ပုဂံက အကြော်သည်လေးရဲ့ အတုယူဖွယ် ဈေးရောင်းနည်း ပညာ (သို့မဟုတ် ) စေတနာ ဈေးရောင်းနည်း…
ပုဂံမှာ ပုဇွန်ကြော်လေးစားလိုက်ရရင် အတော်အရသာရှိတယ် သွားသူတိုင်းပြောကြတယ်.. ဘုရားအောက်မှာ အဲ့အန်တီကြီး အကြော်ရောင်းတယ်.. မြန်မာတွေရဲ့ ထုံးစံ သူ့ဘေးမှာ ပုံစံတူ အကြော်ရောင်းသူတွေ တူညီတဲ့ စီးပွားပြိုင်ဘက်တွေ အများကြီးပဲ.. သူက မတူကွဲပြားအောင် လုပ်မရဘူး.. ဒီ အကြော်ပဲ ရောင်းစရာရှိတယ်.. ဒါနဲ့ သူဘာလုပ်လဲဆိုတာ
ကျွန်တော် ကြည့်တယ် Value Added Service ပေးတာပဲလုပ်လို့ရတယ်ဆိုတာ သူနားလည်တယ်.. နံပါတ် တစ် လှေကားက ဆင်းလာသမျှ ဘုရားဖူးအကုန်လုံးရဲ့ ဖိနပ်တွေ ကြည့်ပေးတယ်.. စကားချိုချိုနဲ့ ရောင်းတယ်.. မြန်မာတွေ အားနာတယ် Attention ရတယ်.. နံပါတ် နှစ် တစ်ခြား ဈေးသည်တွေ ငွေနောက်လိုက်နေချိန် သူက အကြော်အပိုင်းလေးတွေ
ကိုင်ပြီး စားသွားပါဦးပြောတယ်.. အမြည်းကျွေးတယ်.. ကျွန်တော်တို့ မြန်မာတွေအားနာပြန်တယ်.. ဝယ်စားချင်စိတ်ဖြစ်တယ်.. နံပါတ် သုံး သူ့ပုံစံက ဒီအကြော်လေးပဲ ရောင်းရပြီး ဘဝရပ်တည်နေရတဲ့ပုံ မြို့သားတွေ မြို့သူတွေ သနားကြတယ်.. နဲနဲလေးဖြစ်ဖြစ်ဝယ်ရမယ်ဆိုတဲ့ စိတ်လေးပေါ်ပေါက်လာတယ်.. နံပါတ် လေး ဈေးဆစ်တယ် ဈေးမလျှော့ဘူး.. ဒါပေမယ့် အပိုထည့်ပေးတယ် Quality ကို တင်တယ် Value ထည့်ပေးတယ်.. တစ်+နှစ်+သုံး+လေး = Sales သူ ရောင်းရတယ်.. ဝယ်စားတဲ့သူတွေမှာ
ခံစားရတယ် Quality ရတဲ့အပြင် အပိုထပ်ဆောင်းလေးပါရတယ်.. မဝယ်စားဖြစ်တဲ့သူတွေက စိတ်ထဲ ကိုယ့်ဘာသာ Guilty ဖြစ်တယ်.. ငါနောက်တခါဝယ်စားမယ်ဆိုပြီး စိတ်ပညာအရ နိုးဆွထားတယ်.. ဒီ logic က အဲ့ပုဂံက အန်တီတင်မဟုတ် အင်ဒိုနီးရှား ဘာလီ ကျွန်းမှာလဲ သုံးတယ်.. ဘာလီကျွန်းက ကြောင်ချီးကော်ဖီဆိုင်တွေမှာ Staff တွေ အပင်ပန်းခံလိုက်ပြတယ်
ရှင်းပြတယ် ကော်ဖီအခမဲ့တိုက်တယ် နည်းမျိုးစုံဂရုစိုက်ပေးတယ်.. ဒါနဲ့ ရောင်းတဲ့ပစ္စည်းတွေကို ထပ်ထပ်ပြီး ဝယ်ဖြစ်သွားတယ်.. ရောင်းသူကလည်း ထပ်ပြီး Value တွေထည့် Product တွေ မသိမသာ ထပ်ရောင်း ဒါနဲ့ပဲ ထပ်ခါထပ်ခါ ရောင်းချခြင်းနည်းဗျူဟာ အောင်မြင်နေကြတယ် တကယ်ပါ.. ခင်ဗျားတို့ရော ဘာလုပ်ကြမှာလဲ မျက်နှာစူပုပ်ပြီး သူဝယ်ချင်ဝယ် မဝယ်ချင်နေ
လုပ်နေကြဦးမှာလား အခမဲ့လေး မပေးချင်ဘူးလား သူမဝယ်လဲ ဝန်ဆောင်မှုကောင်းကောင်းမပေးချင်ကြဘူးလား.. စေတနာ အပြည့်မထားချင်ကြဘူးလား.. တကယ်ပါ စေတနာဆိုတာ ရောင်ပြန်ဟပ်ပါတယ်။ Win – Win Strategy ပါ။ ကဲ ခင်ဗျားတို့ကော ဘယ်လိုလဲ..
(Nang Htike Aung)
zawgyi
ပုဂံက အေၾကာ္သည္ေလးရဲ႕ အတုယူဖြယ္ ေဈးေရာင္းနည္း ပညာ (သို႔မဟုတ္ ) ေစတနာ ေဈးေရာင္းနည္း…
ပုဂံမွာ ပုဇြန္ေၾကာ္ေလးစားလိုက္ရရင္ အေတာ္အရသာရွိတယ္ သြားသူတိုင္းေျပာၾကတယ္.. ဘုရားေအာက္မွာ အဲ့အန္တီႀကီး အေၾကာ္ေရာင္းတယ္.. ျမန္မာေတြရဲ႕ ထုံးစံ သူ႔ေဘးမွာ ပုံစံတူ အေၾကာ္ေရာင္းသူေတြ တူညီတဲ့ စီးပြားၿပိဳင္ဘက္ေတြ အမ်ားႀကီးပဲ.. သူက မတူကြဲျပားေအာင္ လုပ္မရဘူး.. ဒီ အေၾကာ္ပဲ ေရာင္းစရာရွိတယ္.. ဒါနဲ႔ သူဘာလုပ္လဲဆိုတာ
ကြၽန္ေတာ္ ၾကည့္တယ္ Value Added Service ေပးတာပဲလုပ္လို႔ရတယ္ဆိုတာ သူနားလည္တယ္.. နံပါတ္ တစ္ ေလွကားက ဆင္းလာသမွ် ဘုရားဖူးအကုန္လုံးရဲ႕ ဖိနပ္ေတြ ၾကည့္ေပးတယ္.. စကားခ်ိဳခ်ိဳနဲ႔ ေရာင္းတယ္.. ျမန္မာေတြ အားနာတယ္ Attention ရတယ္.. နံပါတ္ ႏွစ္ တစ္ျခား ေဈးသည္ေတြ ေငြေနာက္လိုက္ေနခ်ိန္ သူက အေၾကာ္အပိုင္းေလးေတြ
ကိုင္ၿပီး စားသြားပါဦးေျပာတယ္.. အျမည္းေကြၽးတယ္.. ကြၽန္ေတာ္တို႔ ျမန္မာေတြအားနာျပန္တယ္.. ဝယ္စားခ်င္စိတ္ျဖစ္တယ္.. နံပါတ္ သုံး သူ႔ပုံစံက ဒီအေၾကာ္ေလးပဲ ေရာင္းရၿပီး ဘဝရပ္တည္ေနရတဲ့ပုံ ၿမိဳ႕သားေတြ ၿမိဳ႕သူေတြ သနားၾကတယ္.. နဲနဲေလးျဖစ္ျဖစ္ဝယ္ရမယ္ဆိုတဲ့ စိတ္ေလးေပၚေပါက္လာတယ္.. နံပါတ္ ေလး ေဈးဆစ္တယ္ ေဈးမေလွ်ာ့ဘူး.. ဒါေပမယ့္ အပိုထည့္ေပးတယ္ Quality ကို တင္တယ္ Value ထည့္ေပးတယ္.. တစ္+ႏွစ္+သုံး+ေလး = Sales သူ ေရာင္းရတယ္.. ဝယ္စားတဲ့သူေတြမွာ
ခံစားရတယ္ Quality ရတဲ့အျပင္ အပိုထပ္ေဆာင္းေလးပါရတယ္.. မဝယ္စားျဖစ္တဲ့သူေတြက စိတ္ထဲ ကိုယ့္ဘာသာ Guilty ျဖစ္တယ္.. ငါေနာက္တခါဝယ္စားမယ္ဆိုၿပီး စိတ္ပညာအရ ႏိုးဆြထားတယ္.. ဒီ logic က အဲ့ပုဂံက အန္တီတင္မဟုတ္ အင္ဒိုနီးရွား ဘာလီ ကြၽန္းမွာလဲ သုံးတယ္.. ဘာလီကြၽန္းက ေၾကာင္ခ်ီးေကာ္ဖီဆိုင္ေတြမွာ Staff ေတြ အပင္ပန္းခံလိုက္ျပတယ္
ရွင္းျပတယ္ ေကာ္ဖီအခမဲ့တိုက္တယ္ နည္းမ်ိဳးစုံဂ႐ုစိုက္ေပးတယ္.. ဒါနဲ႔ ေရာင္းတဲ့ပစၥည္းေတြကို ထပ္ထပ္ၿပီး ဝယ္ျဖစ္သြားတယ္.. ေရာင္းသူကလည္း ထပ္ၿပီး Value ေတြထည့္ Product ေတြ မသိမသာ ထပ္ေရာင္း ဒါနဲ႔ပဲ ထပ္ခါထပ္ခါ ေရာင္းခ်ျခင္းနည္းဗ်ဴဟာ ေအာင္ျမင္ေနၾကတယ္ တကယ္ပါ.. ခင္ဗ်ားတို႔ေရာ ဘာလုပ္ၾကမွာလဲ မ်က္ႏွာစူပုပ္ၿပီး သူဝယ္ခ်င္ဝယ္ မဝယ္ခ်င္ေန
လုပ္ေနၾကဦးမွာလား အခမဲ့ေလး မေပးခ်င္ဘူးလား သူမဝယ္လဲ ဝန္ေဆာင္မႈေကာင္းေကာင္းမေပးခ်င္ၾကဘူးလား.. ေစတနာ အျပည့္မထားခ်င္ၾကဘူးလား.. တကယ္ပါ ေစတနာဆိုတာ ေရာင္ျပန္ဟပ္ပါတယ္။ Win – Win Strategy ပါ။ ကဲ ခင္ဗ်ားတို႔ေကာ ဘယ္လိုလဲ..
(Nang Htike Aung)