယ်လို ဖျက်ရမလဲ ဆိုတော့ (ယခုဘဝ) ဘဝ အဆက်ဆက်က တော်စပ်ခဲ့ကျသော မိဘ ဘိုးဘွားများ ဆရာသမားများ မပြစ်မှားအပ်သော ပုဂ္ဂိုလ်များ တို့ကို ပြစ်မှားမိသည်ရှိသော် ?ရှိခိုး ဝန်ချ တောင်းပန်ပါ၏။

ဒီလို တောင်းပန်ရင်… လောလောဆယ် ပိတ်နေတဲ့ လာဘ်တွေပွင့်မယ်။ပြီးတော့… ကားတိုက်လို့ပဲ ဖြစ်ဖြစ် ရေနစ်လို့ပဲ ဖြစ်ဖြစ် အစိမ်း မသေတော့ဘူး။တောင်းပန်ရင် ဘာကြောင့် ကျေလဲ ဆိုတော့ ဒီအကြောင်းကို နားလည်အောင် ပြောရရင် ကျော်ဟိန်းတောင်ရုပ်ရှင် ရိုက်ထားတဲ့ ဒေါင်းယောင်ဆောင်သော ကျီး ဇာတ်ကားမှာလိုပေါ့…

ရဟန္တာကို ပြစ်မှားလို့ ယောက်ျားက မိန်းမ ဖြစ်တာလေ။ မိန်းမ ဖြစ်တဲ့ ဘဝမှာပဲ ရဟန္တာကို တောင်းပန်လိုက်တော့ ယောက်ျား ပြန်ဖြစ်သွားတယ်။ဒီမှာ ပြောချင်တာက… အဲဒီယောက်ျား ပြစ်မှားတာကို ရဟန္တာတောင် မသိလိုက်ဘူး။ မနောကံနဲ့ ပြစ်မှားမိတာပါ။ဒါကြောင့်… ကိုယ်က သိလို့ပဲ ဖြစ်ဖြစ် မသိလို့ပဲ ဖြစ်ဖြစ် ကာယကံ၊ ဝစီကံ ၊ မနောကံ နဲ့ ပြစ်မှားမိတာကိုတောင်းပန်ရပါမယ်။

( ၃ ) မိမိကိုယ်ကိုယ် မေတ္တာပို့ပါ။ ကိုယ် ကျန်းမာ၊ချမ်းသာမှ ဘုရားအလုပ် လုပ်နိုင်မယ်။ တရားအလုပ် လုပ်နိုင်မယ်။ သီလ စောင့်နိုင်မှာလေ။

( ၄ ) လုပ်နေကျအတိုင်း ပုတီးစိပ်၊ ဘုရားစာရွတ် မေတ္တာပွား တရားထိုင်ပေါ့

( ၅ ) သစ္စာဆို အမျှဝေပါ။

ဒီအချက်က ပြုတဲ့ ကုသိုလ်ကောင်းမှုကို သစ္စာဆို အမျှဝေရပါမယ်။ဘာကုသိုလ်ပဲ လုပ်လုပ် သစ္စာဆို အမျှဝေလို့ ရပါတယ်။

ဥပမာ… ဘုရားပန်း လှူတာ ဖြစ်ဖြစ် တိရစ္ဆာန်တွေကို အစာကျွေးတာပဲ ဖြစ်ဖြစ် တခြား အလှူတွေလည်း သစ္စာဆို အမျှဝေလို့ ရပါတယ်။ဘယ်လို သစ္စာဆို အမျှဝေရမှာလဲ ဆိုတော့…

ဥပမာ… ကျွန်တော် ဘုရားပန်း တင်လှူပါတယ်။ ဤဘုရားပန်း တင်လှူတာ မှန်ကန်ပါတယ် ဆိုတာကို သစ္စာဆိုပါ။

ဤ သစ္စာစကား မှန်ကန်ပါက ရတယ်။ဘုရားပန်းတင်လှူသော ကုသိုလ်ကို အထက်ဘဝဂ် အောက်အဝီစိအထိ သုံးဆယ့်တစ်ဘုံ ကျင်လည်ကြကုန်သော ဝေနေယျ သုခိတ ဒုက္ခိတသတ္တဝါ အပေါင်းတို့အား အမျှပေးဝေပါတယ် လို့ အမျှပေးလိုက်ပါ။

ဒကာတို့ ပေးတဲ့ အမျှကို လူ နတ် ဗြဟ္မာ သတ္တဝါ အပါယ်ဘုံသား အားလုံး ရပါတယ်။ပို့တဲ့ အမျှဝေခြင်းက သူတို့အတွက် တန်ဖိုးကြီးပါတယ်။ဘာအခက်အခဲပဲ ဖြစ်ဖြစ် သူတို့က ကူညီပါတယ်။

ပို့တဲ့ အမျှကြ သူတို့အတွက် ( ၁ဝဝ၀ )တန်ရင် ကူညီတာက သူတို့အတွက် (၁ဝ၀ )တန်လောက်ပဲ ရှိတာပါ။အခက်အခဲကို သူတို့က ကူညီမှာပါ။

ဘုရားရှိခိုးတာကို ဒီအချက် ( ၅ )ချက်နဲ့ ကန်တော့ပါ။

ဒါဆို ဘုရားရှိခိုးတာ တတ်ပါပြီ။

သာဓု သာဓု သာဓုပါ …

Credit

Zawgyi

ဘုရားရွိခိုးတတ္ရဲ႕လား-?ဖတ္ၾကည့္ေနာ္…?

ဘုရားရွိခိုးတာ အခ်က္( ၅ )ခ်က္ ျပည့္ေအာင္ ကန္ေတာ့ရဲ႕လား-?

ဘယ္လိုရွိခိုးရမလဲ ဆိုတာေတာ့

( ၁ ) ဘုရား ၊ တရား ၊ သံဃာ ၊ မိဘ ၊ ဆရာ တို႔ကို အရင္ ရွိခိုးဦးခ် ?ကန္ေတာ့ပါ။

( ၂ ) အပါယ္ ဖ်က္ရတယ္။ ဒီအခ်က္က လူတိုင္း မသိၾကဘူး။ အပါယ္ဖ်က္တာ လြယ္ပါတယ္။ လူတိုင္း မဖ်က္တတ္ၾကလို႔ပါ။ဘယ္လို ဖ်က္ရမလဲ ဆိုေတာ့ (ယခုဘဝ) ဘဝ အဆက္ဆက္က ေတာ္စပ္ခဲ့က်ေသာ မိဘ ဘိုးဘြားမ်ား ဆရာသမားမ်ား မျပစ္မွားအပ္ေသာ ပုဂၢိဳလ္မ်ား တို႔ကို ျပစ္မွားမိသည္ရွိေသာ္ ?ရွိခိုး ဝန္ခ် ေတာင္းပန္ပါ၏။

ဒီလို ေတာင္းပန္ရင္… ေလာေလာဆယ္ ပိတ္ေနတဲ့ လာဘ္ေတြပြင့္မယ္။ၿပီးေတာ့… ကားတိုက္လို႔ပဲ ျဖစ္ျဖစ္ ေရနစ္လို႔ပဲ ျဖစ္ျဖစ္ အစိမ္း မေသေတာ့ဘူး။ေတာင္းပန္ရင္ ဘာေၾကာင့္ ေက်လဲ ဆိုေတာ့ ဒီအေၾကာင္းကို နားလည္ေအာင္ ေျပာရရင္ ေက်ာ္ဟိန္းေတာင္႐ုပ္ရွင္ ႐ိုက္ထားတဲ့ ေဒါင္းေယာင္ေဆာင္ေသာ က်ီး ဇာတ္ကားမွာလိုေပါ့…

ရဟႏၲာကို ျပစ္မွားလို႔ ေယာက္်ားက မိန္းမ ျဖစ္တာေလ။ မိန္းမ ျဖစ္တဲ့ ဘဝမွာပဲ ရဟႏၲာကို ေတာင္းပန္လိုက္ေတာ့ ေယာက္်ား ျပန္ျဖစ္သြားတယ္။ဒီမွာ ေျပာခ်င္တာက… အဲဒီေယာက္်ား ျပစ္မွားတာကို ရဟႏၲာေတာင္ မသိလိုက္ဘူး။ မေနာကံနဲ႔ ျပစ္မွားမိတာပါ။ဒါေၾကာင့္… ကိုယ္က သိလို႔ပဲ ျဖစ္ျဖစ္ မသိလို႔ပဲ ျဖစ္ျဖစ္ ကာယကံ၊ ဝစီကံ ၊ မေနာကံ နဲ႔ ျပစ္မွားမိတာကိုေတာင္းပန္ရပါမယ္။

( ၃ ) မိမိကိုယ္ကိုယ္ ေမတၱာပို႔ပါ။ ကိုယ္ က်န္းမာ၊ခ်မ္းသာမွ ဘုရားအလုပ္ လုပ္ႏိုင္မယ္။ တရားအလုပ္ လုပ္ႏိုင္မယ္။ သီလ ေစာင့္ႏိုင္မွာေလ။

( ၄ ) လုပ္ေနက်အတိုင္း ပုတီးစိပ္၊ ဘုရားစာ႐ြတ္ ေမတၱာပြား တရားထိုင္ေပါ့

( ၅ ) သစၥာဆို အမွ်ေဝပါ။

ဒီအခ်က္က ျပဳတဲ့ ကုသိုလ္ေကာင္းမႈကို သစၥာဆို အမွ်ေဝရပါမယ္။ဘာကုသိုလ္ပဲ လုပ္လုပ္ သစၥာဆို အမွ်ေဝလို႔ ရပါတယ္။

ဥပမာ… ဘုရားပန္း လႉတာ ျဖစ္ျဖစ္ တိရစာၦန္ေတြကို အစာေကြၽးတာပဲ ျဖစ္ျဖစ္ တျခား အလႉေတြလည္း သစၥာဆို အမွ်ေဝလို႔ ရပါတယ္။ဘယ္လို သစၥာဆို အမွ်ေဝရမွာလဲ ဆိုေတာ့…

ဥပမာ… ကြၽန္ေတာ္ ဘုရားပန္း တင္လႉပါတယ္။ ဤဘုရားပန္း တင္လႉတာ မွန္ကန္ပါတယ္ ဆိုတာကို သစၥာဆိုပါ။

ဤ သစၥာစကား မွန္ကန္ပါက ရတယ္။ဘုရားပန္းတင္လႉေသာ ကုသိုလ္ကို အထက္ဘဝဂ္ ေအာက္အဝီစိအထိ သုံးဆယ့္တစ္ဘုံ က်င္လည္ၾကကုန္ေသာ ေဝေနယ် သုခိတ ဒုကၡိတသတၱဝါ အေပါင္းတို႔အား အမွ်ေပးေဝပါတယ္ လို႔ အမွ်ေပးလိုက္ပါ။

ဒကာတို႔ ေပးတဲ့ အမွ်ကို လူ နတ္ ျဗဟၼာ သတၱဝါ အပါယ္ဘုံသား အားလုံး ရပါတယ္။ပို႔တဲ့ အမွ်ေဝျခင္းက သူတို႔အတြက္ တန္ဖိုးႀကီးပါတယ္။ဘာအခက္အခဲပဲ ျဖစ္ျဖစ္ သူတို႔က ကူညီပါတယ္။

ပို႔တဲ့ အမွ်ၾက သူတို႔အတြက္ ( ၁ဝဝ၀ )တန္ရင္ ကူညီတာက သူတို႔အတြက္ (၁ဝ၀ )တန္ေလာက္ပဲ ရွိတာပါ။အခက္အခဲကို သူတို႔က ကူညီမွာပါ။

ဘုရားရွိခိုးတာကို ဒီအခ်က္ ( ၅ )ခ်က္နဲ႔ ကန္ေတာ့ပါ။

ဒါဆို ဘုရားရွိခိုးတာ တတ္ပါၿပီ။

သာဓု သာဓု သာဓုပါ …

Credit

Leave a Reply

Your email address will not be published. Required fields are marked *