ဆံပင်ဖြူလို့ စိတ်ညစ်နေပြီလား။ ဆံပင်အဖြူတွေကိုဖုံးအုပ်ပစ်ဖို့ ဓာတုပစ္စည်းတွေပါဝင်တဲ့ဆိုးဆေးတွေအသုံးပြုရတာ ပင်ပန်းနေပြီလား။ ဆံပင်ဖြူတာတွေကို သဘာဝအတိုင်းမည်းနက်သွားချင်ရင်တော့ နည်းလမ်းတွေရှိပါတယ်။ ဆံပင်နဲ့ပတ်သက်ပြီး ရေနွေးကြမ်းရဲ့အသုံးဝင်ပုံတွေက အံ့အားသင့်စရာပါပဲ။ သင့်ရဲ့ဆံပင်ဖြူတွေကို ပြန်လည်နက်မှောင်သွားစေမယ့် ရေနွေးကြမ်းရဲ့အစွမ်းသတ္တိတွေကို ပြောပြပေးလိုက်ပါတယ်။
ရေနွေးကြမ်းက ဆံပင်ကို နက်မှောင်စေနိုင်တဲ့ တန်နစ်အက်ဆစ် (tannic acid) ပါဝင်ပါတယ်။ လက်ဖက်ခြောက်များတဲ့ရေနွေးကြမ်းကို အအေးခံပြီး ဆံပင်ပေါ်လောင်ချလိုက်ပါ။ ရေနွေးနွေးလေးနဲ့ လျှော်မပစ်ခင် မိနစ် (၃၀) လောက် ထားလိုက်ရမှာဖြစ်ပါတယ်။
ကော်ဖီနဲ့ ရေနွေးကြမ်း
ရေနွေးကြမ်းနဲ့ ကော်ဖီကို ရောစပ်ခြင်းကလည်း ဆံသားကို နက်မှောင်စေနိုင်ပါတယ်။ ကျွန်မတို့လုပ်ရမှာက ရေနွေးကြမ်းထဲကို ကော်ဖီမှုန့် (လက်ဖက်ရည်ဇွန်း (၃) ဇွန်း) ကို ထည့်လိုက်ရမှာပါ။ အဲဒီအရောနှောကို (၅) မိနစ်လောက် ပြုတ်ပေးလိုက်ပါ။ အရောအနှော အေးသွားတဲ့အခါ ဘရက်ရှ်နဲ့ သုတ်လိမ်းလိုက်ပါ။ အဲဒီနောက် (၁) နာရီလောက်ထားပြီး ရိုးရိုးရေနဲ့ ခေါင်းလျှော်လိုက်ရမှာဖြစ်ပါတယ်။
ဆေးဘက်ဝင်အပင်တွေနဲ့ ရေနွေးကြမ်း
Rosemary ချုံပင်အရွက်၊ တောရှုံးပင်အရွက်တွေနဲ့ ရေနွေးကြမ်းကိုရောပြီး ပြုတ်လိုက်ပါ။ အဲဒီနောက် သင့်ဆံပင်ကို အဲဒီအရောအနှောတွေ လိမ်းလိုက်ပြီး ဆံပင်အရှည်ပေါ်မူတည်ပြီး အနည်းဆုံး (၁-၂) နာရီလောက်ထားလိုက်ပါ။ ပြီးရင် ရိုရိုးရေနဲ့ ခေါင်းလျှော်လိုက်ရမှာဖြစ်ပါတယ်။
ရေနွေးကြမ်းနဲ့ပင်စိမ်း
ရေနွေးကြမ်း (စားပွဲတင်ဇွန်း (၅) ဇွန်း) နဲ့ ပင်စိမ်းရွက် (ငါးရွက်)တို့ကို ရောနှောပြုတ်လိုက်ပါ။ လတ်ဆတ်တဲ့သံပုရာရည်စက်အနည်းငယ်ကိုလည်း ရေထည့်လို့ရပါတယ်။ အဲဒီအရောအနှောတွေက ဆံပင်ဖြူတွေကို ပြန်လည်နက်မှောင်လာစေပါတယ်။
Credit
Zawgyi
ဆံပင္ျဖဴလို႔ စိတ္ညစ္ေနၿပီလား။ ဆံပင္အျဖဴေတြကိုဖုံးအုပ္ပစ္ဖို႔ ဓာတုပစၥည္းေတြပါဝင္တဲ့ဆိုးေဆးေတြအသုံးျပဳရတာ ပင္ပန္းေနၿပီလား။ ဆံပင္ျဖဴတာေတြကို သဘာဝအတိုင္းမည္းနက္သြားခ်င္ရင္ေတာ့ နည္းလမ္းေတြရွိပါတယ္။ ဆံပင္နဲ႔ပတ္သက္ၿပီး ေရေႏြးၾကမ္းရဲ႕အသုံးဝင္ပုံေတြက အံ့အားသင့္စရာပါပဲ။ သင့္ရဲ႕ဆံပင္ျဖဴေတြကို ျပန္လည္နက္ေမွာင္သြားေစမယ့္ ေရေႏြးၾကမ္းရဲ႕အစြမ္းသတၱိေတြကို ေျပာျပေပးလိုက္ပါတယ္။
ေရေႏြးၾကမ္းက ဆံပင္ကို နက္ေမွာင္ေစႏိုင္တဲ့ တန္နစ္အက္ဆစ္ (tannic acid) ပါဝင္ပါတယ္။ လက္ဖက္ေျခာက္မ်ားတဲ့ေရေႏြးၾကမ္းကို အေအးခံၿပီး ဆံပင္ေပၚေလာင္ခ်လိုက္ပါ။ ေရေႏြးေႏြးေလးနဲ႔ ေလွ်ာ္မပစ္ခင္ မိနစ္ (၃၀) ေလာက္ ထားလိုက္ရမွာျဖစ္ပါတယ္။
ေကာ္ဖီနဲ႔ ေရေႏြးၾကမ္း
ေရေႏြးၾကမ္းနဲ႔ ေကာ္ဖီကို ေရာစပ္ျခင္းကလည္း ဆံသားကို နက္ေမွာင္ေစႏိုင္ပါတယ္။ ကြၽန္မတို႔လုပ္ရမွာက ေရေႏြးၾကမ္းထဲကို ေကာ္ဖီမႈန႔္ (လက္ဖက္ရည္ဇြန္း (၃) ဇြန္း) ကို ထည့္လိုက္ရမွာပါ။ အဲဒီအေရာေႏွာကို (၅) မိနစ္ေလာက္ ျပဳတ္ေပးလိုက္ပါ။ အေရာအေႏွာ ေအးသြားတဲ့အခါ ဘရက္ရွ္နဲ႔ သုတ္လိမ္းလိုက္ပါ။ အဲဒီေနာက္ (၁) နာရီေလာက္ထားၿပီး ႐ိုး႐ိုးေရနဲ႔ ေခါင္းေလွ်ာ္လိုက္ရမွာျဖစ္ပါတယ္။
ေဆးဘက္ဝင္အပင္ေတြနဲ႔ ေရေႏြးၾကမ္း
Rosemary ခ်ဳံပင္အ႐ြက္၊ ေတာရႈံးပင္အ႐ြက္ေတြနဲ႔ ေရေႏြးၾကမ္းကိုေရာၿပီး ျပဳတ္လိုက္ပါ။ အဲဒီေနာက္ သင့္ဆံပင္ကို အဲဒီအေရာအေႏွာေတြ လိမ္းလိုက္ၿပီး ဆံပင္အရွည္ေပၚမူတည္ၿပီး အနည္းဆုံး (၁-၂) နာရီေလာက္ထားလိုက္ပါ။ ၿပီးရင္ ႐ို႐ိုးေရနဲ႔ ေခါင္းေလွ်ာ္လိုက္ရမွာျဖစ္ပါတယ္။
ေရေႏြးၾကမ္းနဲ႔ပင္စိမ္း
ေရေႏြးၾကမ္း (စားပြဲတင္ဇြန္း (၅) ဇြန္း) နဲ႔ ပင္စိမ္း႐ြက္ (ငါး႐ြက္)တို႔ကို ေရာေႏွာျပဳတ္လိုက္ပါ။ လတ္ဆတ္တဲ့သံပုရာရည္စက္အနည္းငယ္ကိုလည္း ေရထည့္လို႔ရပါတယ္။ အဲဒီအေရာအေႏွာေတြက ဆံပင္ျဖဴေတြကို ျပန္လည္နက္ေမွာင္လာေစပါတယ္။
Credit
Zawgyi