ခူးမနိုင် သိမ်းမနိုင် ဖြစ်သွားစေမယ့် ဘူးသီး စိုက်ပျိုးနည်း…

အေထြအေထြဗဟုသုတ

ခူးမနိုင် သိမ်းမနိုင် ဖြစ်သွားစေမယ့် ဘူးသီး စိုက်ပျိုးနည်း

အ မျိုး အ စား ဘူး သီး ၏ ပုံ သဏ္ဍာန် ကို လိုက် ၍ ဘူးသ ပိတ်၊ ဘူး လည် လှ၊ ဘူး ရှည် စ က၊ ဘူး ရှည် နှင့် ဘူး ရေ မှုတ် ဟု အ မျိုး မျိုး ရှိ ပါ သည်။ရေ မြေ ရာ သီ ဥ တု ဘူး သည် မြေ သြ ဇာ ထက် သန် သော မြေ တွင် ပို မို စိုက် ပျိုး ဖြစ် ထွန်း ပါ သည်။ မြေ အ ချဉ်၊အ ငံ ဓာတ် (၆-၇) ကြား တွင် ပို မို ဖြစ် ထွန်း ပါ သည်။ပူ နွေး သော ရာ သီ ဥ

တုကို ကြိုက်နှစ်သက်ပြီး အအေးဒဏ်ကို အသင့်တင့်ခံနိုင်သည်။ သို့သော်ဆီးနှင်းဒဏ်ကို ခံနိုင်ရည်မရှိပါ။မြေပြု ပြင်ခြင်းဘူးသည် စင်တင်စိုက်ပျိုးသော အပင်မျိုးဖြစ်ပြီး ဘောင်တင်၍ လည်းစိုက်နိုင်သည်။စိုက်ဘောင်မြေကို ပေါက်တူးဖြင့် ပေါက်ပြီး မြေဆွေးနှင့် သမအောင်ရော၍ စိုက်ဘောင်ပြုလုပ်ပါ။

 

စိုက်ဘောင်တစ်ဘောင်လျှင် အ လျား(၅)ပေ၊ အနံ(၃)ပေ၊ အမြင့်(၁)ပေခန့် ပြုလုပ်ကြပါသည်။မြေသြဇာကျွေးနည်းဘူးတစ်ဧကလျှင် နွားချေး(သို့) သစ်ဆွေးမြေသြဇာ တန်(၂၀ – ၃၀) အ ထိလိုအပ်ပြီးဓာတ်မြေသြဇာတစ်ဧကလျှင်ယူရီး ယား (၂၀) Kg နှင့် တီစူပါ (၂၄)Kg လိုပါသည်။စိုက်ဘောင်များပြုလုပ်ရာတွင် ဓာတ်မြေသြဇာနှင့် မြေ ဆွေးများကို သမအောင်ရောပေးရမည် ။ တီစူပါ ဓာတ်မြေသြဇာကို ပထမအ ကြိမ် (၂၀)kg နှင့် ယူရီးယားမြေသြဇာ

(၁၀)kg ကို စိုက်ဘောင်ပြုလုပ်စဉ် ထည့်ပေးပြီးနောက် ကျန်(၁၀) kgကိုဘူး ပင် ပန်းစပွင့်ချိန်တွင် ထည့်ပေးရမည်။ပျိုးထောင်နည်းမြေဆွေးထည့်ထားသော ပလတ်စ တစ်အိတ်တွင် ဘူးစေ့ (၂)စေ့ခန့်ထည့်ပြီးပျိုးနိုင်သည်။ စိုက်ပြီး(၁၀)ရက်ခန့်ကြာလျှင် ပျိုးပင် ပေါက်လာမည်။အပင်(၃-၄)ရွက်ထွက်လျှင်ရွှေ့ပြောင်းစိုက်ပျိုးနိုင်ပါ သည်။စိုက်ပျိုးနည်းဘူးပင်ကို အထက်မြန်မာ

ပြည်၌ မေလနှင့်ဇွန်လများတွင် စိုက် ပျိုးပြီး အောက်မြန် မာပြည်တွင်မူ ဆော င်းတွင်းပိုင်း၊ အောက်တိုဘာလတွင် အ များအပြားစိုက်ပျိုးပါသည်။ စိုက်ပျိုးနည်းမှာ မြေ ဆွေး၊ ဓာတ်မြေသြဇာများ သမအောင်မွှေထားသောမြေကို စိုက်ဘောင်များ ပြုလုပ်၍စိုက်ပျိုးပါသည်။စင်တင်စိုက်ပါက စိုက်ဘောင်အလျား (၅)ပေ၊ အနံ(၃)ပေ၊ အမြင့်(၁)ပေခန့်

ဘောင်ပြုလုပ်ပြီးဘူးစေ့များကို တစ်ကျင်းနှင့်တစ်ကျင်း (၁)ပေခြား၍ တစ်ကျင်းလျှင် ဘူးစေ့(၇)စေ့စိုက်ရသည် ။ဘူးပင်များပေါက်လာလျှင် တစ်ကျင်းလျှင်(၂)ပင် ချန်ထားလျှင် သင့်တော်၏ ။ကျင်းဖြင့်စိုက်ပျိုးပါက အနက် (၁.၅) ပေ၊ အနံ(၂)ပေ၊ အလျား(၃)ပေရှိ ကျင်းများတူးပြီးနွားချေးနှင့် မြေဆွေးဆတူရော၍ ကျင်းနှုတ်ခမ်း (၃-၄)လက်မခန့်အထိ ထည့်ပြီးလျှင်အပေါ်မှ မြေရိုးရိုး

ကိုဖို့ရမည်။ တစ်ကျင်းလျှင်(၇-၈)ပင်ခန့်စိုက်ရမည်။ အ ပင်ငယ်များတစ်ထွာခန့်မြင့်လာသောအခါ တစ်ကျင်းလျှင် (၂)ပင်ချန်ပြီး ကျန်အပင်များကိုနုတ်ပစ်ရမည်။ အပင်ကလေးများနွယ်တက်နိုင်ရန် ဝါးခြမ်းထောင်ပေးရမည်။အ ပင်ကလေးများ လသားအထိအပင်ခြေ ရင်း ပေါင်းလိုက်ပေးရမည်။ဘူးကို မေနှင့်ဇွန်လများတွင် စိုက် ပျိုးနိုင်သ ကဲ့သို့ အောက်တိုဘာနှင့် နိုဝင်ဘာလများတွင်

စိုက်ပျိုးနိုင်သည်။ တစ်ဧကလျှင်မျိုး စေ့နှုန်းမှာ(၂-၃)ကီ လိုဂရမ်လိုအပ်ပါ သည်။ရေသွင်းစိုက်ပျိုးနည်းအထက်မြန် မာပြည်တွင် ဘူးကိုမိုးတွင်းတွင် စိုက်ကြသဖြင့် မိုးတစ်ပတ်ခန့်ပြတ်သွားပါက ရေလောင်းပေးရန်လိုအပ်ပါ သည် ။ အောက်မြန်မာပြည်တွင်ဆောင်းစိုက်ခင်းများအတွက်မူ (၃)ရက်ခြားတစ်ကြိမ် ရေသွင်းပေးရန် လိုပါသည်။ ဘူး ပင်ကလေးများ တစ်လသားခန့်ရှိ

လျှင် ပေါင်းမြက်များကို ရှင်းလင်းပေးရန်လိုအပ်ပါသည်။အသီးခူးဆွတ်နည်းဘူးသီးကို စိုက်ပြီးနောက် (၇၅ – ၉၀) ရက်အကြာတွင် စတင်ဆွတ်ခူးနိုင် သည်။ ရင့်လွန်းပါက ချက်ပြုတ်စားသောက်ရန် မကောင်းသကဲ့သို့ နုပါကလည်း အခါးဓာတ်ရှိ၏။ သို့အတွက် ဘူးကိုမနုမရင့် အ နေတော်ခူးရ၏။တစ်ဧကလျှင် ဘူးသီးလုံးရေ (၆၀၀၀)မှ(၈၀၀၀) အထိထွက်၏။

မှတ်ချက်။ ။ကျိုင်းကောင်နှင့်ပျပိုးများကို ထိရောက်စွာ နှိမ်နင်းရန်လိုအပ်ပါသည်။ ထိရော က်စွာ မနှိမ်နင်းနိုင်ပါက အပင်ငယ်များ သေကြေပျက်စီးနိုင်ပါသည်။– ဘူးပင်ကိုပိုးသတ် ဆေးဖျန်းပါက ဒီဒီတီ၊ ဘီအိပ်ခ်ျစီ၊ အင်ဒရင်းစသောဆေးများမဖျန်းသင့်ပါ။– ဘူးပင်အညွန့်စင်ပေါ်ရောက်ပါက အညွန့်ဖြတ်တောက်ပေးပါ။ သို့မှသာ အညွန့်များ စင်ပေါ်ဖြာတက်ပြီး အသီးများပိုသီးပါမည်။

Credit…မူရင်းရေးသားသူ

zawgyi

ခူးမႏိုင္ သိမ္းမႏိုင္ ျဖစ္သြားေစမယ့္ ဘူးသီး စိုက္ပ်ိဳးနည္း

အ မ်ိဳး အ စား ဘူး သီး ၏ ပုံ သ႑ာန္ ကို လိုက္ ၍ ဘူးသ ပိတ္၊ ဘူး လည္ လွ၊ ဘူး ရွည္ စ က၊ ဘူး ရွည္ ႏွင့္ ဘူး ေရ မႈတ္ ဟု အ မ်ိဳး မ်ိဳး ရွိ ပါ သည္။ေရ ေျမ ရာ သီ ဥ တု ဘူး သည္ ေျမ ၾသ ဇာ ထက္ သန္ ေသာ ေျမ တြင္ ပို မို စိုက္ ပ်ိဳး ျဖစ္ ထြန္း ပါ သည္။ ေျမ အ ခ်ဥ္၊အ ငံ ဓာတ္ (၆-၇) ၾကား တြင္ ပို မို ျဖစ္ ထြန္း ပါ သည္။ပူ ေႏြး ေသာ ရာ သီ ဥ

တုကို ႀကိဳက္ႏွစ္သက္ၿပီး အေအးဒဏ္ကို အသင့္တင့္ခံႏိုင္သည္။ သို႔ေသာ္ဆီးႏွင္းဒဏ္ကို ခံႏိုင္ရည္မရွိပါ။ေျမျပဳ ျပင္ျခင္းဘူးသည္ စင္တင္စိုက္ပ်ိဳးေသာ အပင္မ်ိဳးျဖစ္ၿပီး ေဘာင္တင္၍ လည္းစိုက္ႏိုင္သည္။စိုက္ေဘာင္ေျမကို ေပါက္တူးျဖင့္ ေပါက္ၿပီး ေျမေဆြးႏွင့္ သမေအာင္ေရာ၍ စိုက္ေဘာင္ျပဳလုပ္ပါ။

စိုက္ေဘာင္တစ္ေဘာင္လွ်င္ အ လ်ား(၅)ေပ၊ အနံ(၃)ေပ၊ အျမင့္(၁)ေပခန႔္ ျပဳလုပ္ၾကပါသည္။ေျမၾသဇာေကြၽးနည္းဘူးတစ္ဧကလွ်င္ ႏြားေခ်း(သို႔) သစ္ေဆြးေျမၾသဇာ တန္(၂၀ – ၃၀) အ ထိလိုအပ္ၿပီးဓာတ္ေျမၾသဇာတစ္ဧကလွ်င္ယူရီး ယား (၂၀) Kg ႏွင့္ တီစူပါ (၂၄)Kg လိုပါသည္။စိုက္ေဘာင္မ်ားျပဳလုပ္ရာတြင္ ဓာတ္ေျမၾသဇာႏွင့္ ေျမ ေဆြးမ်ားကို သမေအာင္ေရာေပးရမည္ ။ တီစူပါ ဓာတ္ေျမၾသဇာကို ပထမအ ႀကိမ္ (၂၀)kg ႏွင့္ ယူရီးယားေျမၾသဇာ

(၁၀)kg ကို စိုက္ေဘာင္ျပဳလုပ္စဥ္ ထည့္ေပးၿပီးေနာက္ က်န္(၁၀) kgကိုဘူး ပင္ ပန္းစပြင့္ခ်ိန္တြင္ ထည့္ေပးရမည္။ပ်ိဳးေထာင္နည္းေျမေဆြးထည့္ထားေသာ ပလတ္စ တစ္အိတ္တြင္ ဘူးေစ့ (၂)ေစ့ခန႔္ထည့္ၿပီးပ်ိဳးႏိုင္သည္။ စိုက္ၿပီး(၁၀)ရက္ခန႔္ၾကာလွ်င္ ပ်ိဳးပင္ ေပါက္လာမည္။အပင္(၃-၄)႐ြက္ထြက္လွ်င္ေ႐ႊ႕ေျပာင္းစိုက္ပ်ိဳးႏိုင္ပါ သည္။စိုက္ပ်ိဳးနည္းဘူးပင္ကို အထက္ျမန္မာ

ျပည္၌ ေမလႏွင့္ဇြန္လမ်ားတြင္ စိုက္ ပ်ိဳးၿပီး ေအာက္ျမန္ မာျပည္တြင္မူ ေဆာ င္းတြင္းပိုင္း၊ ေအာက္တိုဘာလတြင္ အ မ်ားအျပားစိုက္ပ်ိဳးပါသည္။ စိုက္ပ်ိဳးနည္းမွာ ေျမ ေဆြး၊ ဓာတ္ေျမၾသဇာမ်ား သမေအာင္ေမႊထားေသာေျမကို စိုက္ေဘာင္မ်ား ျပဳလုပ္၍စိုက္ပ်ိဳးပါသည္။စင္တင္စိုက္ပါက စိုက္ေဘာင္အလ်ား (၅)ေပ၊ အနံ(၃)ေပ၊ အျမင့္(၁)ေပခန႔္

ေဘာင္ျပဳလုပ္ၿပီးဘူးေစ့မ်ားကို တစ္က်င္းႏွင့္တစ္က်င္း (၁)ေပျခား၍ တစ္က်င္းလွ်င္ ဘူးေစ့(၇)ေစ့စိုက္ရသည္ ။ဘူးပင္မ်ားေပါက္လာလွ်င္ တစ္က်င္းလွ်င္(၂)ပင္ ခ်န္ထားလွ်င္ သင့္ေတာ္၏ ။က်င္းျဖင့္စိုက္ပ်ိဳးပါက အနက္ (၁.၅) ေပ၊ အနံ(၂)ေပ၊ အလ်ား(၃)ေပရွိ က်င္းမ်ားတူးၿပီးႏြားေခ်းႏွင့္ ေျမေဆြးဆတူေရာ၍ က်င္းႏႈတ္ခမ္း (၃-၄)လက္မခန႔္အထိ ထည့္ၿပီးလွ်င္အေပၚမွ ေျမ႐ိုး႐ိုး

ကိုဖို႔ရမည္။ တစ္က်င္းလွ်င္(၇-၈)ပင္ခန႔္စိုက္ရမည္။ အ ပင္ငယ္မ်ားတစ္ထြာခန႔္ျမင့္လာေသာအခါ တစ္က်င္းလွ်င္ (၂)ပင္ခ်န္ၿပီး က်န္အပင္မ်ားကိုႏုတ္ပစ္ရမည္။ အပင္ကေလးမ်ားႏြယ္တက္ႏိုင္ရန္ ဝါးျခမ္းေထာင္ေပးရမည္။အ ပင္ကေလးမ်ား လသားအထိအပင္ေျခ ရင္း ေပါင္းလိုက္ေပးရမည္။ဘူးကို ေမႏွင့္ဇြန္လမ်ားတြင္ စိုက္ ပ်ိဳးႏိုင္သ ကဲ့သို႔ ေအာက္တိုဘာႏွင့္ ႏိုဝင္ဘာလမ်ားတြင္

စိုက္ပ်ိဳးႏိုင္သည္။ တစ္ဧကလွ်င္မ်ိဳး ေစ့ႏႈန္းမွာ(၂-၃)ကီ လိုဂရမ္လိုအပ္ပါ သည္။ေရသြင္းစိုက္ပ်ိဳးနည္းအထက္ျမန္ မာျပည္တြင္ ဘူးကိုမိုးတြင္းတြင္ စိုက္ၾကသျဖင့္ မိုးတစ္ပတ္ခန႔္ျပတ္သြားပါက ေရေလာင္းေပးရန္လိုအပ္ပါ သည္ ။ ေအာက္ျမန္မာျပည္တြင္ေဆာင္းစိုက္ခင္းမ်ားအတြက္မူ (၃)ရက္ျခားတစ္ႀကိမ္ ေရသြင္းေပးရန္ လိုပါသည္။ ဘူး ပင္ကေလးမ်ား တစ္လသားခန႔္ရွိ

လွ်င္ ေပါင္းျမက္မ်ားကို ရွင္းလင္းေပးရန္လိုအပ္ပါသည္။အသီးခူးဆြတ္နည္းဘူးသီးကို စိုက္ၿပီးေနာက္ (၇၅ – ၉၀) ရက္အၾကာတြင္ စတင္ဆြတ္ခူးႏိုင္ သည္။ ရင့္လြန္းပါက ခ်က္ျပဳတ္စားေသာက္ရန္ မေကာင္းသကဲ့သို႔ ႏုပါကလည္း အခါးဓာတ္ရွိ၏။ သို႔အတြက္ ဘူးကိုမႏုမရင့္ အ ေနေတာ္ခူးရ၏။တစ္ဧကလွ်င္ ဘူးသီးလုံးေရ (၆၀၀၀)မွ(၈၀၀၀) အထိထြက္၏။

မွတ္ခ်က္။ ။က်ိဳင္းေကာင္ႏွင့္ပ်ပိုးမ်ားကို ထိေရာက္စြာ ႏွိမ္နင္းရန္လိုအပ္ပါသည္။ ထိေရာ က္စြာ မႏွိမ္နင္းႏိုင္ပါက အပင္ငယ္မ်ား ေသေၾကပ်က္စီးႏိုင္ပါသည္။– ဘူးပင္ကိုပိုးသတ္ ေဆးဖ်န္းပါက ဒီဒီတီ၊ ဘီအိပ္ခ္်စီ၊ အင္ဒရင္းစေသာေဆးမ်ားမဖ်န္းသင့္ပါ။– ဘူးပင္အၫြန႔္စင္ေပၚေရာက္ပါက အၫြန႔္ျဖတ္ေတာက္ေပးပါ။ သို႔မွသာ အၫြန႔္မ်ား စင္ေပၚျဖာတက္ၿပီး အသီးမ်ားပိုသီးပါမည္။

Credit…မူရင္းေရးသားသူ

Leave a Reply

Your email address will not be published. Required fields are marked *