အမြန်လမ်းမှာ ကားပေါ်က ဆင်းပြေးခဲ့ရသူ ၏ သွေးပျက်ခြောက်ခြားစရာ အဖြစ်အပျက်…

ၾကားသိရသမွ်

အမြန်လမ်းမှာ ကားပေါ်ကိုမကောင်းဆိုးဝါး သရဲတက်လာလို့ အကူအညီတောင်းပြီး ကားပေါ်က ဆင်းပြေးခဲ့ရသူ၏သွေးပျက်ခြောက်ခြားစရာအဖြစ်အပျက် ဘဝရဲ့အမှတ်တရပါ ဝိုင်းပီးစိတ်ပူပေးကြတဲ့ ညီကိုတွေ အစစရာကူညီပေးကြတဲ့လုပ်ဖော်ကိုင်ဘက်တွေအားလုံးကိုကျေးဇူးတင်ပါတယ်

အားလုံးသတိထားရအောင်ဖြစ်စဉ်အသေးစိတ်ခုလိုရေးမှာပါ၊ပီးတော့ ၂၄၅ မိုင်မှာလူသူံးယောက်သေထားပါတယ် မိန်းခလေးကျန်းမာရေးဝန်ထမ်းနှစ်ယောက် ရပ်ရွာက ယောက်ကျားလေးတယောက်ပါ၊ကျတော်လိုကြုံသူတွေလဲခနခနဖြစ်တဲ့ကြောင်းကို စခန်းမှူးတွေကလဲပြောပြထားပါတယ်၊(အရက်သေစာမသောက်ထားပါ တယောက်ထဲကားမောင်းရမာမို့ပါ

ကျွန်တော်တောင်ကြီးကနေ ပြန်လာပါတယ် ဟိုမှာလဲအေးအေးချမ်းလဲပတ်ခဲ့ပါတယ်၊Publicနဲ့သုံးတာမို့ ကြည့်နိူင်ပါတယ်၊ရန်ကုန် မန်းလေးအမြန်လမ်း ရန်ကုန်ပြန်တဲ့ဘက် (mile 245)မှာစဖစ်တာပါ ရပ်ပီးအပေါ့လဲမသွားပါဘူး တောက်လျောက်မောင်းလာတာပါ၊၂၄၅မိုင်လဲရောက်ရော ရုတ်တရက်ကားက ဝိတ်တင်သလိုညိမ့်ခန အိကြသွားပါတယ်၊

အာ့ချိန် ကျတော်သတိထားမိတာနဲ့ လက်ကဖုန်းကိုယူပီး တရားခွေဖွင့်မလို့ လုပ်တဲ့ချိန်မှာလတ်တလော လှုပ်ရှားလို့မရတော့သလိုလေးလံသွားပါတယ် ပီးတော့ တကိုယ်လုံးခေါင်းတွေကြီး ကြက်သီးမွှေးညင်းထပီးနူန်းချိလာပါတယ်(အာ့ချိန်ကြုံမှသိကြပါမယ် အသံကလဲ အတော်နဲ့ထွက်မလာသလို တကိုယ်လုံးတုန်နေလာပါတယ်၊

အာ့ချိန် နောက်ကနေ လည်ပင်းကိုစဆွဲချပါတယ် ကြုံဖူးရင်တော့ သိလာမှာပါ အာ့ခံစားချက်ကို။လန့်ဖြန့်ပီးနောက်လှည့်ကြည့်တဲ့အခါ နောက်ခန်းမှာ ဆံပင်ဖားလားနဲ့ မိန်းမတယောက်ကားပေါ်ရိုးရိုးထိုင်တာမဟုတ်ပဲ)ငုတ်တုတ်ကြီးထိုင်နေတာတွေ့လိုက်ရပါတယ် မျက်လုံးထဲ မြင်ကြည့်ကြပါ ဘယ်လိုသေလောက်အောင်သွေးပျက်စေမလဲဆိုတာ

ကျတော် အာ့ကြောင့်ဝူးဝူးဝါးဝါး အော်မိပါတယ်၊အမေရေ လုပ်ပါအုန်း ကားပေါ်ဘာကြီးလဲဟဆိုပိး တမိနစ်လောက်ပဲရှိပါတယ် ကားမောင်းရင်းရှေ့ကြည့်ရမလို နောက်ကဟာကြီးကလဲအနောက်မှာပါလာတော့ ဘာလုပ်ရမာလဲဆိုတာ(အာ့ချိန်တကယ့်ငရဲပါ သွေးအပျက်ဆုံးအချိန်ပါ)

ရှေ့ကိုကြည့်ရင်းနောက်ဘက်မှန်ကိုလဲကြည့်တော့ ဆံပင်ဖားလျားနဲ့အတိုင်းသားကြိးမြင်နေရတုန်းပါ၊ဟွန်းကိုဖိတီး စိတ်ကဘုရားစာရွတ် ဘေးမှာမုန့်ဆိုင်မီးလေးလဲမြင်တာနဲ့ တခါထဲထိုးဆင်း ကားပေါ်ကခုန်ဆင်းပီးဆိုင်ထဲပြေးကူညီစတောင်းပါတယ်၊အာ့ချိန်အသံကလဲလေးလူကလဲပျော့ခွေနေပါပီ

တကယ့်စိတ်ပျကိစရာတွေပါ ဆိုင်က လူတွေကရေမန်း တွေတိုက်ကားကိုလဲ ပကဘုရားစာတွေရွတ် လူလဲမတိတပ်တောင်မရပ်နိူင်တော့ထိ ဆိုးဆိုးဝါးဝါးကြုံခဲ့ရတာပါ၊နောက်လူတွေခရိးသွားရင် တရားခွေဖွင့်ပါဘုရားပုံတော်ချိတ်ဆွဲကြပါနော်။

Credit

Zawgyi



ကျွန်တော်တောင်ကြီးကနေ ပြန်လာပါတယ် ဟိုမှာလဲအေးအေးချမ်းလဲပတ်ခဲ့ပါတယ်၊Publicနဲ့သုံးတာမို့ ကြည့်နိုင်ပါတယ်၊ရန်ကုန် မန်းလေးအမြန်လမ်း ရန်ကုန်ပြန်တဲ့ဘက် (mile 245)မှာစဖစ်တာပါ ရပ်ပီးအပေါ့လဲမသွားပါဘူး တောက်လျောက်မောင်းလာတာပါ၊၂၄၅မိုင်လဲရောက်ရော ရုတ်တရက်ကားက ဝိတ်တင်သလိုညိမ့်ခန အိကြသွားပါတယ်၊





တကယ့်စိတ်ပျကိစရာတွေပါ ဆိုင်က လူတွေကရေမန်း တွေတိုက်ကားကိုလဲ ပကဘုရားစာတွေရွတ် လူလဲမတိတပ်တောင်မရပ်နိုင်တော့ထိ ဆိုးဆိုးဝါးဝါးကြုံခဲ့ရတာပါ၊နောက်လူတွေခရိးသွားရင် တရားခွေဖွင့်ပါဘုရားပုံတော်ချိတ်ဆွဲကြပါနော်။

Credit

Leave a Reply

Your email address will not be published. Required fields are marked *