ကျောက်ပန်းတောင်းတွင် ခရီးသည်တင် Express ကား ၂ စီး၊ ကန်တာဒိုင်နာယာဉ် ၁ စီးတိုက်မှု အလောင်း ၁၁ လောင်း ရရှိထားပြီး လူနာ ၃၀ ဦးကျော်နိုင်၊သွေးအရေးပေါ် လိုအပ်နေသဖြင့် ကူညီကြရန် ပန်ကြား
ရန်ကုန်၊ စက်တင်ဘာ ၁၄
မန္တလေးတိုင်း၊ ကျောင်းပန်းတောင်းမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာထိပ်တွင် ခရီးသည်တင် Express ကား ၂ စီး၊ ကန်တာဒိုင်နာယာဉ် ၁ စီးတို့ ယနေ့ ည ၈ နာရီ ၄၅မိနစ်အချိန်တွင် တိုက်မိကြပြီး အလောင်း ၁၁ လောင်းရရှိထားကာ သေဆုံးသူနှင့်ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ဦးအထက်ရှိနိုင်ကြောင်း ကယ်ဆယ်ရေးသမားများက
ပြောသည်။
စက်တင်ဘာလ ၁၄ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်အချိန် ကျောက်ပန်းတောင်းမြို့နယ် ဇီးဖြူကုန်းကျေးရွာထိပ်တွင် ပုဂံမင်းသား ခရီးသည်တင်ကား၊ သန်မြန်သူခရီးသည်တင် Express ကား နှင့် Canter ကား၁ စီး စုစုပေါင်း ၃ စီး တိုက်မိကြခြင်းဖြစ်ပြီး လတ်လောက် အလောင်း ၁၁ လောင်း ရရှိထားကြောင်း၊ လက်ရှိအချိန်အထိ လူနာများနှင့်အလောင်းများ ဆွဲထုတ်နေရဆဲဖြစ်ကြောင်း၊ လူနာများအတွက် သွေးအလွန်လိုအပ်နေကြောင်း ကယ်ဆယ်ရေးတွင် ပါဝင်သူတစ်ဦးကပြောသည်။
“အခု သွေးတွေ အရမ်းလိုနေပါတယ်။ ထုတ်လို့ရတဲ့ အလောင်းက ၁၁ လောင်းပါ။ သေဆုံးနဲ့ထိခိုက်တဲ့ အရေ အ တွက် ၃၀ နှင့်အထက်မှာ ရှိနိုင်ပါတယ်။ အကူအညီအရမ်းလိုအပ်နေပါတယ်။ အဓိကသွေးလိုနေတာ။ အရေးပေါ် အခြေအနေမို့ လူနာအရေအတွက်များနိုင်တယ်။ သေဆုံးတဲ့အထဲမှာ သီလရှင်တွေလည်း
ပါနေပါတယ်။
အခုထက်ထိတော့ လူနာတွေ အလောင်းတွေ ဆွဲထုတ်နေတုန်းပဲ” ဟု ကယ်ဆယ်ရေးတွင် ပါဝင်နေသူ ဒေသခံတစ်ဦးက ပြောသည်။
ဒေသသတင်းရင်းမြစ် KPG Update News ကမူ ” လောလောဆယ် ၁၄ လောင်း သိရပါတယ်။ အလောင်း ၁၅ လောင်း လောက်တော့ရှိမယ်ထင်တယ်။အလောင်း ၁၂ လောင်းတော့ အတည်ပြုလို့ရပါပြီ” ဟု ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ခရီးသည်တင်ကား ၂ စီးတွင်း အနည်းဆုံး လူ ၆၀ နီးပါး လိုက်ပါလာသည်ဟု ခန့်မှန်းပြောဆိုကြပြီး လက်ရှိအချိန်အထိ လိုက်ပါသည့် ခရီးသည်အရေအတွက် မသိရှိရသေးဟု ကယ်ဆယ်ရေးတွင် ပါဝင်သူတစ်ဦးက ဆိုသည်။
ဓာတ်ပုံ- ယာဉ်တိုက်မှုအတွင်းမှ ဆွဲထုတ်ထားသော အလောင်းများနှင့် လူနာများ။
Zawgyi
ေက်ာက္ပန္းေတာင္းတြင္ ခရီးသည္တင္ Express ကား ၂ စီး၊ ကန္တာဒိုင္နာယာဥ္ ၁ စီးတိုက္မႈ အေလာင္း ၁၁ ေလာင္း ရရွိထားၿပီး လူနာ ၃၀ ဦးေက်ာ္ႏိုင္၊ေသြးအေရးေပၚ လိုအပ္ေနသျဖင့္ ကူညီၾကရန္ ပန္ၾကား
ရန္ကုန္၊ စက္တင္ဘာ ၁၄
မႏၲေလးတိုင္း၊ ေက်ာင္းပန္းေတာင္းၿမိဳ႕နယ္၊ ဇီးျဖဴကုန္းေက်း႐ြာထိပ္တြင္ ခရီးသည္တင္ Express ကား ၂ စီး၊ ကန္တာဒိုင္နာယာဥ္ ၁ စီးတို႔ ယေန႔ ည ၈ နာရီ ၄၅မိနစ္အခ်ိန္တြင္ တိုက္မိၾကၿပီး အေလာင္း ၁၁ ေလာင္းရရွိထားကာ ေသဆုံးသူႏွင့္ထိခိုက္ဒဏ္ရာရရွိသူ ၃၀ ဦးအထက္ရွိႏိုင္ေၾကာင္း ကယ္ဆယ္ေရးသမားမ်ားက
ေျပာသည္။
စက္တင္ဘာလ ၁၄ ရက္ေန႔ ည ၈ နာရီ ၄၅ မိနစ္အခ်ိန္ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ ဇီးျဖဴကုန္းေက်း႐ြာထိပ္တြင္ ပုဂံမင္းသား ခရီးသည္တင္ကား၊ သန္ျမန္သူခရီးသည္တင္ Express ကား ႏွင့္ Canter ကား၁ စီး စုစုေပါင္း ၃ စီး တိုက္မိၾကျခင္းျဖစ္ၿပီး လတ္ေလာက္ အေလာင္း ၁၁ ေလာင္း ရရွိထားေၾကာင္း၊ လက္ရွိအခ်ိန္အထိ လူနာမ်ားႏွင့္အေလာင္းမ်ား ဆြဲထုတ္ေနရဆဲျဖစ္ေၾကာင္း၊ လူနာမ်ားအတြက္ ေသြးအလြန္လိုအပ္ေနေၾကာင္း ကယ္ဆယ္ေရးတြင္ ပါဝင္သူတစ္ဦးကေျပာသည္။
“အခု ေသြးေတြ အရမ္းလိုေနပါတယ္။ ထုတ္လို႔ရတဲ့ အေလာင္းက ၁၁ ေလာင္းပါ။ ေသဆုံးနဲ႔ထိခိုက္တဲ့ အေရ အ တြက္ ၃၀ ႏွင့္အထက္မွာ ရွိႏိုင္ပါတယ္။ အကူအညီအရမ္းလိုအပ္ေနပါတယ္။ အဓိကေသြးလိုေနတာ။ အေရးေပၚ အေျခအေနမို႔ လူနာအေရအတြက္မ်ားႏိုင္တယ္။ ေသဆုံးတဲ့အထဲမွာ သီလရွင္ေတြလည္း
ပါေနပါတယ္။
အခုထက္ထိေတာ့ လူနာေတြ အေလာင္းေတြ ဆြဲထုတ္ေနတုန္းပဲ” ဟု ကယ္ဆယ္ေရးတြင္ ပါဝင္ေနသူ ေဒသခံတစ္ဦးက ေျပာသည္။
ေဒသသတင္းရင္းျမစ္ KPG Update News ကမူ ” ေလာေလာဆယ္ ၁၄ ေလာင္း သိရပါတယ္။ အေလာင္း ၁၅ ေလာင္း ေလာက္ေတာ့ရွိမယ္ထင္တယ္။အေလာင္း ၁၂ ေလာင္းေတာ့ အတည္ျပဳလို႔ရပါၿပီ” ဟု ရန္ကုန္ေခတ္သစ္ သတင္းဌာနထံသို႔ ေျပာဆိုသည္။
ခရီးသည္တင္ကား ၂ စီးတြင္း အနည္းဆုံး လူ ၆၀ နီးပါး လိုက္ပါလာသည္ဟု ခန႔္မွန္းေျပာဆိုၾကၿပီး လက္ရွိအခ်ိန္အထိ လိုက္ပါသည့္ ခရီးသည္အေရအတြက္ မသိရွိရေသးဟု ကယ္ဆယ္ေရးတြင္ ပါဝင္သူတစ္ဦးက ဆိုသည္။
ဓာတ္ပုံ- ယာဥ္တိုက္မႈအတြင္းမွ ဆြဲထုတ္ထားေသာ အေလာင္းမ်ားႏွင့္ လူနာမ်ား။