မင်းတုန်းမင်းနန်းတက်စဥ်က နန်းတော်ထဲမှ ရွှေနန်းပျော်သမီးတော်များ ၏ တစ်နေ့တာ အကြောင်း

အေထြအေထြဗဟုသုတ

မင်းတုန်းမင်းတရားကြီးသည် နန်းတွင်းမှာလည်း နန်းတွင်းအလိုက်၊ နန်းပြင် တွင်လည်းနန်းပြင်အလိုက် အထောက်တော် များထားသည်ဟု သိရ၏။နန်းတွင်း အထောက်တော်များတွင် မြတောင် စုဖုရား (စုဖုရားလတ်) ငယ်စဉ်က အထောက် တော်အဖြစ် ဆောင်ရွက်ရသည်ဟု သိရပါသည်။

ထိုကြောင့်သမီးတော်ကလေး များထဲ၌လည်း ထက်မြက်သူများကို မင်းတရားကြီးက အထောက်တော် အဖြစ် တာ၀န်ထမ်းဆောင်ခိုင်းသည်ဟု တွေ့ရ ပါသည်။မိဖုရားကြီးများ၏ အဆောင် များတွင် ပြင်သစ်၊ အင်္ဂလိပ် အာမီနီယမ် လူပျိုအပျိုတော်များ ၀င်ရောက်ခစား ကြသည်။ ထိုအနောက်တိုင်း အပျိုတော် များသည် တက်တင်းဇာ တစ်ချောင်းထိုး နည်း၊ သိုးမွေး နှစ်ချောင်းထိုးနည်းများကို လုပ်ဆောင်ပြ၍ ဆက်သကြသည်။

ဤတွင်စင်္ကြာဒေဝီ မိဖုရားခေါင်ကြီး သည် ရွှေနန်းပျော်သမီးတော်များကို အနောက် တိုင်းမှ တက်တင်းဇာထိုးနည်း၊ သိုးမွေး နှစ်ချောင်းထိုးနည်းများကို သင်ယူစေသည်။ ဤကိစ္စ၌ သမီးတော်များအားလုံး သင်ကြရ သည်မဟုတ်ပါ။ စိတ်ပါ၀င်စားသော သမီး တော်များသာသင်ကြရသည်ဟု သိရပါ သည်။

စင်္ကြာဒေဝီ မိဖုရားခေါင်ကြီးက စလင်းစုဖုရား၊ မိုင်းနောင်စုဖုရားနှင့် မြ တောင်စုဖုရားတို့ကို ခေတ်မီသင်္ချာ တွက် နည်းများကိုလည်း သင်ကြားစေသည်။ စလင်းစုဖုရားအား ရွှေတိုက်တော် စာရင်း၊ မိုင်းနောင်စုဖုရားအား ငွေတိုက်တော်စာရင်း၊ မြတောင်စုဖုရားအား ဝါတော် စာရင်းများကို သီးခြားကိုင်စေ၍ တာ၀န်ထမ်းဆောင် စေသည်။

ရွှေတိုက်စာရင်း ဆိုရာ၌ နှစ်စဉ် ရွှေထွက်သော ဒေသများမှ ရွှေခွန်မှူးများ လာရောက် ဆက်သသော ရွှေ၊ လက်ဆောင် ယူမှူးများမှ တစ်ဆင့်လာသော အရပ်ရပ်မှ ဆက်သသည့် ရွှေများကို အ၀င်ရွှေ အဖြစ် လည်းကောင်း၊ ဘုရားကျောင်း ကန်များသို့ လှူသောရွှေ၊ နန်းသုံး ပစ္စည်းနှင့် ရုပ်တုများ လုပ်ရန်ရွှေ၊ သားတော် သမီးတော်များကို လက်ဖွဲ့သော ရွှေစသည်တို့ကို အထွက်ရွှေဖြင့် လည်းကောင်း၊ အလေးချိန်အတိ အကျ စာရင်းကိုင်ရသည်။

ငွေတိုက်တော် စာရင်းဆိုရာ၌ အထက်ပါ အတိုင်း ငွေခွန် မှူးဆက်သသော ငွေနှင့် အရပ်ရပ် အခွန်တော်မှ သွင်းသောငွေများကို အ၀င်ငွေ အဖြစ်လည်းကောင်း၊ အရပ်ရပ် သုံးငွေများ ကို အထွက်ငွေအဖြစ်လည်းကောင်း စာရင်းကိုင်ရခြင်းဖြစ်သည်။

မြတောင်စုဖုရားကိုင်ရသော ဝါတော် စာရင်းဆိုရာ၌ နန်းတွင်းသုံး သာမက၊ ပြည်ပ အ၀ယ်တော်များကို ရောင်းချခြင်း များပါ ကိုင်တွယ်စစ်ဆေးရခြင်းဖြစ်သည်။ ဝါတော် အ၀င်ထွက်၊ စာရင်းများကို ဆိုင်ရာ စာရေးတော်များ၊ အကောက်အရာရှိ များက တစ်လတစ်ကြိမ်ဆက်သလျက် စစ် ဆေးခံကြရမြဲဖြစ်သည်။

ထိုခေတ်က “ရွှေနှင့် ငွေထက် ဝါက ပိုလေးသည်” ဟူ သော စကားရှိ၏။ အဓိပ္ပာယ်မှာ ရွှေစာရင်း ကိုင်ရသော စလင်းစုဖုရားနှင့် ငွေတော် စာရင်းကိုင်ရသော မိုင်းနောင် စုဖုရားတို့သည် အနည်းအကျဉ်း ချွတ်ချော် လွှဲမှားလျှင် အထိုက်အလျောက် သက်သာခွင့်ရ နိုင်သေးသည်။ဝါတော်စာရင်းကိုင် မြတောင်စုဖုရားကားအလွန် တိကျပြတ်သား၍ လုံး၀ အမှားမခံ၊ စာရင်းလွဲလျှင် ဆိုင်ရာသို့ ပို့အပ်တတ်သည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။

မှတ်ချက်။ ။ ဤနေရာ၌ မြတောင် စုဖုရား (စုဖုရားလတ်)ကိုင်ရသည့် စာရင်းမှာ ဝါစာရင်း မဟုတ်၊ နောင်အခါ နန်းကျမိဖုရား ခေါင်ကြီး ဘ၀တွင်၊ သူကိုင်ရသည်မှာ ဆီတော်စာရင်း ဟူ၍ မိန့်တော်မူကြောင်း ရှိခဲ့ သဖြင့် မြတောင်စုဖုရား ကိုင်ရသည်မှာ ဆီတော်စာရင်း ဟူ၍ အငြင်းပွားမှု ရှိပါသည်။မည်သို့ပင်ဆိုစေ ရွှေနန်းပျော် သမီးတော်များသည် အများ ထင်သကဲ့သို့ နန်း တော်ပေါ်တွင် လှပစွာပြင်ဆင်ကာ အကောင်းဆုံး အနေအစားဖြင့် ရွှေနန်းစည်း စိမ်ကိုချည်းခံစား၊ စံစားနေကြသူများ မဟုတ်ပါ။

ရွှေနန်းပျော် သမီးတော်များသည် သာမန် အရပ်သူ အမျိုးသမီးများကဲ့သို့ပင် စာပေသင်ကြားရေးမှ အစ၊ အလုပ်တာ၀န် ၀တ္တရား၊ ကိုယ်စီ ထမ်းဆောင်ကာ၊ စားချိန်၊ နားချိန်၊ အလုပ်ချိန်များဖြင့် စနစ်တကျ နေထိုင်ကြရသူများ ဖြစ်ကြောင်းကို သိရပါသည်။

ကိုးကား-

၁။ ရွှေဘိုမိမိကြီး-“ရွှေရည်မင်းစံ ဆောင်းပါးများ”

၂။ မောင်သန်းဆွေ (ထား၀ယ်) – “ထီးရနံ့၊ နန်းရနံ့”

၃။ မောင်သန်းဆွေ (ထား၀ယ်)- “ဟင်္ဂမော် ထိပ်ခေါင်တင်ရေးမင်း တုန်းမင်းတရားကြီး၏နေ့စဉ်မှတ်တမ်း။

၄။ ဒဂုန်ခင်ခင်လေး၏ “အမျိုးသမီး အနုပညာရှင်များ

Crd,

Zawgyi

မင္းတုန္းမင္းတရားႀကီးသည္ နန္းတြင္းမွာလည္း နန္းတြင္းအလိုက္၊ နန္းျပင္ တြင္လည္းနန္းျပင္အလိုက္ အေထာက္ေတာ္ မ်ားထားသည္ဟု သိရ၏။နန္းတြင္း အေထာက္ေတာ္မ်ားတြင္ ျမေတာင္ စုဖုရား (စုဖုရားလတ္) ငယ္စဥ္က အေထာက္ ေတာ္အျဖစ္ ေဆာင္႐ြက္ရသည္ဟု သိရပါသည္။

ထိုေၾကာင့္သမီးေတာ္ကေလး မ်ားထဲ၌လည္း ထက္ျမက္သူမ်ားကို မင္းတရားႀကီးက အေထာက္ေတာ္ အျဖစ္ တာ၀န္ထမ္းေဆာင္ခိုင္းသည္ဟု ေတြ႕ရ ပါသည္။မိဖုရားႀကီးမ်ား၏ အေဆာင္ မ်ားတြင္ ျပင္သစ္၊ အဂၤလိပ္ အာမီနီယမ္ လူပ်ိဳအပ်ိဳေတာ္မ်ား ၀င္ေရာက္ခစား ၾကသည္။ ထိုအေနာက္တိုင္း အပ်ိဳေတာ္ မ်ားသည္ တက္တင္းဇာ တစ္ေခ်ာင္းထိုး နည္း၊ သိုးေမြး ႏွစ္ေခ်ာင္းထိုးနည္းမ်ားကို လုပ္ေဆာင္ျပ၍ ဆက္သၾကသည္။

ဤတြင္စၾကၤာေဒဝီ မိဖုရားေခါင္ႀကီး သည္ ေ႐ႊနန္းေပ်ာ္သမီးေတာ္မ်ားကို အေနာက္ တိုင္းမွ တက္တင္းဇာထိုးနည္း၊ သိုးေမြး ႏွစ္ေခ်ာင္းထိုးနည္းမ်ားကို သင္ယူေစသည္။ ဤကိစၥ၌ သမီးေတာ္မ်ားအားလုံး သင္ၾကရ သည္မဟုတ္ပါ။ စိတ္ပါ၀င္စားေသာ သမီး ေတာ္မ်ားသာသင္ၾကရသည္ဟု သိရပါ သည္။

စၾကၤာေဒဝီ မိဖုရားေခါင္ႀကီးက စလင္းစုဖုရား၊ မိုင္းေနာင္စုဖုရားႏွင့္ ျမ ေတာင္စုဖုရားတို႔ကို ေခတ္မီသခ်ၤာ တြက္ နည္းမ်ားကိုလည္း သင္ၾကားေစသည္။ စလင္းစုဖုရားအား ေ႐ႊတိုက္ေတာ္ စာရင္း၊ မိုင္းေနာင္စုဖုရားအား ေငြတိုက္ေတာ္စာရင္း၊ ျမေတာင္စုဖုရားအား ဝါေတာ္ စာရင္းမ်ားကို သီးျခားကိုင္ေစ၍ တာ၀န္ထမ္းေဆာင္ ေစသည္။

ေ႐ႊတိုက္စာရင္း ဆိုရာ၌ ႏွစ္စဥ္ ေ႐ႊထြက္ေသာ ေဒသမ်ားမွ ေ႐ႊခြန္မႉးမ်ား လာေရာက္ ဆက္သေသာ ေ႐ႊ၊ လက္ေဆာင္ ယူမႉးမ်ားမွ တစ္ဆင့္လာေသာ အရပ္ရပ္မွ ဆက္သသည့္ ေ႐ႊမ်ားကို အ၀င္ေ႐ႊ အျဖစ္ လည္းေကာင္း၊ ဘုရားေက်ာင္း ကန္မ်ားသို႔ လႉေသာေ႐ႊ၊ နန္းသုံး ပစၥည္းႏွင့္ ႐ုပ္တုမ်ား လုပ္ရန္ေ႐ႊ၊ သားေတာ္ သမီးေတာ္မ်ားကို လက္ဖြဲ႕ေသာ ေ႐ႊစသည္တို႔ကို အထြက္ေ႐ႊျဖင့္ လည္းေကာင္း၊ အေလးခ်ိန္အတိ အက် စာရင္းကိုင္ရသည္။

ေငြတိုက္ေတာ္ စာရင္းဆိုရာ၌ အထက္ပါ အတိုင္း ေငြခြန္ မႉးဆက္သေသာ ေငြႏွင့္ အရပ္ရပ္ အခြန္ေတာ္မွ သြင္းေသာေငြမ်ားကို အ၀င္ေငြ အျဖစ္လည္းေကာင္း၊ အရပ္ရပ္ သုံးေငြမ်ား ကို အထြက္ေငြအျဖစ္လည္းေကာင္း စာရင္းကိုင္ရျခင္းျဖစ္သည္။

ျမေတာင္စုဖုရားကိုင္ရေသာ ဝါေတာ္ စာရင္းဆိုရာ၌ နန္းတြင္းသုံး သာမက၊ ျပည္ပ အ၀ယ္ေတာ္မ်ားကို ေရာင္းခ်ျခင္း မ်ားပါ ကိုင္တြယ္စစ္ေဆးရျခင္းျဖစ္သည္။ ဝါေတာ္ အ၀င္ထြက္၊ စာရင္းမ်ားကို ဆိုင္ရာ စာေရးေတာ္မ်ား၊ အေကာက္အရာရွိ မ်ားက တစ္လတစ္ႀကိမ္ဆက္သလ်က္ စစ္ ေဆးခံၾကရၿမဲျဖစ္သည္။

ထိုေခတ္က “ေ႐ႊႏွင့္ ေငြထက္ ဝါက ပိုေလးသည္” ဟူ ေသာ စကားရွိ၏။ အဓိပၸာယ္မွာ ေ႐ႊစာရင္း ကိုင္ရေသာ စလင္းစုဖုရားႏွင့္ ေငြေတာ္ စာရင္းကိုင္ရေသာ မိုင္းေနာင္ စုဖုရားတို႔သည္ အနည္းအက်ဥ္း ခြၽတ္ေခ်ာ္ လႊဲမွားလွ်င္ အထိုက္အေလ်ာက္ သက္သာခြင့္ရ ႏိုင္ေသးသည္။ဝါေတာ္စာရင္းကိုင္ ျမေတာင္စုဖုရားကားအလြန္ တိက်ျပတ္သား၍ လုံး၀ အမွားမခံ၊ စာရင္းလြဲလွ်င္ ဆိုင္ရာသို႔ ပို႔အပ္တတ္သည္ဟု ဆိုလိုျခင္း ျဖစ္ပါသည္။

မွတ္ခ်က္။ ။ ဤေနရာ၌ ျမေတာင္ စုဖုရား (စုဖုရားလတ္)ကိုင္ရသည့္ စာရင္းမွာ ဝါစာရင္း မဟုတ္၊ ေနာင္အခါ နန္းက်မိဖုရား ေခါင္ႀကီး ဘ၀တြင္၊ သူကိုင္ရသည္မွာ ဆီေတာ္စာရင္း ဟူ၍ မိန႔္ေတာ္မူေၾကာင္း ရွိခဲ့ သျဖင့္ ျမေတာင္စုဖုရား ကိုင္ရသည္မွာ ဆီေတာ္စာရင္း ဟူ၍ အျငင္းပြားမႈ ရွိပါသည္။မည္သို႔ပင္ဆိုေစ ေ႐ႊနန္းေပ်ာ္ သမီးေတာ္မ်ားသည္ အမ်ား ထင္သကဲ့သို႔ နန္း ေတာ္ေပၚတြင္ လွပစြာျပင္ဆင္ကာ အေကာင္းဆုံး အေနအစားျဖင့္ ေ႐ႊနန္းစည္း စိမ္ကိုခ်ည္းခံစား၊ စံစားေနၾကသူမ်ား မဟုတ္ပါ။

ေ႐ႊနန္းေပ်ာ္ သမီးေတာ္မ်ားသည္ သာမန္ အရပ္သူ အမ်ိဳးသမီးမ်ားကဲ့သို႔ပင္ စာေပသင္ၾကားေရးမွ အစ၊ အလုပ္တာ၀န္ ၀တၱရား၊ ကိုယ္စီ ထမ္းေဆာင္ကာ၊ စားခ်ိန္၊ နားခ်ိန္၊ အလုပ္ခ်ိန္မ်ားျဖင့္ စနစ္တက် ေနထိုင္ၾကရသူမ်ား ျဖစ္ေၾကာင္းကို သိရပါသည္။

ကိုးကား-

၁။ ေ႐ႊဘိုမိမိႀကီး-“ေ႐ႊရည္မင္းစံ ေဆာင္းပါးမ်ား”

၂။ ေမာင္သန္းေဆြ (ထား၀ယ္) – “ထီးရနံ႔၊ နန္းရနံ႔”

၃။ ေမာင္သန္းေဆြ (ထား၀ယ္)- “ဟဂၤေမာ္ ထိပ္ေခါင္တင္ေရးမင္း တုန္းမင္းတရားႀကီး၏ေန႔စဥ္မွတ္တမ္း။

၄။ ဒဂုန္ခင္ခင္ေလး၏ “အမ်ိဳးသမီး အႏုပညာရွင္မ်ား

Crd,

Leave a Reply

Your email address will not be published. Required fields are marked *