လက်ရှိတွဲနေတဲ့သူနဲ့ ရေစက်ပါမပါသိနိုင်မယ့်အချက်…
ရေစက်သာ ပါလာရင် ကြံဖန်ပြီးဆုံ ရသလိုပဲ ရေစက် မပါရင် ကြံဖန်ပြီးလွဲတယ် ဆိုတဲ့စကားလေး ကြားဖူးကြ မှာပါ။လူတိုင်း ကရေစက် ပါလို့တွေ့ဆုံ ကြသလိုပဲ ကိုယ့်ရဲ့ အိမ်ထောင်ဖက် ဆိုတာ လည်းအတိတ်ဘဝကဆုံဖူး ဆုတောင်း ခဲ့ဖူးတဲ့ ဆုတောင်းတွေကြောင့် အခုဘဝ မှာလက်တွဲ ဖော်အနေနဲ့ပြန်ဆုံတွေ့တယ်လို့ ယုံကြည် ကြပါ တယ်။
ဒီလိုပဲ ကိုယ်တစ်ကြိမ် တစ်ခါမှ မဆုံဖူးပါပဲ မြင်မြင် ချင်းချစ်မိတဲ့ အချစ်ဆိုတာအတိတ်ဘဝကရှေးရေစက်ကြောင့် ဖြစ်လာရတဲ့ အချစ်လို့ယုံ ကြည် ထားကြ ပါတယ်။သူနဲ့ကိုယ် နဲ့ရေစက် လားဆိုတာကို သိနိုင်တဲ့ အချက်လေးတွေ ရှိပါတယ်။
၁။ ပထမဆုံးဆုံတဲ့ အခါ ရင်းနှီးနေတဲ့ ခံစားချက်မျိုး
သူနဲ့ပထမ ဆုံးစတွေ့တဲ့ အချိန်မှာ အရင်ထဲ ကတွေ့ခဲ့ဖူးသလို တစ်နေရာမှာမြင်ဖူးခဲ့သလိုစိတ်ထဲမှာ ရင်းနှီးနေတဲ့ ခံစားချက်မျိုး ရလိုက် တာပါ။
မြင်မြင်ချင်း ချစ်မိတာမျိုး မဟုတ်ရင်တောင် ခဏလေး အတွင်းမှာအနှစ်နှစ် အလလက ခင်မင်ခဲ့ ဖူးသလိုမျိုး သံယောဇဉ်တွယ်ပြီး ချစ်မိ သွားတာမျိုးပါ။
တကယ်ရှေးရေစက် သာဆိုရင် စိတ်ချပါ သင့်အချစ်ကတစ်ဖက်သက်လုံး၀ မဟုတ်ပါဘူး သူဘက်ကလည်း သင့်လို တစ်ထပ်တည်း ခံစားရမှာပါ။
၂။ အကြောင်းအရင်း မတိုက်ဆိုင်ပါပဲ သူနဲ့ဆုံတွေ့ရတာမျိုး
အစမှာပြောခဲ့သလိုပါပဲ ရေစက် ပါလာရင် ရှောင်လွဲလို့မရပါဘူး။ ကြံဖန်ပြီးကိုဆုံရမှာပါ။
ပထမဆုံးတွေ့ရုံနဲ့ ရင်းနှီးတဲ့ ခံစားချက် မျိုးထက် သူက ကိုယ့်ရှေ့ကိုအကြောင်းအရင်းမတိုက်ဆိုင် ပါပဲ ခဏ ခဏရောက် လာတာမျိုးပါ။
မျက်လုံးချင်းဆုံတွေ့တဲ့ အခါ မျိုးမှာလည်း စကားသာ မပြောဖူး ရင်မပြောဖူးမယ် တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးပြီး သားဖြစ်နေ ပါပြီ။
၃။ Telepathy လို့ခေါ်တဲ့ စိတ်ချင်းဆက်နွယ်နေမှုမျိုး
ဒီအဆင့်ကတော့ ချစ်သူတွေဖြစ်ပြီး မှကြုံတွေ့ရတဲ့ အဆင့်ပါ။
မက်ဆေ့ပို့နေရင်း တူညီတဲ့စာ ကြောင်းလေးတွေပို့ မိတာမျိုး၊ ကိုယ်က သူ့ကို ဖုန်းဆက် ဖို့ဖုန်းဖွင့်လိုက်တဲ့ အချိန်
သူ့ဆီက ဖုန်းလာတာ မျိုးကိုယ်စားချင်တဲ့အစားအသောက်လေးတွေဆို မတောင်းဆိုပါပဲ သူကဝယ်လာပေးတာမျိုး ကြုံရမှာပါ။
တိုက်ဆိုင်မှုမဟုတ်ပါဘူး။ ဒါဟာသူနဲ့ကိုယ့်ကြားက ရှင်းပြဖို့ခက်တဲ့ စိတ်ချင်းဆက် နွယ်နေမှုမျိုးပါ။
၄။ စိတ်နေသဘောထားချင်း တူနေတာမျိုး
အကြောင်းအရာ တစ်ခုကို ဝေဖန်တဲ့ အခါမျိုး အမှားအမှန်ခွဲခြားတဲ့အခါမျိုးတွေမှာတောင်
သူနဲ့ကိုယ်က မတိုင်ပင် ထားပါပဲ အမြင်သဘော ထားတူညီနေတာ မျိုးပါ။ အမြင်တစ်ဖက်တည်းမှာ ရှိနေတာ မျိုးပါ။
Credit
Zawgyi
လက္ရွိတြဲေနတဲ့သူနဲ႔ ေရစက္ပါမပါသိႏိုင္မယ့္အခ်က္…
ေရစက္သာ ပါလာရင္ ႀကံဖန္ၿပီးဆုံ ရသလိုပဲ ေရစက္ မပါရင္ ႀကံဖန္ၿပီးလြဲတယ္ ဆိုတဲ့စကားေလး ၾကားဖူးၾက မွာပါ။လူတိုင္း ကေရစက္ ပါလို႔ေတြ႕ဆုံ ၾကသလိုပဲ ကိုယ့္ရဲ႕ အိမ္ေထာင္ဖက္ ဆိုတာ လည္းအတိတ္ဘဝကဆုံဖူး ဆုေတာင္း ခဲ့ဖူးတဲ့ ဆုေတာင္းေတြေၾကာင့္ အခုဘဝ မွာလက္တြဲ ေဖာ္အေနနဲ႔ျပန္ဆုံေတြ႕တယ္လို႔ ယုံၾကည္ ၾကပါ တယ္။
ဒီလိုပဲ ကိုယ္တစ္ႀကိမ္ တစ္ခါမွ မဆုံဖူးပါပဲ ျမင္ျမင္ ခ်င္းခ်စ္မိတဲ့ အခ်စ္ဆိုတာအတိတ္ဘဝကေရွးေရစက္ေၾကာင့္ ျဖစ္လာရတဲ့ အခ်စ္လို႔ယုံ ၾကည္ ထားၾက ပါတယ္။သူနဲ႔ကိုယ္ နဲ႔ေရစက္ လားဆိုတာကို သိႏိုင္တဲ့ အခ်က္ေလးေတြ ရွိပါတယ္။
၁။ ပထမဆုံးဆုံတဲ့ အခါ ရင္းႏွီးေနတဲ့ ခံစားခ်က္မ်ိဳး
သူနဲ႔ပထမ ဆုံးစေတြ႕တဲ့ အခ်ိန္မွာ အရင္ထဲ ကေတြ႕ခဲ့ဖူးသလို တစ္ေနရာမွာျမင္ဖူးခဲ့သလိုစိတ္ထဲမွာ ရင္းႏွီးေနတဲ့ ခံစားခ်က္မ်ိဳး ရလိုက္ တာပါ။
ျမင္ျမင္ခ်င္း ခ်စ္မိတာမ်ိဳး မဟုတ္ရင္ေတာင္ ခဏေလး အတြင္းမွာအႏွစ္ႏွစ္ အလလက ခင္မင္ခဲ့ ဖူးသလိုမ်ိဳး သံေယာဇဥ္တြယ္ၿပီး ခ်စ္မိ သြားတာမ်ိဳးပါ။
တကယ္ေရွးေရစက္ သာဆိုရင္ စိတ္ခ်ပါ သင့္အခ်စ္ကတစ္ဖက္သက္လုံး၀ မဟုတ္ပါဘူး သူဘက္ကလည္း သင့္လို တစ္ထပ္တည္း ခံစားရမွာပါ။
၂။ အေၾကာင္းအရင္း မတိုက္ဆိုင္ပါပဲ သူနဲ႔ဆုံေတြ႕ရတာမ်ိဳး
အစမွာေျပာခဲ့သလိုပါပဲ ေရစက္ ပါလာရင္ ေရွာင္လြဲလို႔မရပါဘူး။ ႀကံဖန္ၿပီးကိုဆုံရမွာပါ။
ပထမဆုံးေတြ႕႐ုံနဲ႔ ရင္းႏွီးတဲ့ ခံစားခ်က္ မ်ိဳးထက္ သူက ကိုယ့္ေရွ႕ကိုအေၾကာင္းအရင္းမတိုက္ဆိုင္ ပါပဲ ခဏ ခဏေရာက္ လာတာမ်ိဳးပါ။
မ်က္လုံးခ်င္းဆုံေတြ႕တဲ့ အခါ မ်ိဳးမွာလည္း စကားသာ မေျပာဖူး ရင္မေျပာဖူးမယ္ တစ္ေယာက္နဲ႔တစ္ေယာက္ ရင္းႏွီးၿပီး သားျဖစ္ေန ပါၿပီ။
၃။ Telepathy လို႔ေခၚတဲ့ စိတ္ခ်င္းဆက္ႏြယ္ေနမႈမ်ိဳး
ဒီအဆင့္ကေတာ့ ခ်စ္သူေတြျဖစ္ၿပီး မွႀကဳံေတြ႕ရတဲ့ အဆင့္ပါ။
မက္ေဆ့ပို႔ေနရင္း တူညီတဲ့စာ ေၾကာင္းေလးေတြပို႔ မိတာမ်ိဳး၊ ကိုယ္က သူ႔ကို ဖုန္းဆက္ ဖို႔ဖုန္းဖြင့္လိုက္တဲ့ အခ်ိန္
သူ႔ဆီက ဖုန္းလာတာ မ်ိဳးကိုယ္စားခ်င္တဲ့အစားအေသာက္ေလးေတြဆို မေတာင္းဆိုပါပဲ သူကဝယ္လာေပးတာမ်ိဳး ႀကဳံရမွာပါ။
တိုက္ဆိုင္မႈမဟုတ္ပါဘူး။ ဒါဟာသူနဲ႔ကိုယ့္ၾကားက ရွင္းျပဖို႔ခက္တဲ့ စိတ္ခ်င္းဆက္ ႏြယ္ေနမႈမ်ိဳးပါ။
၄။ စိတ္ေနသေဘာထားခ်င္း တူေနတာမ်ိဳး
အေၾကာင္းအရာ တစ္ခုကို ေဝဖန္တဲ့ အခါမ်ိဳး အမွားအမွန္ခြဲျခားတဲ့အခါမ်ိဳးေတြမွာေတာင္
သူနဲ႔ကိုယ္က မတိုင္ပင္ ထားပါပဲ အျမင္သေဘာ ထားတူညီေနတာ မ်ိဳးပါ။ အျမင္တစ္ဖက္တည္းမွာ ရွိေနတာ မ်ိဳးပါ။
Credit