မိခင်က ချော့မော့မေးမြန်း လိုက်သောအခါ

ၾကားသိရသမွ်

သမီးဖြစ်သူ ဗိုက်ကားပြီး ထွားလာတာတွေ့လို့ မသင်္ကာ၍ မိခင်က ချော့မော့မေးမြန်း လိုက်သောအခါ

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးကျိုက်မြို့နယ်၌ အလိုမတူ မုဒိမ်းပြုကျင်ခံရခြင်း ပေါ်ပေါက်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။“လွန်ခဲ့သော (၆)လခန့်၊ ထီးကျိုက်မြို့နယ် မောင်းကုန်း ကျေးရွာနေထိုင်သူ မ ——— အသက်(၁၇)နှစ်မှာ

ကြံအငှားခုတ်ချိန်အတွင်း အလိုမတူ သားမယားပြုကျင့်ခံရ ပြီး၊ ထပ်မံ၍ နှစ်လအကွာတွင်တစ်ကြိမ်၊ နေအိမ်အတွင်းတစ်ကြိမ်၊ (၃)ကြိမ် ပြုကျင့်ခြင်းခံခဲ့ရပြီး ယခုအခါ ဗိုက်ကားပြီး ထွားလာသည်ကို မသင်္ကာ၍ အမေဖြစ်သူ ချော့မော့ မေးမြန်းရာမှ

တစ်အိမ်တည်းနေ အစ်မဖြစ်သူ မမိုးမိုး၏ ယောက်ျား မောင်မျိုး(ခ)ငမျိုး အသက် (၄၀)နှစ်မှ အလိုမတူ မုဒိမ်းပြုကျင့်ခြင်း ပေါ်ပေါက်၍ ထီးကျိုက်ရဲစခန်းသို့ လာရောက်တိုင်းသဖြင့် ထီးကျိုက်ရဲစခန်းမှ အချိန်မှီ

တရားခံအား ဖမ်းဆီးဆောင်ရွက်ခဲ့သည်ဟု” မုနိမြီမှ စုံစမ်းသိရှိရပါသည်။အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်၍ ထီးကျိုက်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ညနေ (၇)နာရီ (၄၀)မိနစ်ခန့်တွင် ထီးကျိုက်မြို့မရဲစခန်းမှူး ဒုရဲမှူးဘချစ်မှ

တရားခံ မောင်မျိုး(ခ) ငမျိုး အသက် (၄၀)နှစ်၊မောင်းကုန်းကျေးရွာနေထိုင်သူအား ဖမ်းဆီး၍ အမှုမှန် ပေါ်ပေါက်ရန် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း ဖြေကြားသည်။

မြင့်ဆွေ(ကသာ)/သာခိုင်(မုနိမြီ)

Zawgyi








Leave a Reply

Your email address will not be published. Required fields are marked *