ဂျာအေးကဗျာကို သင်တာသင်ခဲ့ရတာ အခုမှပဲ အဓိပ္ပါယ်ကို သိရတော့တယ်

အေထြအေထြဗဟုသုတ

ဂျာအေးကဗျာကို သင်တာသင်ခဲ့ရတာ အခုမှပဲ အဓိပ္ပါယ်ကို သိရတော့တယ်

ကပေါက်တိ ကပေါက်ချာ စာသားတွေနဲ့ဘယ်ကစပြီး ဘယ်တော့ဆုံးမယ်မှန်းမသိတဲ့ ဒီကဗျာလေးကို ကျွန်တော်တို့ငယ်စဉ်ကတည်းကအလွတ်ရနေခဲ့ကြတာပေမယ့် အဓိပ္ပါယ်သိသူနည်းပါးဦးမှာပါ…

ဒီကဗျာကို ကြောင်ပမ်းဆရာတော်ကြီးက ရေးဖွဲ့ခဲ့ပြီး ရေးသားခဲ့တဲ့ခုနှစ်နဲ့မူရင်း အဓိပ္ပါယ်ကို သေချာမသိရပါဘူး..

 

ဒါပေမယ့်ကံအကြောင်းတိုက်ဆိုင်စွာ ကဗျာရဲ့ အဓိပ္ပါယ်ကို လေ့လာ မှတ်သားခဲ့ရတဲ့အတွက် ဝေမျှလိုက်ပါတယ်..

မုန့်လုံးကိစက္ကူကပ်ပါလို့ မုန့်လုံးနဲ့တူတဲ့ ကျွန်တော်တို့ရဲ့ခန္ဓာငါးပါးသက္ကာယတရားတွေကိုတဏှာဒိဋ္ဌိတွေနဲ့ စွဲကပ်ထားပါတယ်..

ကြာကလပ်နဲ့ ဆွမ်းတော်တင်နတ်ချမ်းသာ ဗြဟ္မာချမ်းသာတွေကို ရည်စူးပြီး ကုသိုလ် ကောင်းမှုတွေ ပြုလုပ်ကြပါတယ်။

ပလ္လင်ပေါ်က မျောက်ကလေး ဆင်းတယ်လို့ပြေးဂျာအေး ကောင်းမှုတွေလုပ်လို့ ကောင်းရာဘုံဘဝတွေ ရောက်ပေမယ့်လည်း(မုန့်လုံးကို စက္ကူကပ်ပြီး လှူသလို တဏှာလောဘနဲ့ လုပ်တဲ့ ကုသိုလ်တွေ ဖြစ်လေတော့) အချိန်တန်လို့ကုသိုလ်အဟုန်တွေကုန်တော့အပါယ်ဘုံ (သို့)လူ့ဘုံကိုပဲ ရောက်ရတာပါပဲ..

ဂျာအေးကိုသူ့အမေရိုက်ပါလို့ မှောင်မိုက်မှာငို ကံတရားရဲ့အကျိုးပေးကြောင့်လူဘုံကို ရောက်တဲ့အချိန်မှာလဲအမှောင်နဲ့တူတဲ့အဝိဇ္ဇာတွေကြားထဲမှဒုက္ခသစ္စာနဲ့ ကြုံပြန်တော့ပူဆွေးရပြန်ပါတယ်..

 

ကိုလူပျို ထရံပေါက်က ခြေထောက်ကိုဆွဲ တွဲလွဲ

ကံကောင်းစွာနဲ့ပဲကျွန်တော်တို့ဟာသာသနာနဲ့ကြုံကြိုက်လို့ဓမ္မအလင်းရောင်နဲ့ တွေ့ပြီးအမှောင်ထဲကလွတ်မဲ့လမ်းစ မြင်လာရပါတယ်

မိုးတောင်ကချုန်း မုန့်လုံး သာသနာတော်နဲ့ ကြုံပေမယ့် အဖျက်အမှောင့်တွေကြောင့် အားမထုတ်နိုင်ခဲ့ရင်ဖြင့်မုန့်လုံးဘဝသို့ ပြန်လည် ရောက်ရှိသွားမှာဖြစ်ပါတယ်

မုန့်လုံးဘဝကို ရောက်ရှိရင်ဖြင့်မဆုံးနိုင်တဲ့ သံသရာကိုဘယ်နှကြိမ်မှန်းမသိဘဲအထပ်ထပ် ပြန်ကျော့နေရဦးမှာ ဖြစ်ပါတော့တယ်..

ကဗျာလေးကတိုပေမယ့်မသိတော့ပြုလုပ် ပြုလုပ်တော့ရရှိ ရရှိတော့ခံစားခံစားတော့ လိုချင် ၊ လိုချင်တော့စွဲလမ်း စွဲလမ်းတော့ပြုလုပ်နဲ့ ဘဝသံသရာ ဝဲဂယက်ထဲမဆုံးနိုင်အောင်အထပ်ထပ်လည်ပတ်နေရပုံကို ရေးဖွဲ့ထားတဲ့သံဝေဂရစရာကဗျာလေးတစ်ပုဒ် ဖြစ်ပါတယ်…။

Credit

Zawgyi

ဂ်ာေအးကဗ်ာကို သင္တာသင္ခဲ့ရတာ အခုမွပဲ အဓိပၸါယ္ကို သိရေတာ့တယ္

ကေပါက္တိ ကေပါက္ခ်ာ စာသားေတြနဲ႔ဘယ္ကစၿပီး ဘယ္ေတာ့ဆုံးမယ္မွန္းမသိတဲ့ ဒီကဗ်ာေလးကို ကြၽန္ေတာ္တို႔ငယ္စဥ္ကတည္းကအလြတ္ရေနခဲ့ၾကတာေပမယ့္ အဓိပၸါယ္သိသူနည္းပါးဦးမွာပါ…

ဒီကဗ်ာကို ေၾကာင္ပမ္းဆရာေတာ္ႀကီးက ေရးဖြဲ႕ခဲ့ၿပီး ေရးသားခဲ့တဲ့ခုႏွစ္နဲ႔မူရင္း အဓိပၸါယ္ကို ေသခ်ာမသိရပါဘူး..

ဒါေပမယ့္ကံအေၾကာင္းတိုက္ဆိုင္စြာ ကဗ်ာရဲ႕ အဓိပၸါယ္ကို ေလ့လာ မွတ္သားခဲ့ရတဲ့အတြက္ ေဝမွ်လိုက္ပါတယ္..

မုန႔္လုံးကိစကၠဴကပ္ပါလို႔ မုန႔္လုံးနဲ႔တူတဲ့ ကြၽန္ေတာ္တို႔ရဲ႕ခႏၶာငါးပါးသကၠာယတရားေတြကိုတဏွာဒိ႒ိေတြနဲ႔ စြဲကပ္ထားပါတယ္..

ၾကာကလပ္နဲ႔ ဆြမ္းေတာ္တင္နတ္ခ်မ္းသာ ျဗဟၼာခ်မ္းသာေတြကို ရည္စူးၿပီး ကုသိုလ္ ေကာင္းမႈေတြ ျပဳလုပ္ၾကပါတယ္။

ပလႅင္ေပၚက ေမ်ာက္ကေလး ဆင္းတယ္လို႔ေျပးဂ်ာေအး ေကာင္းမႈေတြလုပ္လို႔ ေကာင္းရာဘုံဘဝေတြ ေရာက္ေပမယ့္လည္း(မုန႔္လုံးကို စကၠဴကပ္ၿပီး လႉသလို တဏွာေလာဘနဲ႔ လုပ္တဲ့ ကုသိုလ္ေတြ ျဖစ္ေလေတာ့) အခ်ိန္တန္လို႔ကုသိုလ္အဟုန္ေတြကုန္ေတာ့အပါယ္ဘုံ (သို႔)လူ႔ဘုံကိုပဲ ေရာက္ရတာပါပဲ..

ဂ်ာေအးကိုသူ႔အေမ႐ိုက္ပါလို႔ ေမွာင္မိုက္မွာငို ကံတရားရဲ႕အက်ိဳးေပးေၾကာင့္လူဘုံကို ေရာက္တဲ့အခ်ိန္မွာလဲအေမွာင္နဲ႔တူတဲ့အဝိဇၨာေတြၾကားထဲမွဒုကၡသစၥာနဲ႔ ႀကဳံျပန္ေတာ့ပူေဆြးရျပန္ပါတယ္..

ကိုလူပ်ိဳ ထရံေပါက္က ေျခေထာက္ကိုဆြဲ တြဲလြဲ

ကံေကာင္းစြာနဲ႔ပဲကြၽန္ေတာ္တို႔ဟာသာသနာနဲ႔ႀကဳံႀကိဳက္လို႔ဓမၼအလင္းေရာင္နဲ႔ ေတြ႕ၿပီးအေမွာင္ထဲကလြတ္မဲ့လမ္းစ ျမင္လာရပါတယ္

မိုးေတာင္ကခ်ဳန္း မုန႔္လုံး သာသနာေတာ္နဲ႔ ႀကဳံေပမယ့္ အဖ်က္အေမွာင့္ေတြေၾကာင့္ အားမထုတ္ႏိုင္ခဲ့ရင္ျဖင့္မုန႔္လုံးဘဝသို႔ ျပန္လည္ ေရာက္ရွိသြားမွာျဖစ္ပါတယ္

မုန႔္လုံးဘဝကို ေရာက္ရွိရင္ျဖင့္မဆုံးႏိုင္တဲ့ သံသရာကိုဘယ္ႏွႀကိမ္မွန္းမသိဘဲအထပ္ထပ္ ျပန္ေက်ာ့ေနရဦးမွာ ျဖစ္ပါေတာ့တယ္..

ကဗ်ာေလးကတိုေပမယ့္မသိေတာ့ျပဳလုပ္ ျပဳလုပ္ေတာ့ရရွိ ရရွိေတာ့ခံစားခံစားေတာ့ လိုခ်င္ ၊ လိုခ်င္ေတာ့စြဲလမ္း စြဲလမ္းေတာ့ျပဳလုပ္နဲ႔ ဘဝသံသရာ ဝဲဂယက္ထဲမဆုံးႏိုင္ေအာင္အထပ္ထပ္လည္ပတ္ေနရပုံကို ေရးဖြဲ႕ထားတဲ့သံေဝဂရစရာကဗ်ာေလးတစ္ပုဒ္ ျဖစ္ပါတယ္…။

Credit

Leave a Reply

Your email address will not be published. Required fields are marked *