မိန်းကလေးအလှ အိပ်ယာထ၏ အဓိပ္ပါယ် (မသိသေးသူများရှယ်ထား)

အေထြအေထြဗဟုသုတ

မိန်းကလေးအလှ အိပ်ယာထ၏ အဓိပ္ပါယ် (မသိသေးသူများရှယ်ထား)

မိန်းကလေး အလှ အိပ်ယာ ထ တဲ့။

ဒီ ဆိုရိုးရဲ့ အဓိပ္ပါယ်ကို မသိတဲ့သူတွေ ရှိနေကြ ပါလိမ့် မယ် ။ရှေးလူကြီးတွေရဲ့ အဆိုအရ မိန်းကလေး ရယ်လို့ ဖြစ်လာ ခဲ့ပြီ ဆိုရင်အရွယ်ရောက် လာလို့ အိပ်ယာနိုးတဲ့ အခါမှာ ကိုယ် လက် သန့်စင်မှုနဲ့ အစပြု ရပါ တယ် ။

ထို့နောက် မိမိအိမ်မှာ ရှိတဲ့ ဘုရားအား ပန်း ရေချမ်း ၊ ဆီမီးပူဇော်ခြင်း ၊ဘုရားဝတ်ပြုခြင်း ၊ ရှိခိုး ထိုက်သူ ရှိခိုးပူဇော်ခြင်း စတဲ့ အလုံးစုံ ပူဇော်မှုတွေဖြင့် နေ့သစ်မှာ မင်္ဂလာ ယူရ ပါတယ် ။

 

မိမိအိမ်ကို တံမြက်စည်း လှဲခြင်း ၊သန့်ရှင်းမှု အစုစုတို့ဖြင့် အိမ်၏ ဂုဏ်ကျက်သရေ ပြည့်စုံအောင် ပြုလုပ်ရ ပါတယ် ။ပုဗ္ဗာစရိယ မိနှင့်ဖ ကလည်း မိမိ သမီးလေးများကို လက်ပွန်းတတီး သွန်သင် ဆုံးမ ရပါတယ် ။

ဒါမှလည်း မိမိတို့ သမီး မိန်းကလေးဟာ အမှန်တကယ် လှပတဲ့ မိန်းကလေး စစ်စစ် ဖြစ်နိုင် ပါတယ်။ဒါကို တစ်ချို့က…တကယ် လှတဲ့ မိန်ကလေးတွေက ၊အိပ်ယာ ထရင်တောင် ၊ ကပိုကယို အလှလေးနဲ့ လှနေတာလို့ ထင်တတ်ကြ ပါတယ် ။

တကယ်တော့…မဟုတ် ပါဘူး ။

ဟိုး…အရင်က ရှေးလူကြီးတွေဟာ ကိုယ့်သားသမီးနဲ့ လက်ထပ် မယ့် မိန်းကလေး အိမ်ကို တစ်ရက်တန်သည် နှစ်ရက် တန် သည် သွား အိပ် တတ် ကြ သ တဲ့ ။

အမှန်က လေ့လာရေး ခရီးပေါ့နော်…

အထက်က ပြောခဲ့သလို အဲဒီ မိန်းကလေးက လုပ်ခဲ့ရင် ဒါဟာ သူတို့ သတ် မှတ် ထားတဲ့ ” မိန်းကလေး အလှ အိပ်ယာ ထ ” မြင်တွေ့ ရမှသာ…သူတို့ိရဲ့ အဖိုးတန် ချွေးမ အဖြစ် သတ် မှတ် ကြ ပါ တယ် ။

ဒီလောက်ဆိုရင်…

” မိန်းကလေးအလှ အိပ်ယာထ ” ဆိုတဲ့ စကားကို အားလုံး သဘောပေါက်ကြ လိမ့်မယ် ထင် ပါ တယ် ။

Credit:မေတ္တာဖြင့်…အရှင်ပုည( ဝကုန်း )

Zawgyi

မိန္းကေလးအလွ အိပ္ယာထ၏ အဓိပၸါယ္ (မသိေသးသူမ်ားရွယ္ထား)

မိန္းကေလး အလွ အိပ္ယာ ထ တဲ့။

ဒီ ဆို႐ိုးရဲ႕ အဓိပၸါယ္ကို မသိတဲ့သူေတြ ရွိေနၾက ပါလိမ့္ မယ္ ။ေရွးလူႀကီးေတြရဲ႕ အဆိုအရ မိန္းကေလး ရယ္လို႔ ျဖစ္လာ ခဲ့ၿပီ ဆိုရင္အ႐ြယ္ေရာက္ လာလို႔ အိပ္ယာႏိုးတဲ့ အခါမွာ ကိုယ္ လက္ သန႔္စင္မႈနဲ႔ အစျပဳ ရပါ တယ္ ။

ထို႔ေနာက္ မိမိအိမ္မွာ ရွိတဲ့ ဘုရားအား ပန္း ေရခ်မ္း ၊ ဆီမီးပူေဇာ္ျခင္း ၊ဘုရားဝတ္ျပဳျခင္း ၊ ရွိခိုး ထိုက္သူ ရွိခိုးပူေဇာ္ျခင္း စတဲ့ အလုံးစုံ ပူေဇာ္မႈေတြျဖင့္ ေန႔သစ္မွာ မဂၤလာ ယူရ ပါတယ္ ။

မိမိအိမ္ကို တံျမက္စည္း လွဲျခင္း ၊သန႔္ရွင္းမႈ အစုစုတို႔ျဖင့္ အိမ္၏ ဂုဏ္က်က္သေရ ျပည့္စုံေအာင္ ျပဳလုပ္ရ ပါတယ္ ။ပုဗၺာစရိယ မိႏွင့္ဖ ကလည္း မိမိ သမီးေလးမ်ားကို လက္ပြန္းတတီး သြန္သင္ ဆုံးမ ရပါတယ္ ။

ဒါမွလည္း မိမိတို႔ သမီး မိန္းကေလးဟာ အမွန္တကယ္ လွပတဲ့ မိန္းကေလး စစ္စစ္ ျဖစ္ႏိုင္ ပါတယ္။ဒါကို တစ္ခ်ိဳ႕က…တကယ္ လွတဲ့ မိန္ကေလးေတြက ၊အိပ္ယာ ထရင္ေတာင္ ၊ ကပိုကယို အလွေလးနဲ႔ လွေနတာလို႔ ထင္တတ္ၾက ပါတယ္ ။

တကယ္ေတာ့…မဟုတ္ ပါဘူး ။

ဟိုး…အရင္က ေရွးလူႀကီးေတြဟာ ကိုယ့္သားသမီးနဲ႔ လက္ထပ္ မယ့္ မိန္းကေလး အိမ္ကို တစ္ရက္တန္သည္ ႏွစ္ရက္ တန္ သည္ သြား အိပ္ တတ္ ၾက သ တဲ့ ။

အမွန္က ေလ့လာေရး ခရီးေပါ့ေနာ္…

အထက္က ေျပာခဲ့သလို အဲဒီ မိန္းကေလးက လုပ္ခဲ့ရင္ ဒါဟာ သူတို႔ သတ္ မွတ္ ထားတဲ့ ” မိန္းကေလး အလွ အိပ္ယာ ထ ” ျမင္ေတြ႕ ရမွသာ…သူတို႔ိရဲ႕ အဖိုးတန္ ေခြၽးမ အျဖစ္ သတ္ မွတ္ ၾက ပါ တယ္ ။

ဒီေလာက္ဆိုရင္…

” မိန္းကေလးအလွ အိပ္ယာထ ” ဆိုတဲ့ စကားကို အားလုံး သေဘာေပါက္ၾက လိမ့္မယ္ ထင္ ပါ တယ္ ။

Credit:ေမတၱာျဖင့္…အရွင္ပုည( ဝကုန္း )

Leave a Reply

Your email address will not be published. Required fields are marked *