အသားအရေ ဖြူ ဝင်းစေမယ့် သဘာဝနည်းလမ်း (၃) မျိုး
နေရောင်ထိတွေ့မှုများတာကြောင့် နဂိုအသားလေးဖြူ နေရာကနေ အသားလေးညိုမည်းသွားလို့ စိတ်ညစ်နေပြီလား။ဒါမှမဟုတ် ဈေးကွက်ထဲမှာရတဲ့ အသားဖြူ ခရင်မ်တွေမသုံးရဲလို့ သဘာဝအသားဖြူတဲ့နည်းလမ်းလေးကိုမှ သိချင်ပါတယ်ဆိုတဲ့ ပျိုမေတို့အတွက် နည်းလမ်း ၃ သွယ်ကိုမျှဝေပေးသွားပါမယ်။
သံပုယိုသီး (သို့) သံပုရာသီး
သံပုယိုသီး ရှာရခက်ရင် သံပုရာသီး သုံးလို့ရပါတယ်နော်။ ဗီတာမင် C ပါဝင်တာကြောင့် အသားအရေကို သဘာဝအတိုင်း ဖြူဝင်းစေပါတယ်။ဒါ့အပြင် အသားအရေပေါ်က အညစ်အကြေးတွေကိုသန့်စင်ပေးနိုင်ပြီး အမည်းစက်တွေကို ကုသပေးနိုင်ပါတယ်။သံပုယိုသီး (သို့) သံပုရာသီးကိုအရည်ညှစ်ပြီး ဝါဂွမ်းစနဲ့ နစ်ယူလိုက်ပါ။ပြီးရင်မျက်နှာပေါ်မှ ပွတ်လိမ်းပေးပါ။ ခြောက်အောင်ထားပြီး ရေနွေးနဲ့မျက်နှာသစ်ပါ။
ပျားရည်
ပျားရည်မှာ ပါဝင်တဲ့ Antibacterial ဘက်တီးရီးယားဆန့်ကျင်ပစ္စည်းတွေဟာ အသားအရေကိုစိုပြေစေပြီး ညိုမည်းနေတဲ့အသားအရေ ပျက်ဆီးနေတဲ့အသည်းအရေတွေ အမာရွတ်တွေ အမည်းစက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ပျားရည်ကို မျက်နှာပေါ်မှာနေ့တိုင်းလိမ်းပေးမယ်ဆိုရင်တော့ ဝက်ခြံကင်းစင်ပြီး အမည်းစက်တွေ ကင်းစင်စေမှာပါ။ပျားရည်ကိုမျက်နှာပေါ်မှာလိမ်းပြီး ၁၅ မိနစ်လောက် ထားပါ။ ပြီးရင်ရေနွေးနဲ့မျက်နှာသစ်ပါ။ဆဲလ်သေတွေဖယ်ရှားပေးဖို့လည်း ကူညီပေးမှာဖြစ်ပါတယ်။
လိမ္မော်သီး
လိမ္မော်သီးမှာ ဗီတာမင် C အများအပြားပါဝင်ပြီး အသားအရေကိုဖြူဝင်းစေပါတယ်။လိမ္မော်ခွံကိုနေရောင်နဲ့ အခြောက်ခံလိုက်ပါ။ ပြီးရင် အမှုန့်ကြိတ်လိုက်ပါ။ပြီးရင် နွားနို့ (သို့) ဒိန်ချဉ် နဲ့ ပျစ်ပျစ်လေးရောပါ။မျက်နှာပေါ်မှာလိမ်းပြီး ခြောက်အောင်ထားပါ။ပြီးရင် ရေအေးနဲ့မျက်နှာသစ်ချပါ။
Credit
Zawgyi
အသားအေရ ျဖဴ ဝင္းေစမယ့္ သဘာဝနည္းလမ္း (၃) မ်ိဳး
ေနေရာင္ထိေတြ႕မႈမ်ားတာေၾကာင့္ နဂိုအသားေလးျဖဴ ေနရာကေန အသားေလးညိဳမည္းသြားလို႔ စိတ္ညစ္ေနၿပီလား။ဒါမွမဟုတ္ ေဈးကြက္ထဲမွာရတဲ့ အသားျဖဴ ခရင္မ္ေတြမသုံးရဲလို႔ သဘာဝအသားျဖဴတဲ့နည္းလမ္းေလးကိုမွ သိခ်င္ပါတယ္ဆိုတဲ့ ပ်ိဳေမတို႔အတြက္ နည္းလမ္း ၃ သြယ္ကိုမွ်ေဝေပးသြားပါမယ္။
သံပုယိုသီး (သို႔) သံပုရာသီး
သံပုယိုသီး ရွာရခက္ရင္ သံပုရာသီး သုံးလို႔ရပါတယ္ေနာ္။ ဗီတာမင္ C ပါဝင္တာေၾကာင့္ အသားအေရကို သဘာဝအတိုင္း ျဖဴဝင္းေစပါတယ္။ဒါ့အျပင္ အသားအေရေပၚက အညစ္အေၾကးေတြကိုသန႔္စင္ေပးႏိုင္ၿပီး အမည္းစက္ေတြကို ကုသေပးႏိုင္ပါတယ္။သံပုယိုသီး (သို႔) သံပုရာသီးကိုအရည္ညႇစ္ၿပီး ဝါဂြမ္းစနဲ႔ နစ္ယူလိုက္ပါ။ၿပီးရင္မ်က္ႏွာေပၚမွ ပြတ္လိမ္းေပးပါ။ ေျခာက္ေအာင္ထားၿပီး ေရေႏြးနဲ႔မ်က္ႏွာသစ္ပါ။
ပ်ားရည္
ပ်ားရည္မွာ ပါဝင္တဲ့ Antibacterial ဘက္တီးရီးယားဆန႔္က်င္ပစၥည္းေတြဟာ အသားအေရကိုစိုေျပေစၿပီး ညိဳမည္းေနတဲ့အသားအေရ ပ်က္ဆီးေနတဲ့အသည္းအေရေတြ အမာ႐ြတ္ေတြ အမည္းစက္ေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။ပ်ားရည္ကို မ်က္ႏွာေပၚမွာေန႔တိုင္းလိမ္းေပးမယ္ဆိုရင္ေတာ့ ဝက္ၿခံကင္းစင္ၿပီး အမည္းစက္ေတြ ကင္းစင္ေစမွာပါ။ပ်ားရည္ကိုမ်က္ႏွာေပၚမွာလိမ္းၿပီး ၁၅ မိနစ္ေလာက္ ထားပါ။ ၿပီးရင္ေရေႏြးနဲ႔မ်က္ႏွာသစ္ပါ။ဆဲလ္ေသေတြဖယ္ရွားေပးဖို႔လည္း ကူညီေပးမွာျဖစ္ပါတယ္။
လိေမၼာ္သီး
လိေမၼာ္သီးမွာ ဗီတာမင္ C အမ်ားအျပားပါဝင္ၿပီး အသားအေရကိုျဖဴဝင္းေစပါတယ္။လိေမၼာ္ခြံကိုေနေရာင္နဲ႔ အေျခာက္ခံလိုက္ပါ။ ၿပီးရင္ အမႈန႔္ႀကိတ္လိုက္ပါ။ၿပီးရင္ ႏြားႏို႔ (သို႔) ဒိန္ခ်ဥ္ နဲ႔ ပ်စ္ပ်စ္ေလးေရာပါ။မ်က္ႏွာေပၚမွာလိမ္းၿပီး ေျခာက္ေအာင္ထားပါ။ၿပီးရင္ ေရေအးနဲ႔မ်က္ႏွာသစ္ခ်ပါ။
Credit