“အောင်မြင်လိုသူတိုင်း သိထားသင့်တဲ့ ဆ (၃)လုံး”

အေထြအေထြဗဟုသုတ

ကိုယ်လိုချင်တာတွေကို အမြဲတစေရရှိပိုင်ဆိုင်ချင်တယ် ဆိုရင် မိတ်ဆွေအနေနဲ့ အများကြီး လုပ်စရာ မလိုပါဘူး။ဒါလေးကိုပဲ သိထားသင့်ပါတယ်။

၁။ ဆန္ဒ

အောင်မြင်ချင်တယ်၊ တိုးတက်ချင်တယ်ဆိုရင် ပထမဆုံး ရှိရမှာကတော့ အောင်မြင်ချင်တယ်ဆိုတဲ့ဆန္ဒ အရင်ရှိရမှာ ဖြစ်ပါတယ်။ မိတ်ဆွေမှာ “ပြင်းပြတဲ့ ဆန္ဒတစ်ခု” ရှိနေပြီဆိုရင် သေချာပါတယ်။

မိတ်ဆွေလုပ်မဲ့ တစ်ခုတည်းသော အရာက ကိုယ်ပိုင်ဆိုင်ချင်တဲ့ ဘ၀ တစ်ခုကို ဘယ်လို ပိုင်ဆိုင်နိုင်အောင် လုပ်ရမလဲဆိုတဲ့ နည်းလမ်းတွေကိုပဲ လိုက်ရှာတော့မှာပဲ ဖြစ်ပါတယ်။

အဲ့ဒီလိုမှ မဟုတ်သေးဘူးဆိုရင်တော့ မိတ်ဆွေရဲ့ ဆန္ဒက အားမကောင်းသေးလို့ပါ။

၂။ ဆုံးဖြတ်ချက်

ကိုယ်ဘာလုပ်ရမယ်ဆိုတာကို ရွေးချယ်ပြီးပြီဆိုရင် ဖြစ်အောင် ကြိုးစားတော့မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကို ချမှတ်ရတော့မှာ ဖြစ်ပါတယ်။

ဆုံးဖြတ်ချက်တွေ ပိုင်နိုင်စွာ မချဖြစ်သေးဘူးဆိုရင် လုပ်ဖြစ်မှာလည်း မဟုတ်သေးပါဘူး။ ဒါ့ကြောင့် ဆုံးဖြတ်ချက်ကို ခိုင်မာစွာ ချဖို့ အရေးကြီးပါတယ်။

၃။ ဆက်လုပ်

မိတ်ဆွေမှာ ပြင်းပြတဲ့ ဆန္ဒလည်း ရှိနေပြီ။ ခိုင်မာတဲ့ ဆုံးဖြတ်ချက်လည်း ချပြီးပြီဆိုရင်တော့ ဒီမှာတင် ရပ်မနေဖို့အရေးကြီးပါတယ်။ ဖြစ်ချင်တာတွေရဖို့ ဆက်လုပ် ရတော့မှာပါပဲ။

တစ်ခု သတိထားရမှာက အောင်မြင်မှုဆိုတာ သတ်မှတ်ချက်ရှိထားပြီးသား နေရာတစ်ခု မဟုတ်ပါဘူး။ ခရီးတစ်ခုသွားနေရသလိုပဲ မိတ်ဆွေရဲ့ ပန်းတိုင်တွေကလည်း တစ်ခုတည်းနဲ့တော့ ရပ်တန့်နေမှာ မဟုတ်ပါဘူး။

ပန်းတိုင်တစ်ခုရောက်ပြီဆိုတာနဲ့ အောင်ပွဲခံပါ။ နောက်ထပ် ပန်းတိုင်တွေအတွက်လဲ ဆက်အားမွေးပြီး လျှောက်လှမ်းရမှာပဲဖြစ်ပါတယ်။

အောင်မြင်မှုဆိုတာ ရပ်တန့်မသွားမဲ့ခရီးလမ်းတစ်ခုမို့ အမြဲတမ်းပဲ ဆက်လက်လျှောက်လှမ်းနေဖို့လိုပါတယ်။မိတ်ဆွေတို့ရော ဘယ် အချက်တွေကို လုပ်ဆောင်နေပြီလဲ?

Comment မှာ မျှဝေခဲ့ပါဦး။

“ကိုယ်ချစ်ရတဲ့သူတွေကို ပြန်မျှ‌ဝေဖို့မမေ့နဲ့နော်”

Credit: Original Writer

zawgyi

ကိုယ္လိုခ်င္တာေတြကို အၿမဲတေစရရွိပိုင္ဆိုင္ခ်င္တယ္ ဆိုရင္ မိတ္ေဆြအေနနဲ႔ အမ်ားႀကီး လုပ္စရာ မလိုပါဘူး။ဒါေလးကိုပဲ သိထားသင့္ပါတယ္။

၁။ ဆႏၵ

ေအာင္ျမင္ခ်င္တယ္၊ တိုးတက္ခ်င္တယ္ဆိုရင္ ပထမဆုံး ရွိရမွာကေတာ့ ေအာင္ျမင္ခ်င္တယ္ဆိုတဲ့ဆႏၵ အရင္ရွိရမွာ ျဖစ္ပါတယ္။ မိတ္ေဆြမွာ “ျပင္းျပတဲ့ ဆႏၵတစ္ခု” ရွိေနၿပီဆိုရင္ ေသခ်ာပါတယ္။

မိတ္ေဆြလုပ္မဲ့ တစ္ခုတည္းေသာ အရာက ကိုယ္ပိုင္ဆိုင္ခ်င္တဲ့ ဘ၀ တစ္ခုကို ဘယ္လို ပိုင္ဆိုင္ႏိုင္ေအာင္ လုပ္ရမလဲဆိုတဲ့ နည္းလမ္းေတြကိုပဲ လိုက္ရွာေတာ့မွာပဲ ျဖစ္ပါတယ္။

အဲ့ဒီလိုမွ မဟုတ္ေသးဘူးဆိုရင္ေတာ့ မိတ္ေဆြရဲ႕ ဆႏၵက အားမေကာင္းေသးလို႔ပါ။

၂။ ဆုံးျဖတ္ခ်က္

ကိုယ္ဘာလုပ္ရမယ္ဆိုတာကို ေ႐ြးခ်ယ္ၿပီးၿပီဆိုရင္ ျဖစ္ေအာင္ ႀကိဳးစားေတာ့မယ္ဆိုတဲ့ဆုံးျဖတ္ခ်က္ကို ခ်မွတ္ရေတာ့မွာ ျဖစ္ပါတယ္။

ဆုံးျဖတ္ခ်က္ေတြ ပိုင္ႏိုင္စြာ မခ်ျဖစ္ေသးဘူးဆိုရင္ လုပ္ျဖစ္မွာလည္း မဟုတ္ေသးပါဘူး။ ဒါ့ေၾကာင့္ ဆုံးျဖတ္ခ်က္ကို ခိုင္မာစြာ ခ်ဖို႔ အေရးႀကီးပါတယ္။

၃။ ဆက္လုပ္

မိတ္ေဆြမွာ ျပင္းျပတဲ့ ဆႏၵလည္း ရွိေနၿပီ။ ခိုင္မာတဲ့ ဆုံးျဖတ္ခ်က္လည္း ခ်ၿပီးၿပီဆိုရင္ေတာ့ ဒီမွာတင္ ရပ္မေနဖို႔အေရးႀကီးပါတယ္။ ျဖစ္ခ်င္တာေတြရဖို႔ ဆက္လုပ္ ရေတာ့မွာပါပဲ။

တစ္ခု သတိထားရမွာက ေအာင္ျမင္မႈဆိုတာ သတ္မွတ္ခ်က္ရွိထားၿပီးသား ေနရာတစ္ခု မဟုတ္ပါဘူး။ ခရီးတစ္ခုသြားေနရသလိုပဲ မိတ္ေဆြရဲ႕ ပန္းတိုင္ေတြကလည္း တစ္ခုတည္းနဲ႔ေတာ့ ရပ္တန႔္ေနမွာ မဟုတ္ပါဘူး။

ပန္းတိုင္တစ္ခုေရာက္ၿပီဆိုတာနဲ႔ ေအာင္ပြဲခံပါ။ ေနာက္ထပ္ ပန္းတိုင္ေတြအတြက္လဲ ဆက္အားေမြးၿပီး ေလွ်ာက္လွမ္းရမွာပဲျဖစ္ပါတယ္။

ေအာင္ျမင္မႈဆိုတာ ရပ္တန႔္မသြားမဲ့ခရီးလမ္းတစ္ခုမို႔ အၿမဲတမ္းပဲ ဆက္လက္ေလွ်ာက္လွမ္းေနဖို႔လိုပါတယ္။မိတ္ေဆြတို႔ေရာ ဘယ္ အခ်က္ေတြကို လုပ္ေဆာင္ေနၿပီလဲ?

Comment မွာ မွ်ေဝခဲ့ပါဦး။

“ကိုယ္ခ်စ္ရတဲ့သူေတြကို ျပန္မွ်‌ေဝဖို႔မေမ့နဲ႔ေနာ္”

Credit: Original Writer

Leave a Reply

Your email address will not be published. Required fields are marked *