မိန်းမတွေဘာကြောင့်ဖောက်ပြန်ကြသလဲ
(၁) ဆိုးဝါးတဲ့ အိမ်ထောင်ရေးအကြပ်အတည်းမှ ရုန်းထွက်ချင်လို့
အချို့အကြောင်းအရာတွေကြောင့် အိမ်ထောင်ရေးမှာ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာတိုင်း အမျိုးသမီးတော်တော်များများဟာအများကြီး ရှည်ရှည်ဝေးဝေး မစဉ်းစားနိုင်တော့ပဲ ထွက်ပေါက်အနေနဲ့ တစ်ပါးသောယောက်ျားနဲ့ ဖောက်ပြန်လေ့ရှိပါတယ်။တစ်ခါတလေ ဆိုးဝါးလှတဲ့ အိမ်ထာင်ရေး အကြပ်အတည်းပြဿနာတွေကြားမှာ ဒီလို ဖောက်ပြန်မိလိုက်ခြင်းဟာ ကြီးလေးတဲ့ အပြစ်တစ်ခုကို ကျူးလွန်မိစေတဲ့အထိ တွန်းအားပေးတတ်ပါတယ်။
(၂) ပြဿ နာ ရှာချင်လို့
အမျိုးသမီးတွေဟာ အရွဲ့တိုက်တတ်တဲ့ သဘာဝရှိပါတယ်။ တစ်ခါတလေ မိမိရဲ့ခင်ပွန်းက လူမှုရေးပြဿနာတွေနဲ့ ရှုပ်ထွေးနေတဲ့ အခါမျိုးမှာ ငါလည်း ဒီလိုလုပ်တယ်ဆိုပြီး ရွဲ့တဲ့သဘောနဲ့၊ ဒါမှမဟုတ် ပတ်ဝန်းကျင်အသစ်မှာ ခဏာတာနေထိုင်လိုတဲ့ သဘောနဲ့ ဖောက်ပြန်မိတာလည်း ဖြစ်တတ်ပါတယ်။
(၃) စိတ်ကျေနပ်မှုအပြည့်အဝမရတဲ့ လိင်ကိစ္စကြောင့်
တတိယအချက်ကတော့ အိမ်ထောင်ရေးသုခမှာ အမျိုးသားဟာ အရမ်းဆန္ဒစောလွန်းနေတဲ့အခါ အမျိုးသမီးအတွက်တော့စိတ်ကျေနပ်မှု အထွဋ်အထိပ် ရောက်ဖို့ဆိုတာ တော်တော်လေး ခက်ခဲပါတယ်။ ဒါကလည်း အမျိုးသမီးတွေ တော်တော်များများ ကြုံရတတ်ပြီး ဒီလို ဖြစ်လာတဲ့အခါ အခြားအမျိုးသားတစ်ယောက်ကို စိတ်တိမ်းညွှတ်မိတာမျိုးလည်း အမျိုးသမီးတော်တော်များများ ဖွင့်ဟဝန်ခံဖို့ခက်ပေမယ့် ဖြစ်လေ့ဖြစ်ထရှိပါတယ်။
(၄) လက်စားချေလိုခြင်းနဲ့ တစ်စုံတစ်ခုသော တုန့်ြ့ပန်မှုကို မျှော်လင့်လို့
နောက်ဆုံးတစ်ခုကတော့ အမျိုးသမီးတွေစိတ်မှာ အရမ်းကို ခံစားချက် ပြင်းထန်တဲ့အချိန် ဖြစ်ပါတယ်။ သူတို့ရဲ့ စိတ်နေသဘာဝဟာ အရမ်းပျော့ပြောင်းလွန်းပြီး၊ ဘယ်လိုမှ မခံစားနိုင်တော့တဲ့အခါမျိုးမှာ လက်စားချေလိုစိတ်ဖြစ်ကာ လိမ်တတ်ပါတယ်။ ဒါကတော့ နံပတ်(၂)အချက်နဲ့ အနည်းငယ် ဆင်တူသယောင်ရှိပြီး … ဒီကိစ္စမျိုးမှာကျတော့ ဖောက်ပြန်မိတဲ့ယောက်ျားနဲ့ ပူးပေါင်းပြီး ခင်ပွန်းအပေါ်ကို အခြားရာဇဝတ်မှုတွေကိုပါ ကျူးလွန်နိုင်သည်အထိ ဖြစ်စေပါတယ်။
Credit – Original Writer
Zawgyi
(၂) ပြဿ နာ ရှာချင်လို့