ကတ်လေးတွေကတစ်ဆင့် အနာဂတ်မှာ သင်ကြုံတွေ့ရနိုင်တဲ့အရာတွေကို ပြောပြမယ်

ေဗဒင္

ကတ်လေးတွေကတစ်ဆင့် အနာဂတ်မှာ သင်ကြုံတွေ့ရနိုင်တဲ့အရာတွေကို ပြောပြမယ်

 

နံပါတ် ၁

ဒီကတ်လေးက ပြောနေတာတော့ သင့်ပတ်ဝန်းကျင်မှာ သင့်ကိုအနှောင့်အယှက်ဖြစ်စေတဲ့အရာတွေ ရှိနေတတ်ပါတယ်။ ဖြစ်နိုင်တာကတော့ သင့်ကိုမနာလိုတဲ့လူတွေက သင့်ကို ပေါ်တင်ဖြစ်စေ၊ ပုန်းလျှိုးဝှက်လျှိုးဖြစ်စေ နှုတ်ဖြင့်သော်လည်းကောင်း၊ လုပ်ရပ်ဖြင့်သော်လည်းကောင်း တိုက်ခိုက်နေတာမျိုးပါ။ ဒါကြောင့် သင့်အနေနဲ့ သူတို့ရဲ့လုပ်ရပ်တွေကြောင့် အဆင်မပြေတဲ့အခြေအနေတွေ ကြုံတွေ့နိုင်ပေမယ့် ဒီအခြေအနေတွေကတစ်ဆင့် သင့်အတွက် သင်ခန်းစာယူစရာတွေ အများကြီး ရလာနိုင်ပါတယ်။

လူတစ်ယောက်က အမြဲကံဆိုးနေတာမျိုးတော့လည်း မဟုတ်ပါဘူး။ သင့်ကို ကံတရားက မျက်နှာသာပေးမယ့်အချိန် ရောက်လာမှာပါ။ ဒါကြောင့် သင့်ဘက်က ဖြည်းဖြည်းမှန်မှန်နဲ့ ကိုယ်လုပ်စရာရှိတာတွေကို လုပ်ဆောင်နေမယ်ဆိုရင် ကံတရားက မျက်နှာသာပေးလာတဲ့ အချိန်ကျရင် သင့်ကို တိုက်ခိုက်နေတဲ့လူတွေကို အောင်နိုင်ပြီး သင်လိုချင်တဲ့ပန်းတိုင်တွေကို အောင်အောင်မြင်မြင် ရောက်ရှိနိုင်မှာပါ။

 

နံပါတ် ၂

ဒီကတ်လေးက ပြောနေတာကတော့ သင်ဟာ မလိုအပ်တဲ့အရာတွေပေါ်မှာ ပိုက်ဆံဖောဖောသီသီ သုံးတတ်တဲ့စိတ်တွေ ဖြစ်ပေါ်နေတတ်ပါတယ်။ အထူးသတိထားပါ။ ဒီလိုအသုံးအဖြုန်းကြီးပြီး လက်ဖွာတဲ့စိတ်ကြောင့် တစ်နေ့ကျရင် သင့်အနေနဲ့ ငွေကြေးဆိုင်ရာအခက်အခဲတွေ ကြုံလာရနိုင်ပါတယ်။ အခုချိန် မလိုလားအပ်တဲ့နေရာတွေမှာ ပိုက်ဆံသုံးနေမယ့်အစား သင်ချစ်တဲ့လူတွေကို အချိန်ပေးရမယ့်အချိန်ရောက်နေပါပြီ။

လောကကြီးမှာ လူတွေဟာ နေ့မြင်ညပျောက် ဖြစ်နေတဲ့အတွက် သင်ချစ်တဲ့လူတွေနဲ့ ရှိနေတဲ့အချိန်တွေကို တန်ဖိုးထားပြီး အတူတူဖြတ်သန်းပါ။ မလိုလားအပ်တဲ့ မာန်မာနတွေကို လျှော့ချပြီး သင့်ပတ်ဝန်းကျင်က လူတွေနဲ့ အဆင်ပြေအောင် ကြိုးစားနေထိုင်ပါ။ ဒါမှ သင့်အနေနဲ့ နောင်တရစရာကိစ္စမျိုးတွေ၊ ဝမ်းနည်းစရာကိစ္စမျိုးတွေ ရှိမလာနိုင်မှာပါ။

 

နံပါတ် ၃

ဒီကတ်လေးက ပြောနေတာကတော့ သင့်ဘဝမှာ လုပ်စရာတာဝန်အသစ်တစ်ခု တိုးလာနိုင်ပါတယ်။ ဒီတာဝန်က သင့်ဘဝကို အနည်းငယ် ပြောင်းလဲသွားနိုင်ပါတယ်။ ဒါပေမယ့်လည်း အရမ်းမစိုးရိမ်ပါနဲ့။ ဒီတာဝန်က သင့်ကို ပျော်ရွှင်စရာတွေနဲ့ ကံကောင်းခြင်းတွေ ဆောင်ကျဉ်းပေးမှာပါ။ သင့်ဘဝမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ အတားအဆီးတွေနဲ့ ကံဆိုးခြင်းတွေဟာ အဆုံးသတ်ပြီး ပျော်ရွှင်စရာနေ့ရက်တွေဟာ သင့်ထံမကြာခင် ရောက်ရှိလာတော့မှာပါ။

သင်ဟာ ပွင့်ပွင့်လင်းလင်းနေတတ်ပြီး လူတိုင်းကို စိတ်ရင်းနဲ့ဆက်ဆံလေ့ရှိပါတယ်။ လူတိုင်းက သင့်လိုစိတ်မျိုးမရှိပါဘူး။ သင့်ပတ်ဝန်ကျင်မှာ သင်ဒုက္ခရောက်နေတာကို ဝမ်းသာနေတတ်တဲ့လူတွေ ရှိနေနိုင်ပါတယ်။ ဒါကြောင့် လူတိုင်းကို ဘယ်အရာမှ လွတ်လွတ်လပ်လပ် တခြားသူတွေကို ရင်ဖွင့်တာမျိုး၊ တိုင်ပင်တာမျိုး မလုပ်ပါနဲ့။

Credit

Zawfyi

ကတ္ေလးေတြကတစ္ဆင့္ အနာဂတ္မွာ သင္ႀကဳံေတြ႕ရႏိုင္တဲ့အရာေတြကို ေျပာျပမယ္

နံပါတ္ ၁

ဒီကတ္ေလးက ေျပာေနတာေတာ့ သင့္ပတ္ဝန္းက်င္မွာ သင့္ကိုအေႏွာင့္အယွက္ျဖစ္ေစတဲ့အရာေတြ ရွိေနတတ္ပါတယ္။ ျဖစ္ႏိုင္တာကေတာ့ သင့္ကိုမနာလိုတဲ့လူေတြက သင့္ကို ေပၚတင္ျဖစ္ေစ၊ ပုန္းလွ်ိဳးဝွက္လွ်ိဳးျဖစ္ေစ ႏႈတ္ျဖင့္ေသာ္လည္းေကာင္း၊ လုပ္ရပ္ျဖင့္ေသာ္လည္းေကာင္း တိုက္ခိုက္ေနတာမ်ိဳးပါ။ ဒါေၾကာင့္ သင့္အေနနဲ႔ သူတို႔ရဲ႕လုပ္ရပ္ေတြေၾကာင့္ အဆင္မေျပတဲ့အေျခအေနေတြ ႀကဳံေတြ႕ႏိုင္ေပမယ့္ ဒီအေျခအေနေတြကတစ္ဆင့္ သင့္အတြက္ သင္ခန္းစာယူစရာေတြ အမ်ားႀကီး ရလာႏိုင္ပါတယ္။

လူတစ္ေယာက္က အၿမဲကံဆိုးေနတာမ်ိဳးေတာ့လည္း မဟုတ္ပါဘူး။ သင့္ကို ကံတရားက မ်က္ႏွာသာေပးမယ့္အခ်ိန္ ေရာက္လာမွာပါ။ ဒါေၾကာင့္ သင့္ဘက္က ျဖည္းျဖည္းမွန္မွန္နဲ႔ ကိုယ္လုပ္စရာရွိတာေတြကို လုပ္ေဆာင္ေနမယ္ဆိုရင္ ကံတရားက မ်က္ႏွာသာေပးလာတဲ့ အခ်ိန္က်ရင္ သင့္ကို တိုက္ခိုက္ေနတဲ့လူေတြကို ေအာင္ႏိုင္ၿပီး သင္လိုခ်င္တဲ့ပန္းတိုင္ေတြကို ေအာင္ေအာင္ျမင္ျမင္ ေရာက္ရွိႏိုင္မွာပါ။

နံပါတ္ ၂

ဒီကတ္ေလးက ေျပာေနတာကေတာ့ သင္ဟာ မလိုအပ္တဲ့အရာေတြေပၚမွာ ပိုက္ဆံေဖာေဖာသီသီ သုံးတတ္တဲ့စိတ္ေတြ ျဖစ္ေပၚေနတတ္ပါတယ္။ အထူးသတိထားပါ။ ဒီလိုအသုံးအျဖဳန္းႀကီးၿပီး လက္ဖြာတဲ့စိတ္ေၾကာင့္ တစ္ေန႔က်ရင္ သင့္အေနနဲ႔ ေငြေၾကးဆိုင္ရာအခက္အခဲေတြ ႀကဳံလာရႏိုင္ပါတယ္။ အခုခ်ိန္ မလိုလားအပ္တဲ့ေနရာေတြမွာ ပိုက္ဆံသုံးေနမယ့္အစား သင္ခ်စ္တဲ့လူေတြကို အခ်ိန္ေပးရမယ့္အခ်ိန္ေရာက္ေနပါၿပီ။

ေလာကႀကီးမွာ လူေတြဟာ ေန႔ျမင္ညေပ်ာက္ ျဖစ္ေနတဲ့အတြက္ သင္ခ်စ္တဲ့လူေတြနဲ႔ ရွိေနတဲ့အခ်ိန္ေတြကို တန္ဖိုးထားၿပီး အတူတူျဖတ္သန္းပါ။ မလိုလားအပ္တဲ့ မာန္မာနေတြကို ေလွ်ာ့ခ်ၿပီး သင့္ပတ္ဝန္းက်င္က လူေတြနဲ႔ အဆင္ေျပေအာင္ ႀကိဳးစားေနထိုင္ပါ။ ဒါမွ သင့္အေနနဲ႔ ေနာင္တရစရာကိစၥမ်ိဳးေတြ၊ ဝမ္းနည္းစရာကိစၥမ်ိဳးေတြ ရွိမလာႏိုင္မွာပါ။

နံပါတ္ ၃

ဒီကတ္ေလးက ေျပာေနတာကေတာ့ သင့္ဘဝမွာ လုပ္စရာတာဝန္အသစ္တစ္ခု တိုးလာႏိုင္ပါတယ္။ ဒီတာဝန္က သင့္ဘဝကို အနည္းငယ္ ေျပာင္းလဲသြားႏိုင္ပါတယ္။ ဒါေပမယ့္လည္း အရမ္းမစိုးရိမ္ပါနဲ႔။ ဒီတာဝန္က သင့္ကို ေပ်ာ္႐ႊင္စရာေတြနဲ႔ ကံေကာင္းျခင္းေတြ ေဆာင္က်ဥ္းေပးမွာပါ။ သင့္ဘဝမွာ ရင္ဆိုင္ႀကဳံေတြ႕ေနရတဲ့ အခက္အခဲေတြ၊ အတားအဆီးေတြနဲ႔ ကံဆိုးျခင္းေတြဟာ အဆုံးသတ္ၿပီး ေပ်ာ္႐ႊင္စရာေန႔ရက္ေတြဟာ သင့္ထံမၾကာခင္ ေရာက္ရွိလာေတာ့မွာပါ။

သင္ဟာ ပြင့္ပြင့္လင္းလင္းေနတတ္ၿပီး လူတိုင္းကို စိတ္ရင္းနဲ႔ဆက္ဆံေလ့ရွိပါတယ္။ လူတိုင္းက သင့္လိုစိတ္မ်ိဳးမရွိပါဘူး။ သင့္ပတ္ဝန္က်င္မွာ သင္ဒုကၡေရာက္ေနတာကို ဝမ္းသာေနတတ္တဲ့လူေတြ ရွိေနႏိုင္ပါတယ္။ ဒါေၾကာင့္ လူတိုင္းကို ဘယ္အရာမွ လြတ္လြတ္လပ္လပ္ တျခားသူေတြကို ရင္ဖြင့္တာမ်ိဳး၊ တိုင္ပင္တာမ်ိဳး မလုပ္ပါနဲ႔။

Credit

Leave a Reply

Your email address will not be published. Required fields are marked *