ကိုရီးယားကိုရောက်တဲ့နေ့မှာပဲ သိမြင်လာရတဲ့ ကကြီး ခကွေးရဲ့ တန်ဖိုး…

အေထြအေထြဗဟုသုတ

ကိုရီးယားကိုရောက်တဲ့နေ့မှာပဲ သိမြင်လာရတဲ့ ကကြီး ခကွေးရဲ့ တန်ဖိုး…

ကိုရီးယား ရောက်တဲ့ နေ့မှာပဲ ကကြီး ခကွေးရဲ့ တန်ဖိုးကို သိရ ပါတော့တယ်။ ကကြီး ခကွေးအကြောင်း ကိုယ် ဘယ်လောက်သိလဲ အရင်ဆုံး စဉ်းစားကြည့်ပေးပါနော်။

ကကြီး ခကွေး ရွတ်တတ်ရုံ၊ ဗျည်း ၃၃ လုံး ရှိတယ် ဆိုတာ သိရုံထက် မပိုကြဘူး ထင်ပါတယ်။ ဒါဆို ကကြီးကို က၊ ခကွေးကိုခ၊ ဂငယ်ကို ဂ စသဖြင့် အသံ ထွက် ရွတ်ကြည့်လိုက်စမ်းပါ။

ရွတ်နေရင်း ကိုယ့်လျှာကို သတိ ထားကြည့်ပါ။ အာခေါင် ဘယ်နေရာထိလဲဆိုတာ။ တကယ် သတိထားရင် က ခ ဂ ဃ င မှာ လျှာဟာ တဖြည်းဖြည်း အတွင်းကို ပိုပို ရောက်လာတာ တွေ့ပါလိမ့်မယ်။

စ ဆ ဇ ဈည မှာလည်း ဒီအတိုင်းပဲနော်။ တ ထ ဒ ဓ န အသံထွက် ရွတ်ကြည့်ပါဦး။ လျှာထောက်တဲ့ နေရာ အတွင်းကို ရွေ့ ရွေ့သွားတယ်နော်။ပ ဖ ဗ ဘ မ ကြည့်မလား။ နှုတ်ခမ်းဖျားမှာ အသံထွက်တဲ့ အုပ်စုလေ။

သူလည်း ပါးစပ်ဖျားကနေ တဖြည်းဖြည်း နောက်ရောက် လာတာပါပဲ။ ဟ ဠ အ ကြည့်လိုက်။ ပါးစပ်ဖွင့် ပြောရတဲ့ အုပ်စု။ ကြည့်စမ်း။ မြန်မာစာ ဘယ်လောက် စနစ် ကျလိုက်လဲ။

အုပ်စု တူရာတွေ စုလို့၊ ရှေ့ကနောက်ကို လျှာထောက်တဲ့ နေရာတွေ ညီလို့။ ရှေး မြန်မာတွေရဲ့ တော်ချက်။ စနစ်ကျချက်။ ကကြီး ခကွေးမှာ တွေ့နိုင် ပါတယ်။

ဖြစ်တည်ချိန် ကြည့်မလား။ ရာဇကုမာရ်ကျောက်စာကနေ တွက်ရင် အနှစ် တစ်ထောင်ကျော်ပြီ။ ဒါတောင် ပျူစာသက်တမ်း ထည့် မတွက်သေးလို့။

ကိုရီးယားတွေမှာတော့ ၁၅ ရာစု အထိ သူတို့အက္ခရာ မရှိပါတဲ့။ စာရေးရင် တရုတ် စာလုံးတွေ ယူရေးရပါသတဲ့။

ဒါကို စိတ်မကောင်းတာနဲ့ ၁၄၄၆ မှာ ဆယ်ဂျုံး မင်းကြီးက ကိုရီးယား အက္ခရာ တီထွင်ပေးခဲ့လို့ ကိုရီးယားစာ ပေါ်လာ ပါသတဲ့။

ဆယ်ဂျုံးမင်းကြီး ကိုရီးယားစာ တီထွင်တဲ့ အောက်တိုဘာ ၉ ရက်နေ့ဟာ ကိုရီးယား အက္ခရာနေ့ ရုံးပိတ်ရက်ပါတဲ့။ ခုဆို သူတို့ အက္ခရာ သက်တမ်း နှစ် ခြောက်ရာ ရှိပြီတဲ့။

သူတို့က သူတို့စာ နှစ်ခြောက်ရာရှိတာ ဂုဏ်ယူနေချိန်မှာ ကျွန်တော်တို့ မြန်မာ လူငယ်တွေက မြန်မာစာကို ဘယ်လို သဘောထားနေကြပါသလဲ။

မြန်မာစာမေဂျာ ဆိုတာ ဆယ်တန်းအမှတ် အနည်းဆုံးတွေ အများစု သွားရာ နေရာပါ။ မြန်မာစာနဲ့ ကျောင်းပြီးရင် ဘာဖြစ်လဲ မေး။ ဘာမှ မဖြစ်ပါ။

ဟိုး အင်္ဂလိပ်ခေတ်မှာတော့ မြန်မာစာ ပါမောက္ခ ဦဖေမောင်တင် ဟာ အင်္ဂလိပ်တွေသာ ရတဲ့ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ရာထူးကို မြန်မာထဲက ပထမဆုံး ရခဲ့ပါတယ်။

ပထမဆုံး မြန်မာစာကျောင်းသား မောင်စိန်တင် (သိပ္ပံမောင်ဝ) ဟာ မြန်မာတွေကို ပေးခဲတဲ့ အိုင်စီအက်စ် ဖြစ်ခဲ့ပါတယ်။ လယ်တီဆရာတော်ကို D. Lit ဘွဲ့ ပေးခဲ့ပါတယ်။

ဒီအချိန်မှာ သခင်ဘသောင်းက ဗမာစာသည် တို့စာ၊ ဗမာစကားသည် တို့စကား၊ တို့စာကို ချီးမြှင့်ပါ၊ တို့စကားကို လေးစားပါလို့ ကြွေးကြော်ပြီး ဗမာတွေ ဗမာစာကိုချစ်ဖို့ လှုံ့ဆော်ခဲ့ပါတယ်။

အခုနေများ သခင်ဘသောင်းသာ ရှိသေးရင် ဘယ်လိုများ ကြွေးကြော်လိုက်လေမလဲ စဉ်းစားရင်း..(ဆယ်ဂျုံးဘုရင်ကြီး ရုပ်တုရှေ့မှာ ဓါတ်ပုံရိုက်ရင်း တွေးမိတဲ့ အတွေးလေးတွေပါ။)

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။

Crd

Zawgyi

ကိုရီးယားကိုေရာက္တဲ့ေန႔မွာပဲ သိျမင္လာရတဲ့ ကႀကီး ခေကြးရဲ႕ တန္ဖိုး…

ကိုရီးယား ေရာက္တဲ့ ေန႔မွာပဲ ကႀကီး ခေကြးရဲ႕ တန္ဖိုးကို သိရ ပါေတာ့တယ္။ ကႀကီး ခေကြးအေၾကာင္း ကိုယ္ ဘယ္ေလာက္သိလဲ အရင္ဆုံး စဥ္းစားၾကည့္ေပးပါေနာ္။

ကႀကီး ခေကြး ႐ြတ္တတ္႐ုံ၊ ဗ်ည္း ၃၃ လုံး ရွိတယ္ ဆိုတာ သိ႐ုံထက္ မပိုၾကဘူး ထင္ပါတယ္။ ဒါဆို ကႀကီးကို က၊ ခေကြးကိုခ၊ ဂငယ္ကို ဂ စသျဖင့္ အသံ ထြက္ ႐ြတ္ၾကည့္လိုက္စမ္းပါ။

႐ြတ္ေနရင္း ကိုယ့္လွ်ာကို သတိ ထားၾကည့္ပါ။ အာေခါင္ ဘယ္ေနရာထိလဲဆိုတာ။ တကယ္ သတိထားရင္ က ခ ဂ ဃ င မွာ လွ်ာဟာ တျဖည္းျဖည္း အတြင္းကို ပိုပို ေရာက္လာတာ ေတြ႕ပါလိမ့္မယ္။

စ ဆ ဇ ဈည မွာလည္း ဒီအတိုင္းပဲေနာ္။ တ ထ ဒ ဓ န အသံထြက္ ႐ြတ္ၾကည့္ပါဦး။ လွ်ာေထာက္တဲ့ ေနရာ အတြင္းကို ေ႐ြ႕ ေ႐ြ႕သြားတယ္ေနာ္။ပ ဖ ဗ ဘ မ ၾကည့္မလား။ ႏႈတ္ခမ္းဖ်ားမွာ အသံထြက္တဲ့ အုပ္စုေလ။

သူလည္း ပါးစပ္ဖ်ားကေန တျဖည္းျဖည္း ေနာက္ေရာက္ လာတာပါပဲ။ ဟ ဠ အ ၾကည့္လိုက္။ ပါးစပ္ဖြင့္ ေျပာရတဲ့ အုပ္စု။ ၾကည့္စမ္း။ ျမန္မာစာ ဘယ္ေလာက္ စနစ္ က်လိုက္လဲ။

အုပ္စု တူရာေတြ စုလို႔၊ ေရွ႕ကေနာက္ကို လွ်ာေထာက္တဲ့ ေနရာေတြ ညီလို႔။ ေရွး ျမန္မာေတြရဲ႕ ေတာ္ခ်က္။ စနစ္က်ခ်က္။ ကႀကီး ခေကြးမွာ ေတြ႕ႏိုင္ ပါတယ္။

ျဖစ္တည္ခ်ိန္ ၾကည့္မလား။ ရာဇကုမာရ္ေက်ာက္စာကေန တြက္ရင္ အႏွစ္ တစ္ေထာင္ေက်ာ္ၿပီ။ ဒါေတာင္ ပ်ဴစာသက္တမ္း ထည့္ မတြက္ေသးလို႔။

ကိုရီးယားေတြမွာေတာ့ ၁၅ ရာစု အထိ သူတို႔အကၡရာ မရွိပါတဲ့။ စာေရးရင္ တ႐ုတ္ စာလုံးေတြ ယူေရးရပါသတဲ့။

ဒါကို စိတ္မေကာင္းတာနဲ႔ ၁၄၄၆ မွာ ဆယ္ဂ်ဳံး မင္းႀကီးက ကိုရီးယား အကၡရာ တီထြင္ေပးခဲ့လို႔ ကိုရီးယားစာ ေပၚလာ ပါသတဲ့။

ဆယ္ဂ်ဳံးမင္းႀကီး ကိုရီးယားစာ တီထြင္တဲ့ ေအာက္တိုဘာ ၉ ရက္ေန႔ဟာ ကိုရီးယား အကၡရာေန႔ ႐ုံးပိတ္ရက္ပါတဲ့။ ခုဆို သူတို႔ အကၡရာ သက္တမ္း ႏွစ္ ေျခာက္ရာ ရွိၿပီတဲ့။

သူတို႔က သူတို႔စာ ႏွစ္ေျခာက္ရာရွိတာ ဂုဏ္ယူေနခ်ိန္မွာ ကြၽန္ေတာ္တို႔ ျမန္မာ လူငယ္ေတြက ျမန္မာစာကို ဘယ္လို သေဘာထားေနၾကပါသလဲ။

ျမန္မာစာေမဂ်ာ ဆိုတာ ဆယ္တန္းအမွတ္ အနည္းဆုံးေတြ အမ်ားစု သြားရာ ေနရာပါ။ ျမန္မာစာနဲ႔ ေက်ာင္းၿပီးရင္ ဘာျဖစ္လဲ ေမး။ ဘာမွ မျဖစ္ပါ။

ဟိုး အဂၤလိပ္ေခတ္မွာေတာ့ ျမန္မာစာ ပါေမာကၡ ဦေဖေမာင္တင္ ဟာ အဂၤလိပ္ေတြသာ ရတဲ့ ရန္ကုန္တကၠသိုလ္ ပါေမာကၡခ်ဳပ္ ရာထူးကို ျမန္မာထဲက ပထမဆုံး ရခဲ့ပါတယ္။

ပထမဆုံး ျမန္မာစာေက်ာင္းသား ေမာင္စိန္တင္ (သိပၸံေမာင္ဝ) ဟာ ျမန္မာေတြကို ေပးခဲတဲ့ အိုင္စီအက္စ္ ျဖစ္ခဲ့ပါတယ္။ လယ္တီဆရာေတာ္ကို D. Lit ဘြဲ႕ ေပးခဲ့ပါတယ္။

ဒီအခ်ိန္မွာ သခင္ဘေသာင္းက ဗမာစာသည္ တို႔စာ၊ ဗမာစကားသည္ တို႔စကား၊ တို႔စာကို ခ်ီးျမႇင့္ပါ၊ တို႔စကားကို ေလးစားပါလို႔ ေႂကြးေၾကာ္ၿပီး ဗမာေတြ ဗမာစာကိုခ်စ္ဖို႔ လႈံ႕ေဆာ္ခဲ့ပါတယ္။

အခုေနမ်ား သခင္ဘေသာင္းသာ ရွိေသးရင္ ဘယ္လိုမ်ား ေႂကြးေၾကာ္လိုက္ေလမလဲ စဥ္းစားရင္း..(ဆယ္ဂ်ဳံးဘုရင္ႀကီး ႐ုပ္တုေရွ႕မွာ ဓါတ္ပုံ႐ိုက္ရင္း ေတြးမိတဲ့ အေတြးေလးေတြပါ။)

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။ျပန္လည္မွ်ေဝျခင္းျဖစ္ပါသည္။

Crd

Leave a Reply

Your email address will not be published. Required fields are marked *